ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘီးလင်းတွင် စခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်

Dawei Watch

May 7, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေသည့်အတွက် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်အာဏာရှင်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်အာဏာရှင်တပ်၏ လေးကေတပ်စခန်းနှင့် ဝင်းတာပန်တပ်စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဧပြီလဆန်းပိုင်းကတည်းက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လေးကေတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဧပြီလ ၁၂ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဝင်းတာပန်စခန်းကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ရေး တိုက်ခိုက်လျက်ရှိသည်။ စစ်အာဏာရှင်တပ်ဘက်ကလည်း ဝင်းတာပန်စခန်း လက်မလွှတ်ရစေရန် အပြင်းအထန် ခုခံတိုက်ခိုက်နေသည်။ ယင်းအပြင် စစ်အင်အား အများအပြားဖြင့် မြေပြင်ထိုးစစ်ဆင်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး၊ ဒရုန်းနှင့် စက်တပ်လေထီးများ (Para-motor) အသုံးပြုကာ ဗုံးကျဲတိုက်ခိုက်မှုများကိုလည်း နေ့စဉ်နှင့်အမျှ ပြုလုပ်လျက်ရှိသည်။ “တိုက်ပွဲက နေ့တိုင်းရှိတယ်။ စစ်တပ်ဘက်ကတော့ သူတို့စခန်းမကျဖို့ကို အပြင်းအထန် ခုခံနေတယ်။ လေကြောင်းအသုံးပြုပြီးတော့ […]

အသက်အကြီးဆုံး ထားဝယ် Biker ဦးသီးလှိုင် ကွယ်လွန်

Dawei Watch

May 7, 2026

ထားဝယ်ဒေသ စက်ဘီးအားကစားအသိုင်းအဝိုင်းတွင် နာမည်ကျော်သည် အသက်ကြီးဆုံး Dawei Biker ဦးသီးလှိုင်သည် ယနေ့ မေလ ၇ ရက် နံနက် ၁ နာရီဝန်းကျင်တွင် ကွယ်လွန်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ဦးသီးလှိုင် ကွယ်လွန်ချိန်တွင် အသက် ၉၈ နှစ်ရှိပြီဖြစ်ပြီး လူကြီးရောဂါဖြင့် ကွယ်လွန်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “အဘိုးက ကျန်းမာရေးလိုက်စားတော့ ရောဂါကြီးကြီးမားမားမရှိဘူး။ တစ်လလောက်တော့ နေမကောင်းဖြစ်လိုက်တယ်။ လူကြီးရောဂါပဲ ပြောရမယ်” ဟု ၎င်းက ပြောဆိုသည် ။ ဦးသီးလှိုင်သည် ထားဝယ်စက်ဘီးအသင်း၏ (Dawei Bike Association) ၏ နာယက တစ်ဦးဖြစ်သည်။ စက်ဘီးစီးခြင်းအပြင် ဦးသီးလှိုင်သည် ၁၉၉၉ ခုနှစ် အသက် ၆၈ နှစ်အရွယ်တွင် မြန်မာပြည်တောင်ပိုင်း […]

အီရန်စစ်ပွဲအဆုံးသတ်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးရန် နီးကပ်နေပြီဟုဆို

Dawei Watch

May 7, 2026

အီရန်စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်နှင့် အီရန်အကြား စာမျက်နှာတစ်မျက်နှာပါ နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးနိုင်ရန် နီးကပ်နေပြီဖြစ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူနှစ်ဦးနှင့် အခြားသတင်းအရင်း အမြစ်နှစ်ခုက ပြောကြားကြောင်း အမေရိကန်အခြေစိုက် Axios သတင်းတွင် ဖော်ပြသည်။ ယင်းသို့ နီးစပ်နေပြီဖြစ်ကြောင်း အီရန်စစ်ပွဲ အဆုံးသတ်‌ရေး ကြိုးပမ်းရာတွင် ပါဝင်နေသည့် ပါကစ္စတန် သတင်းအရင်းအမြစ်တစ်ခုကလည်း ရိုက်တာသတင်းဌာနကို ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပြောကြားခဲ့သည်။ “ဒီကိစ္စကို မကြာခင်မှာ အပြီးသတ်နိုင်တော့မှာပါ။ ကျွန်တော်တို့ သဘောတူညီမှုရဖို့ နီးစပ်နေပါပြီ” ဟု အဆိုပါ ပါကစ္စတန်သတင်းအရင်းအမြစ်က ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ ယင်းနားလည်မှုစာချွန်လွှာတွင် အီရန်အဏုမြူကိစ္စရပ်ဆိုင်ရာ အသေးစိတ်ဆွေးနွေးမှုများအတွက် အခြေခံမူဘောင်များ ချမှတ်နိုင်ရေးလည်း ပါဝင်ကြောင်း သိရသည်။ ယင်းနားလည်မှုစာချွန်လွှာပါ အဓိကအချက်များနှင့် ပတ်သက်၍ ၄၈ နာရီအတွင်း အီရန်ဘက်က တုံ့ပြန်လာရန် အမေရိကန်ဘက်က မျှော်လင့်ထားကြောင်း သိရသည်။ […]

ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်မှုထမ်းကြေး စကောက်

Dawei Watch

May 7, 2026

အသက် ၁၈ နှင့် ၄၅ နှစ်ကြား အမျိုးသားရှိသည့် တစ်အိမ်ထောင်လျှင် ကျပ်နှစ်သောင်းစီ စစ်အစိုးရ လက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပျူစောထီးများထံ ထည့်ဝင်ရကြောင်း ဆိုသည်။

စစ်အာဏာရှင်တပ်က လောင်းလုံး၊ ဝေဒီကမ်းနားတွင် ကားတစ်စီးကို မီးရှို့

Dawei Watch

May 6, 2026

ယနေ့ နံနက်အစောပိုင်းမှစ၍ လောင်းလုံးကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက် နေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ကော်သူးလေတပ်၊ ဆာကပေါတပ်ရင်းမှ တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ကျော် KNLA နှင့် ပူးပေါင်း

Dawei Watch

May 6, 2026

တပ်ရင်း တစ်ခုလုံးနီးပါး လာရောက်ပူးပေါင်းခြင်းဖြစ်ပြီး KNU ၏ စစ်ရေးဦးဆောင်မှုကို လက်ခံကာ ပူးပေါင်းစစ်ဆင်ရေး ဖော်ဆောင်မည်ဟု ပဒိုစောအယ်နားကဆိုသည်။

စစ်အာဏာရှင်တပ်၏ စစ်ကူကား သုံးစီး မိုင်းဆွဲခံရပြီးနောက် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်

Dawei Watch

May 6, 2026

ဗောဓိကမ်းတံတားဘက်မှ ညောင်ပင်ကွင်းရွာ အခြေစိုက် အမှတ် (၅၆၁) ခြေမြန်တပ်ရင်းသို့ သွားသည့် ကား ၃ စီးကို ၅ မိုင်ရွာအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုင်းတွင် မြန်မာစကားပြန်ကို တရုတ်လုပ်ငန်းရှင် သူဌေးက ရိုက်နှက်နှိပ်စက်ပြီး ရေနွေးပူဖြင့်လောင်း

Dawei Watch

May 6, 2026

တရုတ်နိုင်ငံသားများက ကိုသားသားကို ဂေါက်တံ၊ သံတုတ်များဖြင့် ရိုက်နှက်ပြီး ခန္ဓာကိုယ်ပေါ်နှင့် ပါးစပ်ထဲသို့ ရေနွေးပူလောင်းခြင်းတို့ကို ၅ နာရီခန့်ဆက်တိုက်လုပ်ပြီး ပိတ်လှောင်ထားဟုဆိုသည်။