ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ချင်းမိုင်တွင် တောင်ပေါ်သားကတ်နှင့် ပန်းရောင်ကတ်များ၏ ဆယ်နှစ်စာနောက်ကြောင်း စိစစ်မည်

Dawei Watch

May 15, 2026

ချင်းမိုင်ခရိုင်ရှိ မြို့နယ်အားလုံးတွင် တောင်ပေါ်သားကတ် သို့မဟုတ် ပန်းရောင်ကတ် ကိုင်ဆောင်ထားသူများ၏ အိမ်ထောင်စုဆိုင်ရာ အချက်အလက်များကို ဆယ်နှစ်စာအထိ ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး Mr. Rattapol Naradisorn က မေလ ၁၄ ရက်နေ့ အစည်းအဝေးတွင် ပြောသည်။ တောင်ပေါ်သားကတ်ဆိုသည်မှာ ထိုင်းနယ်စပ်ဒေသနေ နိုင်ငံသားမှတ်ပုံတင်မရှိသေးသော တိုင်းရင်းသားများကို ထုတ်ပေးသည့် သက်သေခံကတ်ဖြစ်ပြီး ပန်းရောင်ကတ်ဆိုသည်မှာ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံတွင် မွေးဖွားသော ကလေးငယ်များအတွက် ထုတ်ပေးသည့် ကတ်ဖြစ်သည်။ ပြီးခဲ့သော မေလ ၈ ရက်နေ့က ချွန်ဘူရီတွင် လက်နက်များနှင့်အတူ ဖမ်းဆီးရမိသော တရုတ်နိုင်ငံသားထံ၌ ပန်းရောင်ကတ်ကို သိမ်းဆည်းရမိရာမှ ချင်းမိုင်ခရိုင်ရှိ မြို့နယ်အားလုံးတွင် အိမ်ထောင်စုအဝင် အထွက်မှတ်တမ်းများ၊ အိမ်ထောင်စုထဲ လူဦးရေကို ပြန်စိစစ်ရန် ခရိုင်အုပ်ချုပ်ရေးမှူက ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ အထူးသဖြင့် နေထိုင်သူ […]

တနင်္သာရီမြို့မှ ခမရ ၅၆၁ သို့ စစ်အင်အားပို့သည့်ကားကို တော်လှန်ရေးတပ် မိုင်းဆွဲတိုက်ခိုက်

Dawei Watch

May 15, 2026

တနင်္သာရီမြို့မှ ‌ညောင်ပင်ကွင်းရွာအခြေစိုက် စစ်အာဏာရှင်၏ အမှတ် ၅၆၁ ခြေမြန်တပ်ရင်းသို့ စစ်အင်အားဖြည့်တင်းရန် ကားများဖြင့်လာစဉ် တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ကြောင်း တော်လှန်‌‌‌ရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူများက ပြောသည်။ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ကား သုံးစီးထက်မနည်းဖြင့် မေလ ၁၄ ရက်က လာရောက်စဉ် ၅ မိုင်ရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ကားနှစ်စီးပျက်စီးကြောင်း ‌တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “(ထိခိုက်တဲ့ နှစ်စီးထဲက) ကျောက်တင်ကားက ခေါင်းပွင့်ပြီး သုံးမရဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။ တနင်္သာရီမြို့မှ ခမရ ၅၆၁ သို့သွားလျှင် ဘန်လောရွာ၊ ခြောက်မိုင်ရွာနှင့် ငါးမိုင်ရွာတို့ကို ဖြတ်သန်းသွားရသည်။ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွားရာ စစ်အာဏာရှင်တပ်သားများ ထိခိုက်မှုရှိပြီး တော်လှန်ရေးတပ်များဘက်က ထိခိုက်မှု မရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ “မိုင်းလည်းဆွဲတယ်။ […]

စစ်အာဏာရှင်တပ်က မောတောင်မြို့ကို လေကြောင်းဖြင့် ဗုံးကြဲ

Dawei Watch

May 15, 2026

စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များသည် အမှတ် (၉) ရွာဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

ရန်ကုန်-ထားဝယ် အိမ်စီးကားခများ ဈေးပြန်ကျ

Dawei Watch

May 15, 2026

စက်သုံးဆီဈေး မြင့်တက်နေချိန်တွင် ခရီးသွားလာမှု နည်းပါးခြင်းကြောင့် ရန်ကုန်-ထားဝယ် ခရီးသည်တင် အိမ်စီးကားလုပ်ငန်း လုပ်ကိုင်သူအချို့ တစ်လနီးပါးကြာ လုပ်ငန်းရပ်နားခဲ့ကြသည်။

ထိုင်းတွင် မြန်မာနိုင်ငံသားတစ်ဦး စလော့ဂိမ်းကြောင့် သတ်သေဟုဆို

Dawei Watch

May 15, 2026

ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်တွင် မြန်မာနိုင်ငံသားတစ်ဦးသည် စလော့ဂိမ်းဆော့ပြီး ငွေကုန်သွားသဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မေလ ၁၄ ရက်နေ့က ချွန်ဘူရီမြို့ ဖန်ထောဒေသတွင် ထိုင်းနိုင်ငံသားတစ်ဦး တောထဲ ဝင်လာစဉ် သစ်ပင်ကြီးပေါ်တွင် အဆုံးစီရင်ပြီး သေဆုံးနေသော အလောင်းကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ဟုဆိုသည်။ သေဆုံးသူသည် အသက် ၂၁ နှစ်အရွယ် အောင်ထက်ဦးအမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ပြီးခဲ့သောနေ့က နေထိုင်ရာအခန်းမှ ပျောက်ဆုံးနေသူဖြစ်သည်။ အစ်ကိုဖြစ်သူက ပျောက်ဆုံးနေသော ညီဖြစ်သူကို ညလုံးပေါက် လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ဘဲ နောက်တစ်နေ့တွင် သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ မသေဆုံးမီ‌နေ့ နံနက်ပိုင်းက ညီဖြစ်သူနှင့်အတူ ပုံမှန်စကားပြောနေခဲ့ပြီးနောက် ညနေ ၅ နာရီ အလုပ်က ပြန်သောအချိန်တွင် ညီဖြစ်သူမှာ စလော့ဂိမ်းဆော့ရင်း အကောင့်ထဲရှိ ငွေအားလုံး […]

အီရန်က အဏုမြူလက်နက်ပိုင်သွားမည်ကို တရုတ်သမ္မတ ကလည်း မလိုလားဟု ထရမ့် ပြော

Dawei Watch

May 15, 2026

အီရန်က အဏုမြူလက်နက်ပိုင်ဆိုင်သွားမည့်အရေး တရုတ်သမ္မတရှီကျင့်ဖျင့်ရော ၎င်းပါ မလိုလားကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယနေ့ မေလ ၁၅ ရက်နေ့တွင် ပြောကြားလိုက်သည်။ ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးရန် ၎င်းတို့ နှစ်ဦးစလုံးက လိုလားကြောင်းလည်း သမ္မတထရမ့်က ပြောဆိုခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အီရန်အရေးကို ဆွေးနွေးခဲ့ကြောင်း ပြောကြားရာတွင် ၎င်းက ယင်းသို့ ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။ “အခြားသူတွေအနေနဲ့ ဖြေရှင်းနိုင်စွမ်းမရှိတဲ့ ပြဿနာရပ်တော်တော်များများကို ကျွန်တော်တို့ ဖြေရှင်းနိုင်ခဲ့ပါတယ်” ဟုလည်း သမ္မတထရမ့်က ဖြည့်စွက်ပြောကြားခဲ့သည်။ Source: Reuters

ထိုင်းသို့ တရားမဝင်လာသော မြန်မာ ၁၄ ဦး ထပ်မံဖမ်းဆီးခံရ၊ တစ်ပတ်အတွင်း ဖမ်းဆီးခံရသူ ၂၀၀ ကျော်ရှိလာ

Dawei Watch

May 15, 2026

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် မြန်မာနိုင်ငံသားများ ယခုလအတွင်း နေ့စဉ်နီးပါး ဖမ်းဆီးခံနေရသည်။

မြိတ်တွင် Grade 11 ကျောင်းသားတစ်ဦး ကြိုးဆွဲချ

Dawei Watch

May 15, 2026

မြိတ်မြို့၊ ကန်ဖျားရပ်ကွက်တွင် မေလ ၁၄ ရက်ညက လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချ၍ – ေ-သ -ဆုံးနေကြောင်း မြို့ခံများထံမှ သိရသည်။ ေ-သ- ဆုံးသူသည် အထက (၁) မြိတ်တွင် Grade 11 အောင်မြင်ထားပြီး ယခုနှစ်တွင် Grade 12 တက်ရောက်မည့် အသက် ၁၉ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ နေအိမ်၌ပင် ည ၁၂ နာရီဝန်းကျင်၌ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း – ေ- သ ဆုံးသူ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ရင်ခွဲရုံရဲ့ စစ်ဆေးချက်အရ ည ၁၂ နာရီနောက်ပိုင်းမှ ဖြစ်တယ်လို့ သိရတယ်။ ကြိုးဆွဲချတာကို လူတွေတွေ့တာက တစ်နာရီလောက် ခြားတာပေါ့။ အဲဒီလိုမလုပ်ခင် ထမင်းစားသွားသေးတယ်လို့ […]