ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် ဒူးရင်းသီးဈေး ပြန်ကျ

Dawei Watch

May 11, 2026

မြိတ်မြို့တွင် ဒူးရင်းသီးဈေးနှုန်း တစ်လအတွင်း ထက်ဝက်ခန့်ပြန်ကျကြောင်း ဒူးရင်းသီးရောင်းချသူများနှင့် ခြံပိုင်ရှင်အချို့က ပြောသည်။ ဒူးရင်းသီးရာသီအစ မတ်လဝန်းကျင်က အလယ်လတ်အရွယ်အစားရှိ ဒူးရင်းသီးတစ်လုံးလျှင် ကျပ်တစ်သောင်းခန့် ဈေးရှိခဲ့ပြီး လက်ရှိတွင် ကျပ်ငါးထောင်ခန့်သာ ဈေးရှိတော့ကြောင်း မြိတ်မြို့တွင် ဒူးရင်းသီးရောင်းချသူတစ်ဦးက ဆိုသည်။ ဒူးရင်းသီး အထွက်နှုန်းများလာခြင်း၊ လမ်းခရီးအခြေအနေများကြောင့် တိုင်းပြင်ပသို့ မပို့နိုင်ခြင်းစသည့် အခြေအနေများ ကြောင့် ဈေးပြန်ကျလာခြင်းဖြစ်ကြောင်း မြိတ်မြို့ရှိ ဒူးရင်းသီးကုန်သည်တစ်ဦးက ပြောဆိုသည်။ “အထက်ဘက် (တိုင်းပြင်ပ) ကိုလည်း ပို့ရအဆင်မပြေဘူး။ လမ်းမှာကြာတာနဲ့ (အသီး) ဖင်ကွဲပြီး ရှုံးတာများတယ်။ ဒါတွေလည်း ဈေးကျတာဖြစ်မယ်။ ဈေးကြီးတုန်းကလည်း ဘိတ် (မြိတ်) က ဖောက်သည်တွေ အားပေးကြပါတယ်။ ငါးလပိုင်း ကုန်လောက်ရင်တော့ အသီးနည်းပြီး ဈေးပြန်တက်နိုင်တယ်၊ ခန့်မှန်းပေါ့နား(နော်)” ဟု ၎င်းက ပြောသည်။ ကျွန်းစု၊ […]

သထုံတွင် ကားနှင့် ဆိုင်ကယ်တိုက်မိပြီး အမျိုးသမီးငယ် ၃ ဦး သေဆုံး

Dawei Watch

May 11, 2026

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ လေးတိုင်ကျေးရွာ၊ သထုံ – ဘားအံကားလမ်းတွင် မေလ ၁၀ ရက်နေ့ ညနေက ကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးငယ် သုံးဦးစလုံး သေဆုံးသွားကြောင်း ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ယနေ့ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်က သုဝဏ္ဏဝတီမြို့သစ်ဘက်မှ ကြာပန်းကျေးရွာဘက်သို့ အမျိုးသမီးငယ် သုံးဦး စီးလာသည့် ဆိုင်ကယ်နှင့် ဘားအံဘက်မှ သထုံဘက်သို့ မောင်းနှင်လာသည့် Honda Fit ကားတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့သည်။ ထိုယာဉ်တိုက်မှုအတွင်း ဆိုင်ကယ်စီးနင်းလာသည့် မိန်းကလေးငယ် သုံးဦးစလုံးသည် လွင့်ထွက်သွားပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ဆိုသည်။ “တိုက်တာ အရှိန်တော်တော်ပြင်းမယ် ထင်တယ်။ ကလေးတွေက လွင့်ထွက်သွားကြတာ။ သုံးယောက်စလုံး ပွဲချင်းပြီးဖြစ်သွားတယ်” ဟု […]

တိုင်းစစ်ကော်မရှင်က စီစဉ်ခဲ့သည့် ထားဝယ်မြို့ အပတ်စဉ် စတိတ်ရှိုး ရပ်နား

Dawei Watch

May 11, 2026

တနင်္သာရီတိုင်း၊ စစ်အစိုးရအဖွဲ့ ရုံးစိုက်ရာ ထားဝယ်မြို့တွင် တိုင်းစစ်ကော်မရှင်က စီစဉ်ခဲ့သည့် ကမ်းနားလမ်း အပတ်စဉ် စတိတ်ရှိုးကို စစ်အစိုးရအဖွဲ့သစ် ပြောင်းလဲပြီးနောက် သင်္ကြန်ကာလမတိုင်မီ (ဧပြီလဆန်း)မှစတင်ကာ ရပ်နားလိုက်ကြောင်း မြို့ခံများထံမှ သိရသည်။ အဆိုပါ စတိတ်ရှိုးကို ပြီးခဲ့သည့်နှစ် ခရစ္စမတ်နေ့မှစကာ သောကြာနေ့တိုင်း အပတ်စဉ် သုံးလခန့်ကြာ တိုင်းစစ်ကော်မရှင်၏ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ “သင်္ကြန်မတိုင်ခင်ကတည်းက သင်္ကြန်ပွဲလုပ်ဖို့ အားစိုက်ရမှာမို့ စတိတ်ရှိုး နားလိုက်တယ်။ အဲဒီကတည်းက နားလိုက်တာ အခုထိပဲ။ ပြီးတော့ အစိုးရ (စစ်အစိုးရ) အပြောင်းအလဲမှာ ရပ်လိုက်တယ်။ လုံခြုံရေး အခြေအနေကြောင့်လည်း ပါတယ်” ဟု တိုင်းစစ်အစိုးရနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ထားဝယ်မြို့တွင် သင်္ကြန်ကာလနှင့် နောက်ပိုင်း၌ မြို့တွင်း ရပ်ကွက်အချို့တွင် ပစ်ခတ်ခံရမှုများ ပြန်လည်ရှိလာနေသည်။ သင်္ကြန်အတက်နေ့နှင့် ယခု […]

ထားဝယ် အသက်အကြီးဆုံး Biker ဦးသီးလှိုင် စျာပန စက်ဘီးအသင်းနှင့် ဝါသနာရှင် ၆၀ ကျော် စက်ဘီးစီးပြီးပို့ဆောင်

Dawei Watch

May 11, 2026

ထားဝယ် စက်ဘီးအားကစားအသိုင်းအဝိုင်းတွင် နာမည်ကျော်သည့် အသက်အကြီးဆုံး Biker တစ်ဦးဖြစ်သည့် အသက် ၉၈ နှစ်အရွယ် ဦးသီးလှိုင်၏ စျာပနကို ထားဝယ် စက်ဘီးအသင်းဝင်များနှင့် စက်ဘီးဝါသနာရှင် ၆ဝ ကျော်က စက်ဘီးနင်း၍ လိုက်ပါပို့ဆောင်ကြကြောင်း စက်ဘီးအသင်းဝင်အချို့ထံမှ သိရသည်။ ဦးသီးလှိုင်သည် မေလ ၇ ရက်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး ၎င်း၏ စျာပန ကို မေလ ၁ဝ ရက်တွင် ထားဝယ်မြို့နယ်၊ ဇဟာရွာရှိ ဘာသာပေါင်းစုံ သုသာန်၌ ပြုလုပ်၍ မီးသင်္ဂြိုဟ်ခဲ့သည်။ စျာပနပို့ဆောင်ရာတွင် စက်ဘီးအမျိုးအစားမျိုးစုံ စီးနင်းကာ လိုက်ပါပို့ဆောင်ခဲ့ကြပြီး စက်ဘီးစီးနင်းသူများသည် “ဦးသီးလှိုင် အမှတ်တရ” ဟု ရုပ်ပုံနှင့် စာသားရိုက်နှိပ်ထားသည့် အဖြူရောင်တီရှပ်များကို ဆင်တူဝတ်ဆင်ခဲ့ကြသည်။ စျာပနပို့ဆောင်ရာ (ထားဝယ်မြို့နှင့် ဇဟာရွာ) အသွားအပြန် လမ်းကြောင်း […]

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ကန့်သတ်ချက်ဖြင့် ပြန်လွှတ်

Dawei Watch

May 11, 2026

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ယနေ့ (မေ ၁၁) နံနက် ၇ နာရီ ၄၀ မိနစ်ခန့်က ဘန်ကောက်မြို့ အကျဉ်းထောင်မှတစ်ဆင့် လွတ်မြောက်လာပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၇၆ နှစ်အရွယ် သက်ဆင်ရှင်နာဝပ်သည် အကျဉ်းထောင်မှ ထွက်လာသောအချိန် ထောင်ပြင်ပတွင် ထောင်ချီသော ထောက်ခံသူများနှင့် မိသားစုဝင်များက ကြိုဆိုနှုတ်ဆက်ခဲ့သည်။ အကျဉ်းထောင်မှ ပြန်လွတ်လာခဲ့သော်လည်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် လာမည့် စက်တင်ဘာလ ၉ ရက်နေ့အထိ ခြေချင်းဝတ်တွင် လျှပ်စစ်ခြေရာခံစက်ဝတ်ဆင်၍ လစဉ် အစီအရင်ခံ တင်ပြရမည်ဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့စဉ် အာဏာအလွဲသုံးမှု၊ အဂတိလိုက်စားမှုအတွက် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရသူဖြစ်ပြီး နောက်ပိုင်းတွင် တော်ဝင်လွတ်ငြိမ်းခွင့်အရ ထောင်ဒဏ် တစ်နှစ်သို့ […]

ယူကရိန်းစစ်ပွဲ အဆုံးသတ်တော့မည်ဟု ယူဆကြောင်း ပူတင်ပြော

Dawei Watch

May 10, 2026

ယူကရိန်းစစ်ပွဲ အဆုံးသတ်တော့မည်ဟု ယူဆကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က မေလ ၉ ရက်နေ့တွင် ပြောကြားလိုက်သည်။ မော်စကိုမြို့တွင် ကျင်းပသည့် စစ်အောင်ပွဲနေ့စစ်ရေးပြအခမ်းအနား၌ ယူကရိန်းကို အောင်နိုင်ရမည်ဟု ၎င်းက ကတိပြုပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပတွင် သေကြေပျက်စီးမှု အများဆုံးဖြစ်ပွားခဲ့သည့် ရုရှား-ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ပူတင်က “ဒီကိစ္စက အဆုံးသတ်ကို ဦးတည်နေပြီလို့ ကျွန်တော်ထင်တယ်” ဟု စနေနေ့က ရုရှားနိုင်ငံ မော်စကိုမြို့တွင် ပြုလုပ်ကျင်းပသည့် စစ်အောင်ပွဲနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ယင်းအပြင် ဥရောပတိုက်အတွက် လုံခြုံရေးဆိုင်ရာ အစီအမံအသစ်များကို ညှိနှိုင်းဆွေးနွေးရန် ဆန္ဒရှိကြောင်း ပူတင်က ဆိုသည်။ ဂျာမနီအဓိပတိဟောင်း ဂါဟတ်ရှရိုဒါ ကို ဆွေးနွေးဖက်အဖြစ် ပိုမိုနှစ်သက်ကြောင်း ၎င်းက ပြောသည်။ ၂၀၂၂ ခုနှစ်တွင် […]

ထားဝယ်မြို့ပေါ်တွင် အုပ်ချုပ်ရေးမှူးမိသားစု ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရ

Dawei Watch

May 10, 2026

ထားဝယ်မြို့ပေါ်တွင် အုပ်ချုပ်ရေးမှူးမိသားစု သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် နှစ်ဦးသေဆုံးကာ အသက် နှစ်ဆယ်ကျော်အရွယ် သမီးဖြစ်သူမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ ဇနီးမောင်နှံ နှစ်ဦးမှာ ဆန်းချီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်နှင့် ၎င်း၏ဇနီးဖြစ်သူတို့ ဖြစ်သည်။ အုပ်ချုပ်ရေးမှူးနှင့် မိသားစုမှာ မေလ ၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဆန်းချီရပ်ကွက် ဆန်းချီဘုန်းကြီးကျောင်းအနီးရှိ နေအိမ်၌ ရှိနေချိန် လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသား နှစ်ဦးက နေအိမ်ပေါ်အထိ ရောက်ရှိလာပြီး ပစ်သတ်သွားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ အဆိုပါ သေနတ်သမား နှစ်ဦးမှာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်ကို ကနဦး ပစ်ခတ်ခဲ့ပြီးနောက် ၎င်း၏ဇနီးနှင့် သမီးတို့ကိုပါ ထပ်မံပစ်ခတ်ခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။ ပစ်ခတ်ခံရမှုကြောင့် […]

မောတောင်မြို့နှင့်ကျေးရွာများကို လေယာဉ်ဖြင့်ဗုံးကြဲနေ၍ ဒေသခံလေးထောင်ကျော် စစ်ရှောင်

Dawei Watch

May 9, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့နှင့် ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ဒေသခံလေးထောင်ကျော် စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၆ ရက်နေ့တွင် မောတောင်မြို့ အမှတ် (၁) ရွာနှင့် ၂၇ ရက်နေ့တွင် အမှတ် (၉) ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရွာအတွင်းသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနေအိမ်များ ထိခိုက်ပျက်စီးကာ ဒေသခံများ တိမ်းရှောင်ကြရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ဧပြီလ ၂၈ ရက်နေ့တွင် မောတောင်မြို့ အမှတ် (၃) ရွာကို ဗုံးကြဲရာ အမှတ် (၆) ရွာသားနှစ်ဦး သေဆုံးခဲ့ပြီး၊ မေလ ၂ ရက်နေ့တွင် မောတောင်မြို့ကို ထပ်မံကြဲရာ နှစ်လသားအရွယ် ကလေးငယ်အပါအဝင် မိသားစုသုံးဦး ဒဏ်ရာရရှိသွားကြောင်း […]