ကမ္ဘောဒီယားမှ ပြန်ပို့သည့် အွန်လိုင်းလောင်းကစားတွင်ပါဝင်သူ မြန်မာလေးရာနီးပါး မြိတ်မြို့သို့ရောက်လာ
Dawei Watch
January 26, 2026ကမ္ဘောဒီးယားနိုင်ငံမှ လွှဲပြောင်းပေးလိုက်သည့် အွန်လိုင်းလိမ်လည် လောင်းကစားတွင် ပါဝင်သူ မြန်မာနိုင်ငံသား ၃၈၀ ဦး ယနေ့ ဇန်နဝါရီ ၂၆ ရက်တွင် မြိတ်မြို့သို့ ရောက်ရှိကြောင်း စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ထားသည်။ အွန်လိုင်းလိမ်လည်လောင်းကစားမှုဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများကို ကမ္ဘောဒီးယားနိုင်ငံရှိ မြန်မာသံရုံးသို့ လွှဲပြောင်းပေးပြီးနောက် ယခုကဲ့သို့ မြိတ်မြို့သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းတွင်ပါဝင်သည့် မြန်မာနိုင်ငံသား ၅၅၆ ဦး ကမ္ဘောဒီးနိုင်ငံက လွှဲပြောင်းပေးခဲ့သည့်အနက် မြိတ်မြို့သို့ ၃၈၀ ဦး ရောက်ရှိလာခြင်းဖြစ်သည်။ ပထမအသုတ် ၁၃၆ ဦးကို မန္တလေးမြို့သို့ ဇန်နဝါရီလ ၂၃ ရက်က ပို့ဆောင်ပေးခဲ့ပြီး ဇန်နဝါရီလ ၂၅ ရက်တွက်မူ နောက်ထပ် မြန်မာနိုင်ငံသား ၅၀ ဦးကို မန္တလေးမြို့သို့ပင် ပို့ဆောင်ခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။ ကျန်ရှိသည့် […]


