ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းမြောက်ပိုင်းတွင် ဖမ်းမိသည့် မြန်မာ ၁၈၀ ကျော်ကို တာချီလိတ်သို့ပြန်ပို့

Dawei Watch

May 12, 2026

ဖစ်စနူလို့စ်ခရိုင် အဝေးပြေးလမ်းမပေါ်တွင် ကား ၁၀ စီးဖြင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၁၄၅ ဦးကို ဖမ်းဆီးမိပြီးနောက် ဆက်စပ်ပြီး ၃၆ ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးရဲ့ နည်းပြသစ် လျာထားစာရင်းမှာ အလွန်ဆို ထိပ်ဆုံးကပါဝင်

Dawei Watch

May 12, 2026

ဇွန်လလယ်ကို နောက်ဆုံးထားပြီး အသင်းအနေနဲ့ နည်းပြသစ်ခန့်ဖို့ ရှိနေကြောင်း ချယ်လ်ဆီးအသင်းတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားထားပါတယ်။

ကံပေါက်တွင် မိုးကြိုးစက်ကွင်းထိမှန်၍ အမျိုးသားတစ်ဦး သေဆုံး

Dawei Watch

May 12, 2026

ကံပေါက်ဘောလုံးကွင်းအတွင်း ဘောလုံးကန်နေစဉ် မိုးကြိုးစက်ကွင်းထိမှန်ခြင်းဖြစ်ပြီး အခြားအမျိုးသားတစ်ဦးလည်း အကြားအာရုံ ထိခိုက်သွားဟုဆိုသည်။

ထားဝယ်သူ ပန်းချီဆရာမတစ်ဦး၏ မန္တလေးမြို့က ပန်းချီပြပွဲ

Dawei Watch

May 12, 2026

မန္တလေးမြို့ရှိ ပရိတ္တဝါဂယ်လာရီပြခန်းတွင် ထားဝယ်သူ ပန်းချီဆရာမတစ်ဦးဖြစ်သည့် ဆရာမကြူကြူ၏ “The Next” အမည်ဖြင့် ပန်းချီပြပွဲတစ်ခု ပြုလုပ်ခဲ့သည်။ မေလ ၈ ရက်နေ့မှ ယနေ့ ၁၂ ရက်နေ့အထိ ပြပွဲရက်များအဖြစ် သတ်မှတ်ထားသော်လည်း ပြခန်းတွင် နောက်ထပ်ပြပွဲတစ်ခု မကျင်းပမီ မေလ ၂၀ ရက်နေ့အထိ ဆက်လက်ပြသထားဦးမည်ဖြစ်ကြောင်း ပြခန်းတာဝန်ရှိသူထံမှ သိရသည်။ ပြပွဲတွင် အငယ်ဆုံး ၁ ပေခွဲ × ၂ ပေ အရွယ် ပန်းချီကားများမှ အကြီးဆုံး ၃ ပေ × ၄ ပေ အရွယ် ပန်းချီကားအထိ Acrylic ဆေးအမျိုးအစား ပန်းချီကားများကို ပြသထားသည်။ တန်ဖိုးကျပ် ဆယ်သိန်းဝန်းကျင်မှ ကျပ်သိန်းသုံးဆယ်ဝန်းကျင်အထိ တန်ဖိုးရှိ စုစုပေါင်း ပန်းချီကား ၂၅ […]

ထားဝယ်တွင် အုပ်ချုပ်ရေးမှူးမိသားစု ပစ်သတ်ခံရပြီးနောက် အစစ်အဆေးတင်းကျပ်

Dawei Watch

May 12, 2026

စစ်အာဏာရှင်တပ်က မြို့ပေါ်ရပ်ကွက်၊ လမ်းမကြီးများ၊ ကမ်းနားလမ်းနှင့် လမ်းဆုံများတွင် အင်အားအများအပြားဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။

ဂျိုရှူအာဗန် ရှေ့တစ်ပတ်ထဲမှာ မလေးရှားနဲ့ ထိုင်းကိုလာမယ်

Dawei Watch

May 12, 2026

ဒါဟာ မလေးရှားနဲ့ ထိုင်းနိုင်ငံဆီကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ဂျိုရှူအာဗန်ကို မြင်တွေ့ခွင့်ရနိုင်မယ့် အခွင့်အလမ်းကြီးပါပဲ။

သရက်ချောင်းမြို့နယ် လဝကဝန်ထမ်းတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ် ဖမ်းဆီး

Dawei Watch

May 12, 2026

သရက်ချောင်းမြို့နယ်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လဝက) ဝန်ထမ်းအမျိုးသမီးကို ဖမ်းဆီးထားသည်မှာ မှန်ကန်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ဗျူဟာ ၃၃-၃၄ ၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံကပြောဆိုသည်။ ဒေါ်မေဂျာသော် ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ “ဟုတ်ကဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဖမ်းထားပါတယ်။ တပ်ရင်းနံပါတ်၊ဗျူဟာ နံပါတ်တွေကိုတော့ ကျွန်တော်ထုတ်ပြောလို့မရဘူး” ဟု ၎င်းကပြောသည်။ မေလ ၁၀ ရက် နံနက်ပိုင်းတွင် သရက်ချောင်းမှ ထားဝယ်မြို့သို့ ဆိုင်ကယ်ဖြင့်သွားစဉ် ရန်တောင်ရွာနှင့် ညောင်ဇင်ကျေးရွာကြားရှိ မြိတ်-ထားဝယ်ကားလမ်းပေါ်၌ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံအချို့က ဆိုသည်။ ဖမ်းဆီးခံရသူမှာ ဒေါ်မေဂျာသော်ဖြစ်ပြီး သရက်ချောင်းမြို့နယ် လဝကရုံးတွင် ဒုလဝကမှူးအဆင့်ရှိသူ ဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ခါတိုင်းဆို သူ့အဖေက သူ့သမီးကို ပေါက်တိုင်းဂိတ်အထိ လိုက်ပို့ပေးနေကျ၊ သူ့သမီးကို တစ်ယောက်တည်း တစ်ခါမှ မလွှတ်ဘူး။ အခုက သူ့အဖေမပါဘဲ တစ်ယောက်တည်းသွားရင်း ဖမ်းခံထိတာဖြစ်မယ်။ […]

ခလရ (၁၀၆) ဒုတပ်ရင်းမှူးကို ရေးဘီလူးအဖွဲ့ ပစ်ခတ်

Dawei Watch

May 12, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် စစ်အာဏာရှင်တပ် ခလရ (၁၀၆) တပ်ရင်းမှ ဒုတပ်ရင်းမှူးကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေလ ၁၁ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင်အချိန်ခန့်က လမိုင်းမြို့၊ မြို့မ (၁) ရပ်ကွက်တွင် ခလရ (၁၀၆) ဒုတပ်ရင်းမှူး ထွန်းရာကျော် စီးနင်းလာသည့်ကား ရပ်နားထားချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။ ခလရ (၁၀၆) ဒုတပ်ရင်းမှူး ထွန်းရာကျော်ကို ရေးဘီလူးတပ်ဖွဲ့ဝင် နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ ခလရ (၁၀၆) ဒုတပ်ရင်းမှူး ထွန်းရာကျော် ပစ်ခတ်ခံရသည့်နေရာသည် လမိုင်းမြို့မရဲစခန်းနှင့် မီတာ ၁၀၀ ခန့်သာ ကွာဝေးသည်ဟု ဒေသခံတို့ထံမှ သိရသည်။ “မနေ့က ညနေ ၆ […]