ရွေးကောက်ပွဲနေ့ ထားဝယ်မြို့ မနက်ပိုင်းအခြေအနေ
Dawei Watch
December 28, 2025စစ်ကော်မရှင်က ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပနေသည့် ရွေးကောက်ပွဲနေ့ မနက်ပိုင်းတွင် ထားဝယ်မြို့ရှိ ရပ်ကွက်အချို့တွင် လူသွားလူလာနည်းပါးနေသည်။ ထားဝယ်မြို့ အဓိကလမ်းမကြီးများသာမက လမ်းသွယ်များ၊ စျေးများတွင်ပါ ထူးထူးခြားခြား လူသွား၊ လူလာနည်းပါးနေ နေကြောင်း မြို့ခံအချို့က ပြောသည်။ ပုံမှန်အားဖြင့် မနက်စောစောတွင် စည်ကားနေလေ့ရှိသည့် ဈေးအချို့လည်း ယနေ့တွင် ရောင်းသူ၊ဝယ်သူ မရှိဘဲ တိတ်ဆိပ်ခြောက်ကပ်နေကြောင်း မြို့ခံအချို့က ပြောသည်။ “နေ့တိုင်းလူတွေ ဒီလောက်ရှုပ်တာ ဒီနေ့ လမ်းပေါ်မှာရော၊ ဈေးမှာရော လူတစ်ယောက်မှကိုမရှိဘူး။ တစ္ဆေခြောက်နေသလိုပဲ” ဟု မြို့ခံတစ်ဦးက နံနက် ၇ နာရီအချိန်က ပြောဆိုသည်။ သို့သော် ရပ်ကွက်အချို့တွင်မူ ပုံမှန်အတိုင်း သွားလာ၊ ရောင်းဝယ်နေကြသည်များလည်းရှိကြောင်း အခြားမြို့ခံတို့က ပြောသည်။ “ရပ်ကွက်တစ်ခုနဲ့တစ်ခုမတူဘူး။ တစ်နေ့လုပ် တစ်နေ့စားများတဲ့ ရပ်ကွက်တွေမှာတော့ […]


