ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်နှစ်တာ အကောင်းဆုံး ပရီးမီးယားလိဂ် မန်နေဂျာဆု ဆန်ခါတင်း ၆ ဦးစာရင်း ထွက်ပေါ်

May 15, 2026

ပရီးမီးယားလိဂ်ပြိုင်ပွဲ ကျင်းပရေးကော်မတီ က ဒီရာသီမှာ အကောင်းဆုံး ပရီးမီးယားလိဂ်မန်နေဂျာဆု ဆန်ခါတင်စာရင်းဝင် နည်းပြတွေအဖြစ် နည်းပြ ၆ ဦးစာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။

ဆန်ခါတင်စာရင်းဝင် နည်းပြတွေကတော့ အာဆင်နယ်နည်းပြ အာတီတာ၊ မန်စီးတီးနည်းပြ ဂွါဒီယိုလာ၊ မန်ယူ ယာယီနည်းပြ မိုက်ကယ် ကာရစ်၊ ဘရန့်ဖို့ဒ်နည်းပြ ကိသ် အန်ဒရူးစ်၊ ဘုန်းမောက်နည်းပြ အိုင်ရာအိုလာ နဲ့ ဆန်းဒါးလန်းနည်းပြ လီဘရစ္စ တို့ ဖြစ်ကြပါတယ်။

လက်ကျန် ရာသီသိမ်းပွဲစဉ် ၂ ပွဲကို အနိုင်ရအောင် ကစားနိုင်ခဲ့လို့ အာဆင်နယ်သာ အမှတ်ပေးချန်ပီယံဆုကြီးကို ဆွတ်ခူးရရှိသွားခဲ့ရင် ဒီဆုကို အာဆင်နယ်နည်းပြ အာတီတာ ရရှိသွားဖို့က ကျိန်းသေနေပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာ ကတော့ အသင်း ချန်ပီယံဖြစ်ခဲ့ရင်တောင် ဒီဆုကို လွဲချော်သွားနိုင်ခြေ ရှိနေပြီး မန်ယူယာယီနည်းပြ ကာရစ် ဟာလည်း ဆုရနိုင်ခြေ နည်းပါးလွန်းနေပါတယ်။

ဘရန့်ဖို့ဒ်နည်းပြ ကိသ် အန်ဒရူးစ် ဟာ တစ်နှစ်တာ ပရီးမီးယားလိဂ် အကောင်းဆုံး မန်နေဂျာဆု ရရှိနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး သူနဲ့ အာတီတာ တို့သာ ဒီဆုအတွက် အားပြိုင်ရဖွယ်ရှိနိုင်တယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပါတယ်။