မြိတ်တွင် ရေတစ်ယူနစ် ကျပ်ခုနစ်ထောင်ကျော်အထိ ကောက်ခံ
Dawei Watch
May 9, 2026မြိတ်မြို့တွင် ရေတစ်ယူနစ်လျှင် ကျပ်ခုနစ်ထောင်ကျော်အထိ ကောက်ခံနေသည့်အတွက် ဒေသခံများ အခက်အခဲဖြစ်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ယခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှစကာ တဖြည်းဖြည်းဈေးတက်လာခြင်းဖြစ်ပြီး လက်ရှိတွင် ရေတစ်ယူနစ်လျှင် ၇၅၀၀ ကျပ်ဝန်းကျင် ကောက်ခံနေကြောင်း မြို့ခံအချို့က ဆိုသည်။ ဖေဖော်ဝါရီလမတိုင်မီက ရေတစ်ယူလျှင် ကျပ် ၂၀၀၀ ဝန်းကျင်ဈေးရှိရာက နွေရာသီရေရှားပါးချိန် စက်သုံးဆီဈေးပါ တက်လာသဖြင့် ယင်းကဲ့သို့ ဈေးတက်လာကြောင်း ၎င်းတို့က ပြောသည်။ လက်ရှိတွင် မြိတ်မြို့၌ ဓာတ်ဆီ ၁လီတာလျှင် ကျပ် ငါးထောင်ဝန်းကျင် ဈေးပေါက်နေသည်။ အထွေထွေကုန်ဈေးနှုန်းတက်နေချိန် ရေမီတာခကလည်း အဆမတန်မြင့်တက်လာသည့်အတွက် အိမ်အသုံးစရိတ်ပိုများလာပြီး စားသောက်ရေးချွေတာနေရကြောင်း ပါရမီရပ်ကွက်နေ မြို့ခံတစ်ဦးက ဆိုသည်။ “ရေဖိုး (ကျပ်)တစ်သိန်းဝန်းကျင်က အိမ်တစ်အိမ်ရဲ့ ဝင်ငွေ လေးပုံမှာ တစ်ပုံဖြစ်နေပြီ။ရေကလည်းမရှိလို့မဖြစ်။ စားစရိတ်ကိုပဲ လျှော့သုံးနေရတယ်။ကုန်ဈေးနှုန်းကလည်းတက် တစ်လတစ်လ အပတ်လည်အောင် […]


