ထားဝယ်သားလုပ်ငန်းရှင် ဦးခင်စိုး နေ့တွင်းချင်း ပြန်အဖမ်းခံရ
Dawei Watch
May 1, 2026ထောင်ဒဏ်ခြောက်လချမှတ်ခံရပြီး ခုနစ်ရက်အကြာတွင် လွတ်ငြိမ်းဖြင့်ပြန်လွတ်လာသည့် ထားဝယ်သား စီးပွားရေးလုပ်ငန်းရှင် ဦးခင်စိုး နေ့တွင်းချင်းမှာပင် ပြန်အဖမ်းခံရကြောင်း မြန်မာနိုင်ငံ စက်သုံးဆီအသင်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌဖြစ်သည့် ဦးခင်စိုးနှင့် အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်တို့သည် ယခုနှစ် ဇန်နဝါရီလက ဖမ်းဆီးခံရပြီးနောက် ဧပြီလ ၂၃ ရက်တွင် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်တရားရုံးက ထောင်ဒဏ် ခြောက်လစီ ချမှတ်ခဲ့သည်။ ထိုနောက် ဧပြီ ၃၀ ရက် (ကဆုန်လပြည့်နေ့) စစ်အစိုးရ၏လွတ်ငြိမ်းတွင် ဦးခင်စိုးနှင့် ဒေါက်တာဝင်းမြင့်တို့ နှစ်ဦးစလုံးလွတ်လာပြီးနောက် ပြန်လည်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီအသင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ၎င်းတို့နှစ်ဦး၏ လျှော့ရက်တွက်ရာတွင် နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းအတွက်လျှော့ရက် ခြောက်ပုံတစ်ပုံကိုပါ ထည့်သွင်းရေတွက်ထား မိသဖြင့် မှားယွင်းသည်ဟုဆိုကာ နေပြည်တော်မှ ရန်ကုန်သို့ ပြန်လာချိန် […]


