ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့စမွေကျွန်းက မြန်မာများ၏ ကဆုန်လပြည့် နိဗ္ဗာန်ဈေးပွဲတော်

April 30, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားကျွန်းဖြစ်သော ကော့စမွေကျွန်းရှိ ဓမ္မဒီပအန်ကောကျောင်းတွင် ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲနှင့် မြန်မာနိုင်ငံသားများ၏ နိဗ္ဗာန်ဈေးခေါ် စတုဒီသာပွဲတော်ကို ယနေ့ ဧပြီလ ၃၀ ရက် ညနေ ၅ နာရီမှစတင် ကျင်းပနေသည်။

ပွဲတော်သို့ လာရောက်သူများသည် ဘုရားဆီမီးပူဇော်ကြပြီး ကဆုန်ညောင်ရေသွန်းလောင်း၍ ရဟန်းသံဃာကို သင်္ကန်းကပ်လှူပူဇော်နေသည်ကို တွေ့ရသည်။

ကျောင်းဝင်းအတွင်း နိဗ္ဗာန်ဈေးတွင် စတုဒီသာမုန့်ဈေးတန်းပေါင်း ၅၀ ခန့်က ကျွေးမွေးဧည့်ခံနေပြီး အလှူရှင်များက ထားဝယ်မုန့်လက်သုပ်၊ ရခိုင်မုန့်တီ၊ ရေခဲမုန့်၊ ကြက်ကြော်၊ အအေးများနှင့် မုန့်အချိုများစွာဖြင့် ကျွေးမွေးနေသည်။

ယခုနှစ်ပွဲတော်တွင် အိုးစည်ဒိုးပတ်အဖွဲ့ကလည်း ကပြဖျော်ဖြေနေသည်ကို တွေ့ရသည်။

ကော့စမွေကျွန်းသည် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများစွာ ရှိနေသဖြင့် မြန်မာအလုပ်သမားများစွာ လာရောက်လုပ်ကိုင်လျက်ရှိသော ကျွန်းဖြစ်သည်။