ကလိန်အောင် ခမရ ၄၀၉ တပ်ရင်း စစ်မှုထမ်း ၁၀ ဦး ထွက်ပြေး
Dawei Watch
May 18, 2026ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးရှိ ကျောက်ရှပ်ရွာအခြေစိုက် အမှတ် ၄၀၉ စစ်အာဏာရှင် ခြေမြန်တပ်ရင်း စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၁၀ ဦး ထွက်ပြေးသည့်အနက် ခုနစ်ဦးမှာ မွန်ပြည်နယ်အခြေစိုက် တပင်ရွှေထီးကိုကျိုက် ပြည်သူ့ကာကွာရေးတပ်ဖွဲ့ထံ ရောက်ရှိနေကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ သရက်ချောင်းမြို့နယ်၊ ဝင်းဝစခန်းအနီးတွင် ကင်းတာဝန်ကျနေစဥ် ထွက်ပြေးလာကြခြင်းဖြစ်ကြောင်း အထက်ပါတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ ထွက်ပြေးစဥ် လမ်းပိုင်း၌ စစ်အာဏာရှင်တပ်က ပြန်လည်ပစ်ခတ်ဖမ်းဆီးရန် ကြိုးပမ်းသဖြင့် အုပ်စုကွဲသွားကာ သုံးဦး မှာ အသက်ရှင်မရှင် အတည်မပြုနိုင်ကြောင်း ၎င်းက ဆိုသည်။ ကျန်ခုနစ်ဦးမှာ လက်နက်မပါဘဲ ထွက်ပြေးလာကြပြီးနောက် အရပ်သားကားတစ်စီးပေါ်၌ အခြားခရီးသည်များနှင့်အတူ လိုက်ပါလာစဥ် ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။ လမ်းပိုင်းစစ်ဆေးသည့်နေရာ၌ လက်ကိုင်ဖုန်းများကို […]


