ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်-ကော့သောင်း အမြန်ရေယာဉ်ဖြင့်သွားလာသူများ လမ်းကြောင်းရှင်းခ ကျပ်တစ်သိန်းခွဲဈေးပေါက်

Dawei Watch

May 8, 2026

အမြန်ရေယာဉ်ဖြင့် မြိတ်မြို့မှ ကော့သောင်းမြို့သို့ လိုက်လာသည့် ခရီးသည်များကို လမ်းကြောင်းရှင်းခအဖြစ် တစ်ဦးလျှင် ငွေကျပ်တစ်သိန်းခွဲ ပေးနေရကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် ခရီးသွားဒေသခံအချို့ထံမှ သိရသည်။ အမြန်ရေယာဉ်ဖြင့် လိုက်ပါလာပြီး ထိုင်းနိုင်ငံသို့ ဆက်သွားမည့်သူများကို ကော့သောင်းမြို့ ဘုရင့်နောင်ကုန်းအနီး ဘောတံတားရှိ စစ်အာဏာရှင်တပ် လက်အောက်ခံရဲတပ်ဖွဲ့ဝင်များက တောင်းယူနေခြင်းဖြစ်ကြောင်း ယခုတစ်ပတ်အတွင်း မြိတ်မှ ကော့သောင်းသို့သွားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ မြိတ်မြို့မှ ကော့သောင်းမြို့သို့သွားရာတွင် သူဌေးကျွန်းအရှေ့ရှိ စစ်အာဏာရှင်ရေတပ်စစ်သင်္ဘောတွင် ဝင်ရောက် စစ်ဆေး ခံရပြီးနောက် ကော့သောင်း ဘောတံတားသို့ ဆိုက်ကပ်ချိန်တွင် ခရီးသွားအားလုံး၏ မှတ်ပုံတင်တောင်းယူ စစ်ဆေး လေ့ရှိသည်။ “ထိုင်းကို ဝင်မယ့်သူဆို သူတို့က သိနေတယ်။ (ကျပ်) တစ်သိန်းခွဲပေးပဲ။ ‘ငါသိနေတယ်နော်’ ဆိုပြီး ရဲကပြောတယ်” ဟု အထက်ပါ အမျိုးသမီးတစ်ဦးက ပြောသည်။ ထို့အပြင် […]

ကန်နှင့် အီရန် အပစ်ရပ်သဘောတူညီချက် ကျိုးပေါက်မည့်အရေး စိုးရိမ်မှုပိုမြင့်တက်

Dawei Watch

May 8, 2026

အီရန်စစ်ပွဲ အဆုံးသတ်နိုင်ရေး အမေရိကန်နှင့် အီရန်အကြား ယာယီသဘောတူညီချက်ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း ပါကစ္စတန်အရာရှိများက ပြောကြားခဲ့ပြီး နာရီပိုင်းအကြာတွင် တကျော့ပြန်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

သွေးလင်းထက်နဲ့ ရဲရင့်နောင်တို့ ဝိတ်ချိန်တာ၊ Hydration Test စစ်ဆေးတာတွေ အောင်မြင်သွားပြီ

Dawei Watch

May 7, 2026

မြန်မာဖိုက်တာ နှစ်ယောက်ဖြစ်တဲ့ သွေးလင်းထက် နဲ့ ရဲရင့်နောင် တို့ဟာ ဝိတ်ချိန်တာ နဲ့ Hydration Test စစ်ဆေးတာတွေကို အဆင်ပြေပြေနဲ့ အောင်မြင်သွားခဲ့ကြပြီလို့ သိရှိရပါတယ်။ သွေးလင်းထက် ဟာ ချတ်ပါယက်နဲ့ ပွဲထိုးရဖို့ ရှိနေပြီး နောက်ဆုံး ၂ ပွဲဆက် အရေးနိမ့်ထားတဲ့ သွေးလင်းထက်အတွက် ဒီပွဲကို အနိုင်ရဖို့ လိုအပ်ချက် မြင့်မားနေပါတယ်။ ချတ်ပါယက် ကလည်း သူ့အအနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ONE ပွဲစဉ် ၃ ပွဲမှာ ၁ ပွဲသာ အနိုင်ရပြီး ၂ ပွဲ ရှုံးနိမ့်ထားတဲ့အတွက် သွေးလင်းထက်ကို အနိုင်ကစားပြီး အစွမ်းအစတွေ ထုတ်ဖော်ပြသမယ်လို့ အသိပေးထားပါတယ်။ ရဲရင့်နောင် ကတော့ မြန်မာဖိုက်တာတွေကို အနိုင်ကစားပြထားသူ ဆက်ခ်ဆန်ရဲ့ ညီ ခန်းပွန်နွိုင်းနဲ့ ထိုးရမှာပါ။ […]

စစ်အာဏာရှင်တပ်သားနှစ်ဦး မြိတ်ခရိုင်တပ်ရင်းများထံသို့ ဘက်ပြောင်း

Dawei Watch

May 7, 2026

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ စစ်အာဏာရှင်တပ်က တပ်သားနှစ်ဦး လက်နက်နှင့်အတူ ဘက်ပြောင်း ခိုလှုံလာကြောင်း မြိတ်ခရိုင်တပ်ရင်း ၃ ၏ ထုတ်ပြန်ချက်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ‌ညောင်ပင်ကွင်းရွာအခြေစိုက် စစ်အာဏာရှင်အမှတ် ၅၆၁ ခြေမြန်တပ်ရင်းက တပ်သားနှစ်ဦးသည် မေလ ၆ရက် နံနက်၉နာရီတွင် မြိတ်ခရိုင်တပ်ရင်း ၃ နှင့် မြိတ်ခရိုင်တပ်ရင်း ၂ တို့ထံသို့ ဘက်ပြောင်းလာခြင်းဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း ၃ က ထုတ်ပြန်ထားသည်။ အဆိုပါတပ်သားနှစ်ဦးတွင် MA-1 နှစ်လက်၊ ကျည်ဘောက် ၇ဘောက်နှင့် ၅.၅၆ ကျည် ၂၄၄ တောင့် ယူဆောင်လာကြောင်း ဖော်ပြသည်။ စစ်အာဏာရှင်တပ်ရင်းက ထွက်ပြေးလာပြီး ရှေ့တန်းတစ်နေရာရှိ တော်လှန်ရေးတပ်များထံ ခိုလှုံခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၃ မှ ရဲဘော်တစ်ဦးက ဆိုသည်။ “ထွက်ပြေးလာတာက (ခမရ […]

မောတောင်လမ်း သဲဖြူရွာတွင် တိုက်ပွဲ နှစ်ပတ်ကျော်ကြာဖြစ်

Dawei Watch

May 7, 2026

တနင်္သာရီ-မောတောင်လမ်းပိုင်းရှိ သဲဖြူရွာတွင် စစ်အာဏာရှင်တပ်သားများစစ်ကူအင်အားဖြည့်ပြီး စစ်ကြောင်း ထိုးလာပြီးနောက် တိုက်ပွဲ နှစ်ပတ်ကျော်ကြာ ဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။ စစ်အာဏာရှင်တပ်က စစ်အင်အားများဖြည့်တင်းပြီး စစ်ကြောင်းထိုးသဖြင့် ဧပြီလ ၂၁ရက်မှစ၍ မေလ ၆ရက် ညအထိ နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ စစ်အာဏာရှင်တပ်သည် နှစ်ပတ်အတွင်း စစ်ကူအင်အား ငါးကြိမ် ဖြည့်ခဲ့ပြီး လေကြောင်းဖြင့်လည်း လေးကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ “တိုက်ပွဲက နေ့ရော ညရောဖြစ်တဲ့ အချိန်ရှိတယ်။ စစ်ကူအင်အားက အလုံးအရင်းတက်နေတယ်။ တစ်ရက်မှာ အနည်းဆုံး နှစ်ကြိမ်လောက်တော့ (တိုက်ပွဲ) ဖြစ်တယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။ စစ်အာဏာရှင်တပ်က မြိတ်မြို့က ဧပြီလ ၂၁ရက်တွင် ကားလေးစီး၊ ၂၄ရက်တွင် ကား […]

ဘန်ကောက်အနီး သံစက်ရုံတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့် မြန်မာအမျိုးသမီးတစ်ဦးသေဆုံး

Dawei Watch

May 7, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင် သံစက်ရုံထဲတွင် လုပ်ငန်းခွင် မတော်တဆမှုကြောင့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး သေဆုံးကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ စမွတ်ပရကန်ခရိုင် ဘန်ဖီဒေသရှိ သံစက်ရုံထဲတွင် မေလ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က အသက် ၂၂ နှစ်အရွယ် မခိုင်သဇင်ဝင်း အလုပ်လုပ်ကိုင်နေစဉ် သံပြားခွေများ မတော်တဆ ကိုယ်ပေါ်ပြုတ်ကျလာရာမှ သေဆုံးကြောင်း WAG အဖွဲ့က ကိုမုန်တိုင်းက ပြောသည်။ “လက်ရှိကတော့ အလောင်းကို မထုတ်ရသေးပါဘူး။ သေမှုသေခင်းကိစ္စတွေကို ဆက်လက်ဆောင်ရွက်ရပါဦးမယ်။ နစ်နာကြေးကိစ္စတွေကိုတော့ အိမ်က မိဘတွေ လာမှ ဆက်လုပ်ရပါမယ်” ဟု ၎င်းက ဆိုသည်။ ရုပ်အလောင်းကိုမူ ကယ်ဆယ်ရေးအဖွဲ့များက ဘန်ဖီဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ရုပ်အလောင်းကို ထုတ်ယူရန် […]

ဝေဒီရွာတွင် စစ်အာဏာရှင်တပ် အမျိုးသားတစ်ဦးကို ပစ်သတ်ပြီး တစ်ဦးကိုဖမ်းခေါ်

Dawei Watch

May 7, 2026

လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာသို့ စစ်ကြောင်းထိုး ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်သည် အမျိုးသားတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ အင်အားတစ်ရာဝန်းကျင်ခန့်ရှိသည် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် မေလ ၆ရက် နံနက် အစောပိုင်းကစပြီး ဝေဒီကျေးရွာသို့ သေနတ်ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။ ယင်းနောက် ဝေဒီကျေးရွာရှိ ထားဝယ်မြစ်ကမ်းနံဘေးတွင်ရှိသော မော်တော်ကားတစ်စီးနှင့် အဆောက်အအုံတစ်ခုကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းအပြင် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး လူငယ်အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခေါ် ဆောင်သွားကြောင်း ၎င်းက ဆိုသည်။ “အလောင်းကို ဒီမနက်ပဲ မီးရှို့ခဲ့တာ။ (အသတ်ခံရသူက) ရွာသားတော့ မဟုတ်ဘူး။ (စစ်အာဏာရှင်တပ်ဆီကနေ) ထွက်ပြေးသွားတဲ့ သူကို သူတို့ ပြန်ဖမ်းမိပြီး ပစ်သတ်ခဲ့တာလို့ သိရတယ်” ဟု ၎င်းက ပြောသည်။ […]

အယုဒ္ဓယတွင် တရားမဝင် လာသော မြန်မာ ၁၀ကျော် ဖမ်းဆီးခံရ

Dawei Watch

May 7, 2026

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၁၃ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မေလ ၆ ရက်က အယုဒ္ဓယခရိုင် မဟာရတ်ဒေသ အဝေးပြေးလမ်းမကြီးပေါ်တွင် ရဲတပ်ဖွဲ့များ ဂိတ်ချစစ်ဆေးနေစဉ် အလေးချိန် ပိုမိုတင်ဆောင်လာသည့် တိုယိုတာအိမ်စီးကားတစ်စီးကို တွေ့ရသဖြင့် ရပ်တန့်စစ်ဆေးခဲ့ကြောင်း ဆိုသည်။ ကားကို အသက် ၃၄ နှစ်အရွယ် ကိုကျော်သက် ဆိုသူ မောင်းနှင်လာပြီး ကားထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ကိုးဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ၁၃ ဦးကို တွေ့ရှိရကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများတွင် နိုင်ငံကူးလက်မှတ် သို့မဟုတ် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရသဖြင့် ကားသမားနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ မြန်မာနိုင်ငံသားများကို မဲဆောက်-ဘန်ကောက် လမ်းရှိ နခွန်စဝမ်ခရိုင်မှတစ်ဆင့် […]