ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဆူဒန်တွင် ပြည်သူ သန်း ၂၀ နီးပါး ပြင်းထန်သည့် အငတ်ဘေး ဆိုက်နေ

Dawei Watch

May 15, 2026

ဆူဒန်နိုင်ငံတွင် လူဦးရေ ၄၀ ရာခိုင်နှုန်းကျော်သည် ပြင်းထန်သည့် အငတ်ဘေးနှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာလုံးဆိုင်ရာငတ်မွတ်ခေါင်းပါးမှုစောင့်ကြည့်ရေးအဖွဲ့တစ်ခု၏ အစီရင်ခံစာကို ကိုးကား၍ Al Jazeera သတင်းဌာနက ဖော်ပြသည်။ သုံးနှစ်ကြာဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြောင့် ဆူဒန်နိုင်ငံတွင် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတစ်ခု ပေါ်ပေါက်နေကြောင်း အဆိုပါ သတင်းတွင် ဖော်ပြသည်။ ဆူဒန်ပြည်သူ ၁၉ ဒသမ ၅ သန်းနီးပါးခန့်မှာ ယင်းကဲ့သို့ ဆိုးရွားသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှု စောင့်ကြည့်ရေးအဖွဲ့ (IPC) က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ဆူဒန်စစ်တပ်နှင့် RSF တပ်ဖွဲ့အကြား ဖြစ်ပွားနေသည့် သုံးနှစ်ကြာပြည်တွင်းစစ်ကြောင့် လူပေါင်းသိန်းချီ သေဆုံးခဲ့ရပြီး ဖြစ်သည်။ သန်းနှင့်ချီသော ပြည်သူများကို အိုးအိမ်စွန့်ခွာ ထွက်ပြေးစေခဲ့ရရုံသာမက ပြင်းထန်သည့် […]

တစ်နှစ်တာ အကောင်းဆုံး ပရီးမီးယားလိဂ် မန်နေဂျာဆု ဆန်ခါတင်း ၆ ဦးစာရင်း ထွက်ပေါ်

Dawei Watch

May 15, 2026

ပရီးမီးယားလိဂ်ပြိုင်ပွဲ ကျင်းပရေးကော်မတီ က ဒီရာသီမှာ အကောင်းဆုံး ပရီးမီးယားလိဂ်မန်နေဂျာဆု ဆန်ခါတင်စာရင်းဝင် နည်းပြတွေအဖြစ် နည်းပြ ၆ ဦးစာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ဆန်ခါတင်စာရင်းဝင် နည်းပြတွေကတော့ အာဆင်နယ်နည်းပြ အာတီတာ၊ မန်စီးတီးနည်းပြ ဂွါဒီယိုလာ၊ မန်ယူ ယာယီနည်းပြ မိုက်ကယ် ကာရစ်၊ ဘရန့်ဖို့ဒ်နည်းပြ ကိသ် အန်ဒရူးစ်၊ ဘုန်းမောက်နည်းပြ အိုင်ရာအိုလာ နဲ့ ဆန်းဒါးလန်းနည်းပြ လီဘရစ္စ တို့ ဖြစ်ကြပါတယ်။ လက်ကျန် ရာသီသိမ်းပွဲစဉ် ၂ ပွဲကို အနိုင်ရအောင် ကစားနိုင်ခဲ့လို့ အာဆင်နယ်သာ အမှတ်ပေးချန်ပီယံဆုကြီးကို ဆွတ်ခူးရရှိသွားခဲ့ရင် ဒီဆုကို အာဆင်နယ်နည်းပြ အာတီတာ ရရှိသွားဖို့က ကျိန်းသေနေပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာ ကတော့ အသင်း ချန်ပီယံဖြစ်ခဲ့ရင်တောင် ဒီဆုကို လွဲချော်သွားနိုင်ခြေ ရှိနေပြီး မန်ယူယာယီနည်းပြ […]

လီဗာပူးနည်းပြအဖြစ် ဆက်ရှိနေမယ်လို့ အတည်ပြုချက်ပေးလိုက်တဲ့ အာနေး ဆလော့တ်

Dawei Watch

May 15, 2026

လီဗာပူးနည်းပြ အာနေး ဆလော့တ် က သူ့ကို ရှေ့လာမယ့်ဘောလုံးရာသီရောက်ရင် လီဗာပူးအသင်းရဲ့နည်းပြအဖြစ် ဆက်လက် မြင်တွေ့ရလိမ့်မယ်လို့ အတည်ပြုသွားခဲ့ပြီဖြစ်ပါတယ်။ ဒီရာသီမှာ လီဗာပူးရဲ့ရလဒ်တွေက အားရစရာ မကောင်းခဲ့လို့ ရာသီသိမ်းချိန်ရောက်ရင် နည်းပြအပြောင်းအလဲဖြစ်လာဖို့ရှိနေတယ်ဆိုတဲ့သတင်းတွေကို နည်းပြ အာနေး ဆလော့တ်က အခုလိုပြောကြားပြီး ချေဖျက်သွားခဲ့တာပါ။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အာနေး ဆလော့တ် က သူနဲ့ ကလပ်အသင်းကြားက အခြေအနေကို အခုလို ပွင့်ပွင့်လင်းလင်း ပြောပြသွားခဲ့ပါတယ်။ “အသင်းက ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ဖို့အတွက် ဆွေးနွေးမှုတွေက ဆက်တိုက်ဆိုသလိုပဲ ဆောင်ရွက်နေပါတယ်။ အဲ့ဒီလုပ်ငန်းစဉ်တွေမှာ ကျွန်တော်ကိုယ်တိုင် ပါဝင်ပတ်သက်နေပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာလည်း ကျွန်တော့် လီဗာပူးရဲ့ နည်းပြအဖြစ် ဆက်လက် မြင်တွေ့ကြရလိမ့်မယ်လို့ ယုံကြည်ရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိနေပါတယ်”လို့ အာနေး ဆလော့တ် […]

ထားဝယ်မြို့နှင့်အနီးဝန်းကျင်တွင် မေလအတွင်း လူငယ်ဆယ်ချီ စစ်မှုထမ်းစုဆောင်းခံရ

Dawei Watch

May 14, 2026

ထားဝယ်မြို့နှင့် အနီးဝန်းကျင်တွင် မေလ ပထမနှစ်ပတ်အတွင်း လူငယ် ဆယ်နှင့်ချီပြီး စစ်မှုထမ်းစုဆောင်းခံရကြောင်း မြို့ခံများနှင့် ခရီးသွာဒေသခံများထံမှ စုံစမ်းသိရသည်။ စစ်အာဏာရှင်တပ်၏ စစ်မှုထမ်းစုဆောင်ရေးအဖွဲ့သည် ယနေ့ မေလ ၁၄ရက် မွန်းလွဲ ၁နာရီခန့်မှစ၍ ထားဝယ်မြို့ ၇ လမ်း၊ ပေါက်တိုင်းနှင့် ကမြောကင်း တံတားစစ်ဆေးရေးဂိတ်တို့တွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများကို ဖမ်းဆီးစုဆောင်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ပေါက်တိုင်းနှင့် ကမြောကင်းတံတားဂိတ် နှစ်ခုတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသား ၁၀ဦးကျော် ဖမ်းဆီးခံထားရသည်ကို တွေ့ရှိ ခဲ့ကြောင်း ယနေ့ ညနေ ၃နာရီခန့်တွင် မြင်တွေ့ခဲ့ရသည့်အခြေအနေကို မြို့ခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ယမန်နေ့ မေလ ၁၃ ရက် ညနေပိုင်းကလည်း ထားဝယ်မြို့၊ ကမ်းနားလမ်းတွင် ခရီးသွားပြည်သူများကို စစ်အာဏာရှင်တပ်က စစ်ဆေးခဲ့ပြီး […]

မောတောင်မြို့ အမှတ် ၃ရွာကို စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

May 14, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ အမှတ် ၃ ရွာကို ယနေ့ ညနေတွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ မေလ ၁၄ရက် ညနေ ၄နာရီ ၃၀မိနစ် စစ်အာဏာရှင်တပ်က လေယာဉ်နှစ်စင်းဖြင့် ဗုံးကြဲခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဗုံးကြဲမှု နောက်ဆက်တွဲ အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။ တနင်္သာရီ-မောတောင်လမ်းပိုင်းကို စစ်အာဏာရှင်တပ် အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးနေသဖြင့် အမှတ် ၁ ရွာမှ အမှတ် ၉ ရွာအထိ ကျေးရွာ ကိုးရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံအခြားတစ်ဦးက ပြောသည်။ “ရွာတွေမှာက ဘယ်သူမှ မရှိလို့ အသေးစိတ် မသိရသေးဘူး။ အကုန်‌ရှောင်နေကြတယ်”ဟု အထက်ပါ ဒေသခံက ယနေ့ […]

ဝင်းဝစခန်း စစ်အာဏာရှင်တပ်ဂိတ် ဆိုင်ကယ်များဖြတ်သန်းခွင့်ပိတ်သဖြင့် ဒေသခံများအခက်ကြုံ

Dawei Watch

May 14, 2026

သရက်ချောင်းမြို့နယ် ဝင်းဝစခန်း စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်များ ဖြတ်သန်းသွားလာခွင့် ပိတ်ထားသဖြင့် ဒေသခံများ သွားလာရေးခက်ခဲနေကြောင်း ဒေသခံအချို့က ပြောသည်။ မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းရှိ ဝင်းဝစခန်းတွင် မတ်လ ၃၁ရက်က တပ်ပြန်စွဲထားသည့် စစ်အာဏာရှင်တပ်သည် ဆိုင်ကယ်များကို ဖြတ်သန်းခွင့် ပိတ်ထားသဖြင့် လိုင်းကားဖြင့်သာ သွားလာနေရကြောင်း ဒေသခံအချို့က ဆိုသည်။ “ဆိုင်ကယ်ဆို လုံးဝမဖြတ်ခိုင်းဘူး။ ကားနဲ့သွားမှ ရတယ်။ ဆိုင်ကယ်တို့ ထော်လာဂျီတို့၊ သုံးဘီးတို့ဆို လုံးဝမဖြတ်ခိုင်းဘူး။ ဝင်းဝဂိတ်မှာ အခုလုံးဝ ဖြတ်မရဘူး။ ဘာဖြစ်လို့လဲဆိုတာတော့ မသိဘူး။ ရငဲ (ရွာ) တို့ စုံစင်ဖျား (ရွာ) တို့မှာ ခြံတွေဘာတွေ ရှိတာကိုး လူကြီးပိုင်းတွေ (ဆိုင်ကယ်နဲ့) သွားဖြတ်လည်း ပြန်လွှတ်တယ်” ဟု မင်းဒပ်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ […]

ရေး-သံဖြူဇရပ်ကားလမ်းတွင် အသတ်ခံထားရသည့် အမျိုးသားသုံးဦး အလောင်းတွေ့

Dawei Watch

May 14, 2026

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်း‌ဘေးတွင် အသတ်ခံထားရသည့် အမျိုးသားသုံးဦး၏ ရုပ်အလောင်းများကို ယနေ့ မေလ ၁၄ ရက် နံနက်ပိုင်းက တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ရေး-သံဖြူဇရပ်ကားလမ်း မိုင်တိုင်အမှတ် ၅၀/၅ အနီးတွင် လက်ပြန်ကြိုးတုပ်လျက် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါအမျိုးသားသုံးဦးသည် အိမ်တိုင်ရာရောက် ရေနံချေး လိုက်လံသုတ်ပေးသူများဖြစ်ပြီး သံဖြူဇရပ်မြို့ပေါ်ရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေသူများဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ တည်းခိုခန်းမှတ်တမ်းအရ အဆိုပါ အမျိုးသားသုံးဦးသည် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်နှင့် ညောင်လေးပင်မြို့နယ်တို့မှ ဖြစ်ပြီး အသက် ၂၀ နှင့် ၄၀ ကြားအရွယ်များ ဖြစ်ကြကြောင်း ဒေသခံများက ပြောဆိုသည်။ အဆိုပါအမျိုးသားသုံးဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် သတ်ဖြတ်ခဲ့သည်ကိုမူ မသိရသေးပေ။

ထိုင်ဝမ်အရေး တရုတ်နှင့် အမေရိကန် ပဋိပက္ခဖြစ်နိုင်ဟု ရှီကျင့်ဖျင်က ထရမ့်ကို သတိပေး

Dawei Watch

May 14, 2026

ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုက တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို အန္တရာယ်ရှိသည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေနိုင်ပြီး ပဋိပက္ခများအထိပင် ဦးတည်သွားစေနိုင်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား ယနေ့ မေလ ၁၄ ရက်နေ့တွင် သတိပေးပြောကြားလိုက်သည်။ ယနေ့ ကြာသပတေးနေ့တွင် စတင်သည့် နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတရှီကျင့်ဖျင်က နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆွေးနွေးမှုများ တိုးတက်မှုရှိနေကြောင်း ပြောကြားခဲ့သော်လည်း ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ ယင်းသို့ သတိပေးပြောဆိုလိုက်ခြင်း ဖြစ်သည်။ တရုတ်သမ္မတရှီကျင့်ဖျင်၏ အဆိုပါ သတိပေးချက်မှာ ခမ်းနားထည်ဝါသည့် အခမ်းအနား အဆောင်အယောင်ကြားမှ ပြတ်သားလွန်းသည့် သတိပေးချက်တစ်ခုဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ သမ္မတထရမ့်ကမူ ယခုထိပ်သီးတွေ့ဆုံပွဲကို ‘သမိုင်းတလျှောက် အကြီးကျယ်ဆုံး ထိပ်သီးတွေ့ဆုံမှု’ ဖြစ်နိုင်ကြောင်း တင်စားပြောဆိုခဲ့သည်။ ယခု ထိပ်သီးတွေ့ဆုံပွဲသည် အီရန်စစ်ပွဲကြောင့် သမ္မတထရမ့်အပေါ် လူထုထောက်ခံမှုနှုန်း […]