ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စနစ်သစ်မှာ ပထမဆုံး ၂ နှစ်ဆက် ချန်ပီယံအသင်း ဖြစ်ချင်တယ်ဆိုတဲ့ လူးဝစ္စ အင်းနရစ်

May 18, 2026

ပီအက်စ်ဂျီနည်းပြ လူးဝစ္စ အင်းနရစ် က ချန်ပီယံလိဂ်ကို စနစ်သစ်နဲ့ ကျင်းပချိန်မှာ ချန်ပီယံဘွဲ့ကို ကာကွယ်ပြီး ၂ နှစ်ဆက် ချန်ပီယံဖြစ်တဲ့ ပထမဆုံးအသင်းအဖြစ် သမိုင်းသစ်ရေးခွင့်ရချင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပီအက်စ်ဂျီ ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာဆင်နယ်အတွက်ကလည်း အသင်းသမိုင်းကြောင်းတစ်လျှောက် ချန်ပီယံလိဂ်ဖလားကြီးကို ပထမဆုံးအကြိမ် ဆွတ်ခူးရယူဖို့ အခွင့်အရေးတစ်ရပ်ဖြစ်နေပါတယ်။

အာဆင်နယ်နည်းပြ အာတီတာ ကတော့ လက်ရှိအချိန်မှာ လက်ကျန်ပရီးမီးယားလိဂ်ပွဲစဉ်တွေကို အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားဖို့သာ သူ့ကစားသမားတွေကို မှာကြားထားပြီး ပရီးမီးယားလိဂ်မှာ အောင်မြင်မှုရရှိပြီးတဲ့နောက်မှ ချန်ပီယံလိဂ်အကြောင်းကို တွေးမယ်လို့ အသိပေးထားပါတယ်။

သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပီအက်စ်ဂျီနည်းပြ လူးဝစ္စ အင်းနရစ် က “ချန်ပီယံအသင်းအဖြစ်နဲ့ ဖိုင်နယ်ပွဲကို ကစားရမှာက သိပ်ပြီး ကျေနပ်စရာကောင်းပါတယ်။ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးရယူနိုင်ရေးဆိုတာကို အောင်မြင်ခဲ့ပြီးပါပြီ။ ဒီတစ်ကြိမ်က တာဝန်ပိုကြီးပါတယ်။ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့နဲ့ ၂ နှစ်ဆက် ချန်ပီယံဖြစ်ဖို့ဆိုတာက ပြောသလောက် မလွယ်လှပါဘူး။ ဖိအားနဲ့ စိန်ခေါ်မှုက အရမ်းများပါတယ်။ ဒါပေမဲ့ ဒီစိန်ခေါ်မှုကို အောင်အောင်မြင်မြင် ကျော်လွှားပြီး သမိုင်းသစ်တစ်ခုကို ကျွန်တော်တို့ ရေးထိုးသွားချင်မိပါတယ်”လို့ ပြောသွားခဲ့ပါတယ်။