ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သွေးလင်းထက်နဲ့ ရဲရင့်နောင်တို့ ဝိတ်ချိန်တာ၊ Hydration Test စစ်ဆေးတာတွေ အောင်မြင်သွားပြီ

May 7, 2026

မြန်မာဖိုက်တာ နှစ်ယောက်ဖြစ်တဲ့ သွေးလင်းထက် နဲ့ ရဲရင့်နောင် တို့ဟာ ဝိတ်ချိန်တာ နဲ့ Hydration Test စစ်ဆေးတာတွေကို အဆင်ပြေပြေနဲ့ အောင်မြင်သွားခဲ့ကြပြီလို့ သိရှိရပါတယ်။

သွေးလင်းထက် ဟာ ချတ်ပါယက်နဲ့ ပွဲထိုးရဖို့ ရှိနေပြီး နောက်ဆုံး ၂ ပွဲဆက် အရေးနိမ့်ထားတဲ့ သွေးလင်းထက်အတွက် ဒီပွဲကို အနိုင်ရဖို့ လိုအပ်ချက် မြင့်မားနေပါတယ်။

ချတ်ပါယက် ကလည်း သူ့အအနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ONE ပွဲစဉ် ၃ ပွဲမှာ ၁ ပွဲသာ အနိုင်ရပြီး ၂ ပွဲ ရှုံးနိမ့်ထားတဲ့အတွက် သွေးလင်းထက်ကို အနိုင်ကစားပြီး အစွမ်းအစတွေ ထုတ်ဖော်ပြသမယ်လို့ အသိပေးထားပါတယ်။

ရဲရင့်နောင် ကတော့ မြန်မာဖိုက်တာတွေကို အနိုင်ကစားပြထားသူ ဆက်ခ်ဆန်ရဲ့ ညီ ခန်းပွန်နွိုင်းနဲ့ ထိုးရမှာပါ။

သွေးလင်းထက်ရဲ့ ပွဲက The Inner Circle ခေါင်းစဉ်အောက်မှာ ရှိနေတဲ့အတွက် Pay Per View စနစ်နဲ့သာ ကြည့်ကြရပါလိမ့်မယ်။ ရဲရင့်နောင် နဲ့ ခန်းပွန်နွိုင်းတို့ ပွဲကိုတော့ YouTube ကနေ ပြသပေးတဲ့ Free စနစ်မှာ ရှုစားနိုင်မှာပါ။

ရဲရင့်နောင်၊ ခန်းပွန်နွိုင်း၊ ချတ်ပါယက် နဲ့ သွေးလင်းထက် တို့ လေးယောက်လုံးဟာ ဝိတ်ချိန်တာ နဲ့ Hydration Test စစ်ဆေးတာကို အဆင်ပြေပြေနဲ့ ကျော်ဖြတ်ပြနိုင်ခဲ့လို့ ထိုးကြေးအပြည့် ရရှိတော့မှာဖြစ်သလို အလဲထိုးနိုင်ခဲ့ရင် ဘောနပ်စ်ရရှိနိုင်ဖို့ကိုပါ မျှော်လင့်ခွင့်ရှိသွားပြီဖြစ်ပါတယ်။