စစ်အာဏာရှင်တပ် ဝင်းဝရွာရှိ နေအိမ်များတွင်တပ်စွဲနေပြီး စခန်းကိုပြန်ဆောက်
Dawei Watch
April 29, 2026သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုကားလမ်းပေါ်က ဝင်းဝစခန်းကို စစ်အာဏာရှင်တပ် အခိုင်အမာ ပြန်လည်ဆောက်လုပ်နေပြီး လက်ရှိတွင် အရပ်သားနေအိမ်များ၌ တပ်စွဲထားကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။ ဝင်းဝစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်များ တစ်လကျော်ကြာတိုက်ခိုက်ပြီးနောက် မတ်လ ၁၁ ရက်တွင် သိမ်းယူခဲ့သည်။ ယင်းနောက် ရက် ၂၀ ခန့် အကြာ မတ်လ ၃၁ရက်တွင် စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်ခဲ့သည်။ လက်ရှိတွင် စစ်အာဏာရှင်တပ်သည် နေအိမ်များတွင် ဘန်ကာသဖွယ်ပြုလုပ်ကာ နေထိုင်နေပြီး ဝင်းဝစခန်းတွင်လည်း ဘန်ကာများ အခိုင်အမာပြန်လည်တည်ဆောက်နေကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ “ရွာက အိမ်တွေမှာ တပ်စွဲထားတာ မနည်းဘူး။ ရွာသားတွေလည်း ရွာထဲပြန်ဝင်ပြီး မနေရဲသေးဘူး။ အိမ်တွေမှာတောင် ဘန်ကာပုံစံမျိုးတွေ ဆောက်လုပ်ပြီး နေနေတယ်လို့ကြားတယ်” […]


