ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်မြို့သစ်တွင် တစ်ပတ်အတွင်း ယာဉ်တိုက်မှုနှစ်ကြိမ်ဖြစ်၊ အမျိုးသမီးတစ်ဦးသေဆုံး

Dawei Watch

May 13, 2026

ထားဝယ်မြို့သစ်ရှိ ရပ်ကွက်များတွင် မေလ ဒုတိယာပတ်အတွင်းယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးကြောင်း မြို့ခံများနှင့် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့တို့ထံမှ သိရသည်။ မြို့သစ် ‌၆ လမ်း၌ မေလ ၁၁ ရက် ညနေပိုင်းတွင် ယာဉ်တိုက်မှုတစ်ကြိမ်ဖြစ်ပွားပြီး မေလ ၄ ရက်ကမူ မြို့သစ် ၁၃ လမ်းတွင် တစ်ကြိမ်ဖြစ်ပွားကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ထံမှ သိရသည်။ အဆိုပါဖြစ်စဉ်နှစ်ခုစလုံးတွင် ဆိုင်ကယ်နှင့် ကားတို့ တိုက်မိခြင်းဖြစ်သည်။ မေလ ၁၁ ရက်က မြို့သစ် ၆ လမ်းအတိုင်း မိန်းကလေးတစ်ဦးနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ စီးလာ သည့် ဆိုင်ကယ်နှင့် ဝဲကျွန်းမြို့သစ် ဆွမ်းလောင်း ဓမ္မာရုံအနီး လမ်းသွယ်အတွင်းမှ ထွက်လာသည့် ကားတို့ တိုက်မိခြင်း ဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ […]

တရားမဝင် နိုင်ငံခြားသားများကို အမြစ်ပြတ်နှိမ်နင်းရန် ထိုင်းရဲဗိုလ်ချုပ်ကြီး အမိန့်ပေး

Dawei Watch

May 13, 2026

ထိုင်းနိုင်ငံရှိ တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို ရှာဖွေဖော်ထုတ်၍ အဆင့်သုံးဆင့်ဖြင့် အမြစ်ပြတ်အောင် ရှင်းလင်းရန် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဲဗိုလ်ချုပ်ကြီး Kitrat Panphet က ညွှန်ကြားလိုက်သည်။ နိုင်ငံခြားသားအများအပြား နေထိုင်သည့် နေရာများတွင် တရားမဝင် နေထိုင်လုပ်ကိုင်နေသူများကို ရှာဖွေနှိမ်နင်းသွားရန် မေလ ၁၂ ရက်တွင် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ တရားမဝင် ဝင်ရောက်နေထိုင်မှုများ၊ တရားမဝင် လုပ်ငန်းများအတွက် ထိုင်းနိုင်ငံကို ကြားခံ အဖြစ် အသုံးပြုမှုများ၊ နိုင်ငံခြားသားများကို တရားမဝင် အလုပ်ခန့်ထားမှုများ၊ ထိုင်းအမည်ခံ စီးပွားရေးလုပ်ငန်းများ စသည်တို့ကို ကာကွယ်ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆိုသည်။ တရားမဝင် လုပ်ငန်း လုပ်ကိုင်နေသော နိုင်ငံခြားသားများကို နှိမ်နင်းရန် ထိုင်းရဲတပ်ဖွဲ့က အဆင့် သုံးဆင့်ခွဲ၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း […]

မြန်မာ ၉၀ဦးကို ထိုင်းအစိုးရက ကော့သောင်းသို့ပြန်ပို့

Dawei Watch

May 13, 2026

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၉၀ဦးကို ယနေ့ မတ်လ ၁၃ ရက်တွင် ကော့သောင်းမြို့သို့ ပြန်ပို့လိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သူများထံမှ သိရသည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၆၅ ဦး၊ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၉၀ ဦးကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် မြန်မာစစ်အစိုးရထံသို့ ပြန်လွှဲပြောင်းခြင်း ဖြစ်သည်။ ယခု ပြန်ပို့မှုသည် ၂၀၂၆ ခုနှစ်အတွင်း ရှစ်ကြိမ်မြောက်ဖြစ်ပြီး စစ်အစိုးရထံသို့ ပြန်လည်လွှဲပြောင်းခံရသူ မြန်မာနိုင်ငံသား ၆၅၇ ဦး အထိရှိလာသည်။ ဇန်နဝါရီလတွင် နှစ်ကြိမ် မြန်မာနိုင်ငံသား ၁၆၈ ဦးနှင့် ဖေဖော်ဝါရီလတွင် နှစ်ကြိမ် ၁၂၈ ဦး၊ မတ်လတွင် […]

စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲသဖြင့် တကူရွာစာသင်ကျောင်းဆောင် နှစ်ဆောင်ပျက်စီး

Dawei Watch

May 13, 2026

တနင်္သာရီမြို့နယ်၊ တကူကျေးရွာရှိ အထက်တန်းကျောင်းကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စာသင်ကျောင်းဆောင် နှစ်ဆောင်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။ ယနေ့ မေလ ၁၃ရက် နံနက် ၉ နာရီ ၅၀မိနစ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဥ်ဖြင့် တကူရွာ အထက်တန်းကျောင်းကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ တကူရွာ အထက်တန်းကျောင်းတွင် ကျောင်းဆောင် ငါးဆောင်ရှိသည့်အနက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နှစ်ထပ် စာသင်ဆောင် တစ်ဆောင်နှင့် ရုံးခန်းပါသည့် ကျောင်းဆောင်တို့ ပျက်စီးကြောင်း ၎င်းက ပြောဆိုသည်။ “အသံကြီးက တစ်ချက်ကြားရတယ်။ နောက်မှ ပွိုင့်ဖိုက်ပစ်တာ ကြားတယ်။ (လေယာဉ်) ခဏဝဲပြီး အပေါ်ထိုးတက်ပြီးတာနဲ့ ပြန်အဆင်းမှာ ပစ်တာ” ဟု အထက်ပါဒေသခံက ပြောသည်။ နှစ်ထပ်ဆောင်တွင် ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲပြီး […]

စစ်ပွဲကာလအတွင်း ဆော်ဒီက အီရန်ကို တိတ်တဆိတ်တိုက်ခိုက်ဟုဆို

Dawei Watch

May 13, 2026

အီရန်စစ်ပွဲအတွင်း ဆော်ဒီက အီရန်အပေါ် လူသိရှင်ကြား မထုတ်ပြန်သည့် လေကြောင်းတိုက်ခိုက်မှု အများအပြား လုပ်ဆောင်ခဲ့ကြောင်း အနောက်နိုင်ငံအစိုးရအရာရှိနှစ်ဦးနှင့် အီရန်အရာရှိနှစ်ဦးက ပြောကြားသည်။ အီရန်စစ်ပွဲအတွင်း ဆော်ဒီအပေါ် အီရန်၏ တိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အဆိုပါ တိုက်ခိုက်မှုများကို ဆော်ဒီက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအရာရှိများက ဆိုသည်။ ယခင်က သတင်းထွက်ပေါ်လာခြင်းမရှိသည့် အဆိုပါ တိုက်ခိုက်မှုများသည် ဆော်ဒီက အီရန်‌ပိုင်နက်အတွင်းသို့ စစ်ရေးအရ ပထမဆုံးအကြိမ် တိုက်ရိုက်ကျူးကျော်တိုက်ခိုက်ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုများကို ဆော်ဒီလေတပ်က မတ်လကုန်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အနောက်နိုင်ငံအရာရှိနှစ်ဦးက သုံးသပ်ထားသည်။ ဆော်ဒီလေတပ်က အီရန်နိုင်ငံအတွင်း မည်သည့်နေရာများကို ဦးတည်တိုက်ခိုက်ခဲ့သည်ဆိုသည့် အသေးစိတ် အချက်အလက်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်း ရှိမရှိဆိုသည်ကို ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက တိတိပပ […]

ဘီးလင်းတွင် စစ်ဘေးရှောင်ကားကို စစ်အာဏာရှင်တပ် ပစ်ခတ်မှုကြောင့် သားအမိနှစ်ဦးသေဆုံး

Dawei Watch

May 13, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာအနီးတွင် စစ်ဘေးရှောင်ပြည်သူများ စီးနင်းလာသည့် ကားကို စစ်အာဏာရှင်တပ်စစ်ကြောင်းက ပစ်ခတ်မှုကြောင့် သားအမိနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်သည်။ မေလ ၉ ရက် မွန်းလွဲ ၂ နာရီခန့်က စစ်ဘေးရှောင် အရပ်သားပြည်သူ ခုနစ်ဦး စီးနင်းလာသည့် ကားသည် လေးကေတောင်ဂူဝ ဘုရားလေးလမ်းတွင် စစ်ကြောင်းနှင့်ဆုံရာ စစ်ကြောင်းက ကားကို ရပ်တန့်ခိုင်းပြီးနောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။ ပစ်ခတ်ခံရမှုကြောင့် စစ်ဘေးရှောင် အသက် ၄၆ နှစ်အရွယ် နော်ဖိုးပီနား (ခ) နော်ဖောအဲ့နှင့် အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူ နော်ပန်းအိဖြူတို့ အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးကြောင်း KNU ထံမှ သိရသည်။ ထို့အပြင် အသက် […]

တနင်္သာရီ တကူရွာစာသင်ကျောင်းကို စစ်အာဏာရှင်တပ် ဗုံးကြဲ

Dawei Watch

May 13, 2026

တနင်္သာရီမြို့နယ်၊ တကူကျေးရွာ အထက်တန်းကျောင်းကို စစ်အာဏာရှင်တပ်က လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာရှင်တပ်သည် ဂျက်တိုက်လေယာဥ်တစ်စင်းဖြင့် ယနေ့ မတ်လ ၁၃ ရက် နံနက် ၁၀ နာရီ၀န်းကျင်တွင် လာရောက်ဗုံးကြဲသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “နှစ်ပတ်လောက် အရင်ပတ်ပြီးမှ လာကြဲချတာ။ စာသင်ကျောင်းဆောင်တွေ ပျက်စီးကုန်ပြီ” ဟု ဒေသခံတစ်ဦးက ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုတွင် လူထိခိုက်မှု မရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ တကူကျေးရွာအပါအ၀င် အနီးအနား၀န်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ကျောင်းဖွင့်ရာသီ နီးလာချိန်တွင် ယခုကဲ့သို့ စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်ခံရသဖြင့် ကျောင်းသားမိဘများအကြား စိုးရိမ်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုသည်။

သရက်ချောင်း ဝင်းဝစခန်းသိမ်းတိုက်ပွဲကာလတွင် နေအိမ်တစ်ရာကျော်ပျက်စီး

Dawei Watch

May 13, 2026

တိုက်ပွဲကာလအတွင်း နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသခံများအတွက် ယာယီတဲအိမ်များ ဆောက်လုပ်ရန် သစ်လုံးတိုင်၊ ဝါး၊ ဓနိဖက်များ လိုအပ်နေကြောင်း ဆိုသည်။