ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် လူသတ်မှု သံသယဖြင့် မြန်မာတစ်ဦးကို ဖမ်းဆီး

Dawei Watch

December 18, 2025

ထိုင်းနိုင်ငံအရှေ့ပိုင်း ကျန်ထဘူရီခရိုင်တွင် အလောင်းကို ရေပုံးထဲထည့်ပြီး စွန့်ပစ်အလောင်းဖျောက်ထားမှုနှင့် ပတ်သက်၍ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ရှာဖွေနေစဉ် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြီးခဲ့သော ဒီဇင်ဘာလ ၄ ရက်နေ့က ကျန်ထဘူရီခရိုင် ဘုန်းကြီးကျောင်းအနီး ဝါးတောထဲတွင် အနက်ရောင်ရေပုံးကြီးထဲမှ အပုပ်နံ့ရသဖြင့် ရဲတပ်ဖွဲ့များက သွားရောက်စစ်ဆေးစဉ် အမည်မသိသူတစ်ဦး၏ အလောင်းကို ကြိုးတုပ်ထားသည့်ပုံစံဖြင့် တွေ့ခဲ့ရသည်။ သေဆုံးသူသည် အသက် ၄၀ နှစ်အရွယ်ရှိပြီး အလောင်းကို အနက်ရောင် ပလပ်စတစ်နှင့်အတူ ပုဆိုးဖြင့် ထုပ်ပိုးထားသည်ကို တွေ့ရကြောင်း သိရသည်။ ခေါင်းနှင့် ခြေထောက်ကိုလည်း ခေါက်ထားပြီး ခြေလက်များကို ကြိုးတုပ်ထားကာ လည်ပင်းနှင့် ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာများကို တွေ့ရကြောင်း သတင်းတွင်ဖော်ပြသည်။ သေဆုံးသူသည် အနီးအနားတွင် နေထိုင်သူများထဲက မဟုတ်ဘဲ မြန်မာပုဆိုးကို တွေ့ရသဖြင့် မြန်မာနိုင်ငံသားဖြစ်နိုင်ပြီး […]

ဘန်ကောက်အနီး လူကူးခုံးကျော်တံတား ပြိုကျမှု ကားသမား တစ်ဦးသေပြီး ၂ ဦး ဒဏ်ရာရ

Dawei Watch

December 18, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် လူကူးခုံးကျော်တံတားကို ကားနောက်ပိုင်း (Dump Body) ကို ထောင်၍ မောင်းလာသော ကုန်တင်ကားက ဝင်တိုက်မိသဖြင့် တံတားပြိုကျပျက်စီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ဒီဇင်ဘာလ ၁၈ ရက် နံနက် ၉ နာရီခန့်က ဘန်ဘိုနယ်မြေ ဘန်ဖလီနွိုင်ဒေသရှိ လူကူးခုံးကျော်တံတားကို ကားဘော်ဒီကို မချဘဲ ထောင်၍မောင်းလာသော ကုန်တင်ကားက ဝင်တိုက်ခဲ့သဖြင့် တံတားကျိုးကျခဲ့ခြင်းဖြစ်သည်။ တံတားသည် ကုန်တင်ကားနှင့် အနီးရှိ ကြက်ဥတင်လာသော ပစ်ကပ်ကားပေါ်သို့ ပြိုကျခဲ့သဖြင့် ပစ်ကပ်ကားသမားမှာ နေရာတွင်ပင် သေဆုံးခဲ့သည်။ နောက်ထပ် ကားမောင်းသမားသည် ကားထဲတွင် ၂ နာရီကြာ ပိတ်မိနေခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက ကရိန်းနှင့် ဖြတ်စက်များ အသုံးပြု၍ ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရသည်။ ကုန်တင်ကားမောင်းသမားမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး‌ နောက်ထပ်တစ်ဦးလည်း တံတားပြိုကျမှုကြောင့် […]

ပိတ်ရတော့မည်ဆိုသော မြိတ်မြို့က အခမဲ့ဆေးခန်း နေရာသစ်ပြောင်း၍ ဆက်ဖွင့်မည်

Dawei Watch

December 18, 2025

နေရာအခက်အခဲကြောင့် ပိတ်သိမ်းရမည့် အခြေအနေဖြစ်နေသည့် မြိတ်မြို့ရှိ အခမဲ့ဆေးခန်းကို Smile World ကစားကွင်းနေရာသို့ ပြောင်းရွှေ့ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆေးခန်းဦးဆောင်သူ ဒေါက်တာတင်စိုးမိုးထံမှ သိရသည်။ မြိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲက ဦးဆောင်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာက စတင်ဖွင့်လှစ်ထားသည့် အခမဲ့ဆေးခန်း တည်ရှိရာအဆောက်အအုံကို ပိုင်ရှင်ကပြန်လည်ရယူမည်ဖြစ်၍ ပိတ်ရမည့် အခြေအနေဖြင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ အဆိုပါဆေးခန်းအတွက် ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အဆောက်အအုံအား ပိုင်ရှင်များက ကာလရှည်ကြာ အခမဲ့ငှားရမ်းပေးထားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အလှူရှင်များရှိလာပြီဖြစ်သည့်အတွက် လာမည့်လ (၂၀၂၆ ဇန်နဝါရီ)ကစပြီး ရေပုန်းရပ်ကွက်၊ ရွှေဘုံသာကျောင်းလမ်းရှိ Smile World ကစားကွင်းနေရာတွင် ပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒေါက်တာ တင်စိုးမိုးက ပြောသည်။ “ဆိုင်ခန်းနှစ်ခန်းကို တစ်ဆက်တည်းလုပ်ပြီး (ဆေးခန်းအဖြစ်)သုံးမယ် အခမဲ့ပေးသုံးတာ။ မီးဖိုးရေဖိုးပါ အဆင်ပြေအောင်လုပ်ထားပေးတယ်။ အဓိကကတော့ ဒေသအတွင်းမှာရှိတဲ့ စေတနာရှင်တွေက […]

ထိုင်ဝမ်အတွက် ဒေါ်လာ ၁၁ ဘီလီယံကျော်ဖိုး လက်နက်ပံ့ပိုးမှု ကန် သဘောတူ

Dawei Watch

December 18, 2025

တရုတ်၏ စစ်ရေးအရဖိအားပေးမှုများကို ခံနေရသည့် ထိုင်ဝမ်ကျွန်းအတွက် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချမှုအစီအစဉ်ကို အမေရိကန်ပြည်ထောင်အစိုးရက ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် သဘောတူလိုက်သည်။ ယခုလက်နက်အရောင်းအဝယ်မှာ ထိုင်ဝမ်အတွက် အမေရိကန်သမိုင်းတစ်လျှောက် အကြီးမားဆုံးသော လက်နက်ပံ့ပိုးမှု အစီအစဉ်လည်း ဖြစ်သည်။ ထိုင်ဝမ်အပေါ် တရုတ်၏ စစ်ရေးနှင့် သံတမန်ရေးအရ ဖိအားပေးမှုများ အရှိန်မြှင့်လုပ်ဆောင်နေချိန်တွင် ယခု လက်နက်အရောင်းအဝယ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုင်ဝမ်ကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း တရုတ်ဘက်က ပြောဆိုမှုများကို ထိုင်ဝမ်ဘက်က ငြင်းပယ်လျက် ရှိသည်။ ယခု လက်နက်ရောင်းချမှုတွင် HIMARS ဒုံးကျည်စနစ်များ၊ ဟောင်ဝစ်ဇာအမြောက်များ၊ Javelin တင့်ကားဖျက် ဒုံးကျည်များ၊ Altius အမျိုးအစား လေဟုန်စီးတိုက်ခိုက်ရေးဒရုန်းများ နှင့် အခြားစစ်လက်နက်ပစ္စည်း၊ အပိုပစ္စည်းများအပါအဝင် စုစုပေါင်း […]

ရွှေဆွဲကြိုး အလစ်သုတ်မှုဖြင့် မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

December 18, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်ရှိ ရွှေဆိုင်တွင် ရွှေဆွဲကြိုးကို အလစ်သုတ်သွားသည်ဆိုပြီး မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၁၄ ရက်က စမွတ်ပရကန်ခရိုင်၊ ဘန်ဖလီဒေသတွင် ရွှေဆိုင်ပိတ်ခါနီး အသက် ၂၅ နှစ်အရွယ် အမည်မသိ အမျိုးသားတစ်ဦးက ဝယ်သူအဖြစ် ဟန်ဆောင်၍ ဆိုင်ထဲဝင်လာကာ ရွှေထည်ပစ္စည်းများကို ပြစေခဲ့ကြောင်း ဆိုသည်။ ဆိုင်ဝန်ထမ်းများက ဘတ်တစ်သိန်းကျော်တန်ဖိုးရှိ ရွှေဆွဲကြိုးသုံးကုံးကို ပြသစဉ် ဝယ်သူက ရွှေဆွဲကြုံးတစ်ကုံးအား အလစ်သုတ်၍ ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းများကတစ်ဆင့် ခြေရာခံ လိုက်လံဖမ်းဆီးရာ ဒီဇင်ဘာလ ၁၇ ရက် ညနေ ၅ နာရီခန့်တွင် သံသယရှိသူကို လုပ်ငန်းခွင်ထဲ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူသည် ရွှေဆိုင်နှင့် မဝေးသော […]

နောက်ထပ်နိုင်ငံ ၅ ခုကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်

Dawei Watch

December 18, 2025

၏ အမေရိကန်အစိုးရက ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် နောက်ထပ်နိုင်ငံ ၅ ခုကို အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့် လုံးဝပိတ်ပင်ကြောင်း ထုတ်ပြန်လိုက်သည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့(PA)က ထုတ်ပေးသည့် ခရီးသွားလာခွင့် စာရွက်စာတမ်း ကိုင်ဆောင်ထားသူများ အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့်ကိုလည်း တားမြစ်လိုက်သည်။ ယခုနောက်ဆုံးထွက်ပေါ်လာသည့် အဆိုပါ တားမြစ်ကန့်သတ်ချက်များသည် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။ ယင်းမှာ အမေရိကန်ပြည်ထောင်စု၏ လုံခြုံရေးကို ကာကွယ်ရန် ရည်ရွယ်ကြောင်း အိမ်ဖြူတော်က ဆိုသည်။ ဘာကီနာဖာဆို ၊ မာလီ ၊ နိုင်ဂျာ ၊ တောင်ဆူဒန်နှင့် ဆီးရီးယား စသည့် နိုင်ငံ ၅ နိုင်ငံမှ နိုင်ငံသားများနှင့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများကို အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့် အပြည့်အဝ ပိတ်ပင်သွားမည် […]

ရေဖြူ ခမောင်းချောင်းရွာတွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရသည့် စစ်အာဏာရှင်တပ်စစ်ကြောင်း ဒေသခံနေအိမ်တစ်ဆောင်ကို မီးရှို့

Dawei Watch

December 17, 2025

ရေဖြူမြို့နယ်၊ ခမောင်းချောင်းကျေးရွာအတွင်း ရောက်ရှိသော စစ်အာဏာရှင်တပ် စစ်ကြောင်း သည် ယနေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီးနောက် နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါစစ်ကြောင်းသည် ခမောင်းချောင်းကျေးရွာဘုန်းကြီးကျောင်းတွင် ဒီဇင်ဘာလ ၁၆ ရက် ညနေပိုင်းမှစ၍ လာရောက်တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နံနက် ၉နာရီခန့်တွင် ဘုန်းကြီးကျောင်းမှ ခမောင်းချောင်းကျေးရွာ အထက်ပိုင်းသို့ စစ်ကြောင်လာချိန် တော်လှန်ရေးတပ်တို့က ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်တို့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ထို့နောက် ယင်းနေရာတွင်ပင် နေအိမ်တစ်လုံးကို ယင်းစစ်ကြောင်းက မီးရှို့ခဲ့ကြောင်း တော် လှန်ရေးတပ် နှင့် နီးစပ်သည့် ဒေသခံ အမျိုးသမီးတစ်ဦးကပြောဆိုသည်။ “အဲဒီနေရာမှာ အိမ်တွေကတော့ တစ်အိမ်နဲ့ တစ်အိမ်ဝေးတယ်။ လောလောဆယ်တော့ အိမ်တစ်ဆောင်မီးရှို့ခံထားခဲ့ရတယ်ဆိုတာပဲ သိရသေးတယ်” […]

NUG ၏ အထူးတိုင်းစစ်ဌာန ဗျူဟာမှူးအပါအဝင် ငါးဆယ်ခန့်ကို KNU ဖမ်းဆီး

Dawei Watch

December 17, 2025

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အထူးတိုင်းစစ်ဌာန ဗျူဟာမှူးတစ်ဦးအပါအဝင် ငါးဆယ်ခန့်ကို KNU ကဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။ ဖမ်းဆီးခံရသူများအထဲတွင် အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ ဗျူဟာမှူး စောဒါးကို၊ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း(T5) တပ်ရင်းမှူး မင်းသားကြီး၊ တနင်္သာရီ ဒရုန်းဒုတပ်ရင်းမှူး ဒိုရာတို့ အပါအဝင် စုစုပေါင်း လူငါးဆယ်ခန့်ပါဝင်ကြောင်း ဒေသခံအချို့ထံမှသိရသည်။ “T 5 (ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း) ကတပ်ဖွဲ့ဝင်တွေနဲ့ ထောက်ပို့တွေအကုန်လုံး ငါးဆယ်လောက်ရှိတယ် KNU က ဖမ်းလိုက်တာ” ဟု ဖြစ်စဉ်ကို သိရှိထားသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ ၎င်းတို့အား KNU တပ်မဟာ ၄ တပ်ရင်း ၁၂ က ယနေ့ ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် […]