မဲဆောက်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရသော ရဲတပ်ကြပ်ကြီးအတွက် မြန်မာများ စုပေါင်းသွေးလှူ
Dawei Watch
January 21, 2026ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်ကုရပ်ကွက်တွင် မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသော မဲဆောက်ရဲစခန်းက ရဲတပ်ကြပ်ကြီးအတွက် မြန်မာနိုင်ငံသားများက စုပေါင်းသွေးလှူဒါန်းကြောင်း မဲဆောက်အခြေစိုက် ထိုင်းသတင်းထောက်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားသည်။ ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းက မယ်ကုရပ်ကွက် မဲဆောက်-အူဖန်းလမ်းပေါ် စတိုးဆိုင်အနီးတွင် လက်နက်မှောင်ခို ရောင်းဝယ်ရန် ဆိုင်ကယ်ဖြင့်လာသော မြန်မာနိုင်ငံသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရန် ကြိုးပမ်းစဉ် ရဲတပ်ကြပ်ကြီးကို မြန်မာနိုင်ငံသားတစ်ဦးက ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရသော ရဲတပ်ကြပ်ကြီးမှာ ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာရရှိခဲ့ပြီး မဲဆောက်ဆေးရုံကြီးတွင် အရေးပေါ်ကုသခဲ့ရကာ လက်ရှိတွင် အခြေအနေမှာ တည်ငြိမ်လာပြီဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ဆေးကုသမှုခံယူနေရသည့် ရဲတပ်ကြပ်ကြီးအတွက် မဲဆောက်ဆေးရုံတွင် လာရောက်သွေးလှူဒါန်းနိုင်ကြောင်း ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းတွင် မဲဆောက်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယနေ့ […]


