ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရုရှားနှင့် တရုတ် ကဏ္ဍပေါင်းစုံတွင် အပြန်အလှန် ကူညီကြမည်ဟု ပူတင်ပြော

Dawei Watch

May 19, 2026

မော်စကိုနှင့် ဘေဂျင်းအကြား နီးကပ်သည့် မဟာဗျူဟာမြောက် ချိတ်ဆက်မှုက ကမ္ဘာ့အခင်းအကျင်း တည်ငြိမ်မှုရရှိစေမည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ရေး နှစ်ကရင်ရွာက ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

May 19, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာ၊ ဘူတာပိုင်းရပ်ကွက်တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့ မေလ ၁၈ရက် ညနေ ၄ နာရီခန့်က နှစ်ကရင်ကျေးရွာ၊ ဘူတာပိုင်းနေ အသက် ၅၈ နှစ်အရွယ် ရာအိမ်မှူး ဦးဇော်လွင်ကို အမည်မသိ သေနတ်သမားနှစ်ဦးက နေအိမ်တွင် သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ရာအိမ်မှူး အိမ်ရှေ့တွင် ကုန်စုံဆိုင်ဖွင့်ထားပြီး သေနတ်သမားနှစ်ဦးက ဈေးဝယ် ဟန်ဆောင်ပြီး နေအိမ်သို့ ဝင်ရောက်ပြီး ပစ်ခတ်ကြောင်း ၎င်းတို့ ပြောဆိုသည်။ “သူ့အိမ်က စျေးဆိုင်ဖွင့်ထားတော့ လူစုံတယ်လေ။ သေနတ်သမားတွေကိုလည်း ‌စျေးဝယ်တွေ အထင်နဲ့ပေါ့။ အဲဒီလူတွေက ဝင်သွားပြီးတော့ သေနတ်နဲ့ပစ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် […]

ရေးတွင် ပြည်သူ့စစ်အဖွဲ့က ရေလုပ်သားများကို ဖမ်းဆီးပြီး ငွေကြေးတောင်းခံနေ

Dawei Watch

May 19, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ရေလုပ်သားများကို မကြာခဏ ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှု ပြုလုပ်နေကြောင်း ရေလုပ်သားများနှင့် နီးစပ်သည့် ဒေသခံများထံမှ သိရသည်။ မိုးရာသီတွင် ငါးဖမ်းလုပ်ငန်းများ ရပ်နားကြသည့်အတွက် အစင်ကျေးရွာ၌ လာရောက်လုပ်ကိုင်နေကြသည့် ရေလုပ်သားများ နေရပ်ပြန်ကြသည့်အချိန်တွင် ပြည်သူ့စစ်အဖွဲ့က စစ်ဆေးရေးဂိတ်၌ စောင့်ဆိုင်းကာ ဖမ်းဆီးငွေကြေးတောင်းခံနေခြင်း ဖြစ်သည်။ ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ကလည်း နေရပ်ပြန်ကြမည့် ရေလုပ်သား ၅၀ ဦးခန့်ကို ပြည်သူ့စစ်ခေါင်းဆောင် စောနိုင်ထွေးဆိုသူ ဦးဆောင်သည့်အဖွဲ့က ရေး-အစင်လမ်း၊ မွေးမြူရေးဇုန် စစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းဖမ်းဆီးခဲ့သည်။ ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးထားသည့် ရေလုပ်သားများကို တစ်ညထိန်းသိမ်းထားပြီး မေလ ၁၅ ရက်နေ့တွင် တစ်ဦးလျှင် ကျပ်နှစ်သိန်းစီ တောင်းခံကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ပြည်သူ့စစ်အဖွဲ့က […]

မောတောင် အမှတ်၆ရွာရှိ စစ်‌ရှောင်များနှင့် ရဟန်းများကို စစ်အာဏာရှင်တပ်ဖမ်းဆီး

Dawei Watch

May 18, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ အမှတ်၆ ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များနှင့် ရဟန်းများကို ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။ တနင်္သာရီ-မောတောင်လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်အာဏာရှင် တပ်သည် မေလ ၁၆ ရက် မွန်းလွဲ ၂နာရီတွင် အမှတ်၆ရွာရှိ ဘုန်းကြီးကျောင်း နှစ်ကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် များကို ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါ ဘုန်းကြီးကျောင်းနှစ်ကျောင်းတွင် အမှတ်၉ရွာ၊ အမှတ်၈ရွာနှင့် အမှတ်၆ရွာအနီးဝန်းကျင်က ဒေသခံ တစ်ရာကျော် ခိုလှုံနေကြကြောင်း ၎င်းက ပြောဆိုသည်။ “(ဖမ်းထားတာမှာ) ဘုန်းကြီးတွေလည်း ပါသွားတယ်။ (ဆက်သွယ်ရေး) လိုင်းတွေလည်း မရှိတော့ နောက်ဆက်တွဲ ထပ်မသိရတော့ဘူး။ အရင်က ဆက်သွယ်နေတဲ့သူတွေနဲ့လည်း ဆက်သွယ်ပြတ်ကုန်ပြီ” ဟု အထက်ပါ ဒေသခံက […]

ကံပေါက်တွင် စျေးဆိုင်နှင့် နေအိမ်များ ဖောက်ထွင်းခံရ

Dawei Watch

May 18, 2026

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာတွင် ယမန်နေ့ မေလ ၁၇ ရက် ညက ကံပေါက်စျေးရှိသည့် မဂ္ဂင်ရပ်ကွက်နှင့် ဗိုလ်ချုပ် ရပ်ကွက်တို့တွင် စျေးဆိုင်နှင့် နေအိမ်များ ဆက်တိုက်ဖောက်ထွင်းခံရကြောင်း ဒေသခံများထံမှ သိရသည်။ ကံပေါက်စျေးအတွင်းရှိ ကုန်စုံဆိုင်တစ်ဆိုင်နှင့် ဗိုလ်ချုပ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတို့အား အမိုးနှင့်အကာများကို ဖျက်ဆီးပြီး ဝင်ရောက်ခိုးယူခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဗိုလ်ချုပ်ရပ်ကွက်တွင် ဖောက်ထွင်းခံရသည့်နေအိမ်မှာ အိမ်ရှင်များအခြားနေရာသို့ ရွှေ့ပြောင်းနေသဖြင့် ဆိုင်ခန်း အငှားတင်ထားကာ နေ့ဘက်သာ နေအိမ်၌ လူရှိသည်ကို စောင့်ကြည့်၍ ဖောက်ထွင်းခိုးယူခြင်းဖြစ်နိုင်ကြောင်း ယင်းရပ်ကွက်နေသူတစ်ဦးက ပြောဆိုသည်။ အဆိုပါဖောက်ထွင်းခံရသည့်နေအိမ်တွင် လျှပ်စစ်သုံး အိမ်သုံးပစ္စည်း အချို့ ခိုးယူခံရကြောင်း ၎င်းက ဆိုသည်။ ယင်းနေအိမ်၏ ပတ်ဝန်းကျင်တစ်ဝိုက်တွင် စစ်အာဏာရှင်တပ်၏ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ရုံး (စရဖရုံး) တည်ရှိသည်။ ကံပေါက်စျေးအတွင်း ဖောက်ထွင်းခံရသည့် ကုန်စုံဆိုင်တွင်မူ ဆန်အိတ်နှင့် […]

သရက်ချောင်း ရငဲကျေးရွာကို စစ်အာဏာရှင်တပ် လက်နက်ကြီးဖြင့်ပစ်ခတ်

Dawei Watch

May 18, 2026

သရက်ချောင်းမြို့နယ် ရငဲကျေးရွာကို စစ်အာဏာရှင်တပ်က မေလ ၁၇ ရက် မွန်းလွဲပိုင်းတွင် လက်နက်ကြီးဖြင့် သုံးကြိမ်ပစ်ခတ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဝင်းဝရွာရှိ စခန်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က ပစ်ခတ်ခြင်းဖြစ်ပြီး တစ်လုံးမှာ လူနေအိမ်ပေါ်ကို ကျရောက် ပေါက်ကွဲသဖြင့် အိမ်အပေါ်ထပ် အမိုးအကာများထိခိုက်ပျက်စီးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ရငဲကျေးရွာသည် ဝင်းဝကျေးရွာ၏ တောင်ဘက် လေးမိုင်ခန့်အကွာတွင် တည်ရှိသည်။ ရငဲကျေးရွာတွင် စာသင်ကျောင်းကိစ္စနှင့် ပတ်သက်၍ ရွာသူရွာသားများ အစည်းအဝေးလုပ်ရန် ပြင်ဆင်နေချိန် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့က ပြောဆိုသည်။ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံများ ထွက်ပြေးကြရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ပြေးလိုက်ရတာဆိုတာလေ ခြေထောက်တွေပါနာကုန်တယ်။ အလဲလဲအကွဲကွဲပဲ ပြေးလိုက်ကြရတာ” ဟု ၎င်းက ပြောသည်။ ရငဲကျေးရွာကို ၂၀၂၂ ခုနှစ်ကုန်ပိုင်းကတည်းက […]

အချုပ်အခြာအာဏာ စွန့်လွှတ်မည်မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတပြော

Dawei Watch

May 18, 2026

ဒီမိုကရေစီနှင့် အချုပ်အခြာအာဏာကို စွန့်လွှတ်ရန် မည်သည့်ဖိအားပေးမှုကိုမဆို လက်ခံသွားမည် မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ဝီလျံလိုင်ချင်းတယ်က မေလ ၁၇ ရက်နေ့တွင် ပြောဆိုလိုက်သည်။ ထိုင်ဝမ်အနေဖြင့် လွတ်လပ်ရေး တရားဝင်ကြေညာခြင်း မပြုရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သောကြာနေ့က သတိပေးပြောကြားလိုက်ပြီးနောက် ထိုင်ဝမ်သမ္မတ၏ အထက်ပါ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယခုသီတင်းပတ် အစောပိုင်းက သမ္မတထရမ့်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့အကြား ထိပ်သီးဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ရာ ထိုင်ဝမ်အရေးက အဓိက အကြောင်းအရာတစ်ခုအဖြစ် လွှမ်းမိုးခဲ့သည်။ “ထိုင်ဝမ်အနေနဲ့ ပဋိပက္ခဖြစ်အောင် ရန်စတာ၊ ပဋိပက္ခပိုကြီးထွားအောင် လုပ်ဆောင်တာမျိုး လုပ်မှာ မဟုတ်ပါဘူး။ ဖိအားတွေကြောင့် မိမိတို့ရဲ့ နိုင်ငံတော်အချုပ်အခြာအာဏာ၊ အမျိုးသားဂုဏ်သိက္ခာနဲ့ ဒီမိုကရေစီနည်းကျ လွတ်လပ်တဲ့ လူနေမှုဘဝပုံစံတွေကို စွန့်လွှတ်သွားမှာ မဟုတ်ပါဘူး” ဟု ထိုင်ဝမ်သမ္မတက တနင်္ဂနွေနေ့တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြခဲ့သည်။ […]

ထားဝယ်မြို့တွင် စစ်အာဏာရှင်တပ် ညဘက်နေအိမ်တွင် စစ်မှုထမ်းဝင်ဆွဲ

Dawei Watch

May 18, 2026

ထားဝယ်မြို့တွင် စစ်အာဏာရှင်တပ်က ညဘက်နေအိမ်တွင် လူငယ်အမျိုးသားတစ်ဦးကို ဝင်ရောက်ဖမ်းဆီးပြီး စစ်မှုထမ်းစုဆောင်းခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ ထားဝယ်မြို့ပေါ် ဥဿရံရပ်ကွက်က လူငယ်အမျိုးသားတစ်ဦး မေလ ၁၁ ရက်ညတွင် နေအိမ်၌ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည်။ မေလ ၁၁ရက် ည ၁၁ နာရီတွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ပထမအကြိမ်လာရောက်ရှာဖွေစဉ် လူငယ်အမျိုးသားကို မတွေ့သဖြင့် ပြန်ထွက်သွားကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် ည ၁၂ နာရီခန့်တွင် ထပ်မံလာရောက်ရှာဖွေရာတွင် ဖမ်းဆီးခေါ်ဆောင်ခံရခြင်းဖြစ်ကြောင်း စစ်မှုထမ်း စုဆောင်းခံရသူကာယကံရှင် မိသားစုနှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ပြောဆိုသည်။ “ပထမတစ်ခေါက် အိမ်မှာဝင်ရှာတော့ မပါသွားဘူး။ နောက်တစ်ခေါက် ထပ်အရှာခံရပြီး တစ်ခါတည်းပါသွားတယ်။ အခု ၄၀၁ (အမှတ် ၄၀၁ စစ်အာဏာရှင်ခြေမြန်တပ်ရင်း) ထဲမှာ” ဟု […]