လီဗာပူးနည်းပြ အာနေး ဆလော့တ် က သူ့ကို ရှေ့လာမယ့်ဘောလုံးရာသီရောက်ရင် လီဗာပူးအသင်းရဲ့နည်းပြအဖြစ် ဆက်လက် မြင်တွေ့ရလိမ့်မယ်လို့ အတည်ပြုသွားခဲ့ပြီဖြစ်ပါတယ်။
ဒီရာသီမှာ လီဗာပူးရဲ့ရလဒ်တွေက အားရစရာ မကောင်းခဲ့လို့ ရာသီသိမ်းချိန်ရောက်ရင် နည်းပြအပြောင်းအလဲဖြစ်လာဖို့ရှိနေတယ်ဆိုတဲ့သတင်းတွေကို နည်းပြ အာနေး ဆလော့တ်က အခုလိုပြောကြားပြီး ချေဖျက်သွားခဲ့တာပါ။
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အာနေး ဆလော့တ် က သူနဲ့ ကလပ်အသင်းကြားက အခြေအနေကို အခုလို ပွင့်ပွင့်လင်းလင်း ပြောပြသွားခဲ့ပါတယ်။
“အသင်းက ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ဖို့အတွက် ဆွေးနွေးမှုတွေက ဆက်တိုက်ဆိုသလိုပဲ ဆောင်ရွက်နေပါတယ်။ အဲ့ဒီလုပ်ငန်းစဉ်တွေမှာ ကျွန်တော်ကိုယ်တိုင် ပါဝင်ပတ်သက်နေပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာလည်း ကျွန်တော့် လီဗာပူးရဲ့ နည်းပြအဖြစ် ဆက်လက် မြင်တွေ့ကြရလိမ့်မယ်လို့ ယုံကြည်ရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိနေပါတယ်”လို့ အာနေး ဆလော့တ် က အသိပေးသွားခဲ့ပါတယ်။
သူဟာ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးသလို အသင်းရဲ့ အနာဂတ် စီမံကိန်းတွေ၊ ကစားသမားသစ် ခေါ်ယူရေးတွေမှာ သူကိုယ်တိုင် အားတက်သရော ပါဝင်ခွင့်ရရှိနေတာကြောင့် အသင်းတာဝန်ရှိသူတွေက သူ့ကို ထောက်ခံမှုအပြည့်အဝ ပေးထားတယ်ဆိုတာ ထင်ရှားလွန်းလှကြောင်း အာနေး ဆလော့တ် က ပြောကြားထားပါတယ်။
#LiverpoolFC #Arne Slot #LFCFamily #TransferNews #PremierLeague







