ထားဝယ်တွင် လူသုံးများသည့် တိုင်းရင်းဆေးသုံးမျိုးကို သုံးစွဲရန်မသင့်ကြောင်း ကြေညာ
Dawei Watch
April 29, 2026ထားဝယ်ဒေသတွင် သုံးစွဲသူများသည့် တိုင်းရင်းဆေးအမှတ်တံဆိပ် သုံးမျိုးအပါအဝင် ဆေးခုနစ်မျိုးကို ကျန်းမာရေးဝန်ကြီးဌာနက သုံးစွဲရန်မသင့်ကြောင်း ယနေ့ ကြေညာလိုက်သည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်သည့် သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးအမှတ်တံဆိပ် ခုနစ်မျိုးတွင် ထားဝယ်ဒေသ၌ လူသုံးများသည့် အမှတ်တံဆိပ် သုံးမျိုးအထိ ပါဝင်နေခြင်းဖြစ်သည်။ သုံးစွဲရန်မသင့်ကြောင်း ကြေညာခဲ့သည့် တိုင်းရင်းဆေး ခုနစ်မျိုးမှာ ငွေနတ်သား၊ သစ္စာရှင်၊ မေတ္တာရှင်၊ ဖိုးဘစံ၊ ရွှေဟင်္သာ၊ ရွှေ နှင့် ဝိဇ္ဇာအောင် တိုင်းရင်းဆေးအမှတ်တံဆိပ်တို့ ဖြစ်သည်။ သုံးစွဲရန်မသင့်ဆေးများအနက် ထားဝယ်ဒေသတွင် အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေးအဖြစ် သုံးစွဲလေ့ရှိသည့် ငွေနတ်သား၊ သစ္စာရှင်နှင့် မေတ္တာရှင် အမှတ်တံဆိပ် တိုင်းရင်းဆေးများလည်း ပါဝင်နေသည်။ အဆိုပါဆေးများတွင် အနောက်တိုင်းဆေးဝါးများဖြစ်သည့် Paracetamol နှင့် Diclofenac (ဒိုင်ကလိုဖန်းနက်) ဆိုသော အကိုက်အခဲပျောက်ဆေးများ ရောစပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် စံမညီတိုင်းရင်းဆေးဝါးများဖြစ်ပြီး […]


