ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ အပစ်ရပ်ကာလ သုံးပတ်ထပ်တိုးကြောင်း ထရမ့်ပြော

Dawei Watch

April 24, 2026

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့အကြား အပစ်ရပ်ကာလကို သုံးပတ်ထပ်မံ သက်တမ်းတိုးရန် အစ္စရေးနှင့် လက်ဘနွန် အစိုးရအကြား သဘောတူညီကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဧပြီလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။ ကြာသပတေးနေ့က အိမ်ဖြူတော်တွင် ပြုလုပ်ခဲ့သည့် အစ္စရေးနှင့် လက်ဘနွန်သံအမတ်ကြီးများ၏ တွေ့ဆုံမှုမှာ အင်မတန်အဆင်ပြေချောမွေ့ခဲ့သည်ဟု သမ္မတထရမ့်က ဆိုသည်။ “လက်ဘနွန်အနေနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ရန်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုဟာ လက်ဘနွန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ထရမ့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။ အဆိုပါ တွေ့ဆုံမှုသည် ပြီးခဲ့သည့်အပတ်မှစ၍ အစ္စရေးနှင့် လက်ဘနွန်နှစ်နိုင်ငံအကြား ဒုတိယအကြိမ်မြောက် ပြုလုပ်သည့် အဆင့်မြင့်ဆွေးနွေးပွဲလည်း ဖြစ်သည်။ ပြီးခဲ့သည့်သောကြာနေ့က စတင်အသက်ဝင်ခဲ့သည့် ၁၀ ရက်ကြာ ကနဦးအပစ်ရပ်ဆဲရေး သဘောတူညီချက်မှာ လာမည့်တနင်္လာနေ့တွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။ ယင်းအပြင် […]

စစ်မှုထမ်းအပတ်စဉ် ၁ တနင်္သာရီတိုင်းတွင် အိမ်ပြန်ခွင့်ရသူအရေအတွက် စစ်အုပ်စု ထိမ်ချန်

Dawei Watch

April 24, 2026

တနင်္သာရီတိုင်းတွင် စစ်မှုထမ်းအပတ်စဥ် (၁) က အိမ်ပြန်ခွင့်ရသူ အရေအတွက် မည်မျှရှိသည်ကို မသိရှိကြောင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တနင်္သာရီတိုင်းဒေသကြီး) ထံ ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားသည်။ အပတ်စဉ် ၁ တွင် စစ်မှုထမ်းစုဆောင်းခံရသူများ စစ်မှုထမ်း သတ်မှတ်ကာလ ၂နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်သည်။ “ဦးရေကို အတိအကျတော့မသိဘူး ခင်ဗျ။ အပတ်စဥ် ၁ က ဆင်းသွားပြီးတဲ့သူတွေ အဲဒီလူတွေတော့ အိမ်ပြန်လည် ရောက်ရှိနေပြီဆိုပြီး တက်ထားတယ်။ အမည်စာရင်း အားလုံးကိစ္စတော့ ကျွန်တော်တို့ မသိသေးဘူး” ဟု စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့၏ ဖုန်းကို လက်ခံဖြေကြားသူက ပြောဆိုသည် ။ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မြိတ်မြို့တွင် ဧပြီလ ၁၁ ရက်က အပတ်စဥ် (၁) က စစ်မှုထမ်းအချို့အား စစ်မှုထမ်းပြီးစီးကြောင်း လက်မှတ်ပေးအပ်ကြောင်း စစ်အုပ်စုက […]

၂၀၂၇ တွင် ကားပျံအမြောက်အများ တရုတ်ကုမ္ပဏီ ထုတ်လုပ်မည်

Dawei Watch

April 23, 2026

၂၀၂၇ ခုနှစ်တွင် ပျံသန်းနိုင်သည့် ကားများကို ပမာဏအမြောက်အမြားထုတ်လုပ်သွားရန် မျှော်မှန်းထားကြောင်း တရုတ်လျှပ်စစ်ကားထုတ်လုပ်ရေးကုမ္ပဏီ Xpeng က ရိုက်တာသတင်းဌာနကို ဧပြီလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။ ၂၀၂၆ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း လူသားပုံစံတူစက်ရုပ်များကို အမြောက်အမြားထုတ်လုပ်သွားရန် မျှော်မှန်းထားကြောင်းလည်း ယင်းကုမ္ပဏီဥက္ကဋ္ဌဘရိုင်ယန်ဂူးက ဆိုသည်။ ဂျာမန်မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Volkswagen နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် အလားအလာကောင်းများစွာ ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။ ဂျာမန်မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Volkswagen သည် ပြီးခဲ့သည့်လတွင် Xpeng နှင့် ပူးပေါင်းကာ လျှပ်စစ်ကားများကို အမြောက်အမြား စတင်ထုတ်လုပ်ခဲ့သည်။ “ကျွန်တော်တို့ အတူတူလက်တွဲပြီး တစ်ဖက်နဲ့တစ်ဖက် အကျိုးဖြစ်ထွန်းစေမယ့် နယ်ပယ်တွေအများကြီး ရှိနေပါတယ်” ဟု ဘရိုင်ယန်ဂူးက ပြောသည်။ အခြားသော မော်တော်ယာဉ်ထုတ်လုပ်သူများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လမ်းဖွင့်ထားကြောင်း ၎င်းက […]

လေယာဉ်ဗုံးကြဲမှုကြောင့် ထွက်ပြေးနေရသည့် ဘီးလင်းဒေသခံ ၁၃၀၀၀ ကျော် အရေးပေါ် အကူအညီလို

Dawei Watch

April 23, 2026

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာ ၁၃ ရွာက ဒေသခံပြည်သူ ၁၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။ ဘီးလင်းမြို့နယ်အတွင်းရှိ ပြည်သူလူထုများ နေထိုင်သည့် ကျေးရွာနှင့် လုပ်ငန်းခွင်များကို ပစ်မှတ်ထားကာ ဧပြီလ ၁၄ ရက် ကစပြီး စစ်အာဏာရှင်တပ်သည် လေယာဉ်ဖြင့် အကြိမ် ၃၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီသူများနှင့် ဒေသခံများက ပြောသည်။ ယင်းသို့ တိုက်ခိုက်မှုကြောင့် ဝင်းတာပန်၊ မြစ်ကျိုး၊ မင်းစောကျေးရွာအုပ်စုအတွင်းက ကျေးရွာပေါင်း ၁၃ ရွာက ဒေသခံပြည်သူ ၁၃၀၀၀ ကျော် အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင်အရေး အကူအညီပေးနေသူတို့ထံမှ သိရသည်။ “လေကြောင်းတိုက်ခိုက်မှုတွေက […]

ထိုင်းအရှေ့ပိုင်းရှိ စက်ရုံလုပ်သားများ အစုလိုက် အသည်းအရောင်အသားဝါအေပိုး ကူးစက်

Dawei Watch

April 23, 2026

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်အပါအဝင် အရှေ့ပိုင်းခရိုင်များတွင် အသည်းရောင်အသားဝါ အေပိုး (hepatitis A) ကူးစက်ပြန့်နှံ့နေသဖြင့် ပြည်သူများ ကျန်းမာရေးသတိရှိကြရန် ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက အသိပေးထားသည်။ ပြီးခဲ့သောရက်က ချွန်ဘူရီခရိုင် စက်ရုံထဲတွင် အလုပ်သမား ၅၅ ဦး အသည်းအရောင်အသားဝါ အေပိုး ကူးစက်ခံထားရသည်ကို တွေ့ရှိပြီးနောက် ပြည်သူများ ကျန်းမာရေးအသိရှိကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။ အလုပ်သမားများသည် စက်ရုံ စားသောက်ခန်းထဲရှိ ရေသန့်စက်တွင် ရေအတူသောက်ကြရာမှ ရောဂါကူးစက်သည်ဟု အာဏာပိုင်များက ယူဆထားကြကြောင်း ဖော်ပြသည်။ သို့သော်လည်း ရေသန့်စက်ထဲရှိ ရေထဲတွင် ရောဂါပိုးကို မတွေ့ရကြောင်း ဆိုသည်။ ယခုနှစ်အတွင်း အသည်းရောင်အသားဝါ အေပိုး ကူးစက်ခံထားရသူ ၆၇၂ ဦးအထိ ရှိလာပြီး ပြီးခဲ့သောနှစ်ထက် နှစ်ဆကျော် မြင့်တက်လာခဲ့ကာ ပြီးခဲ့သော ငါးနှစ်အတွင်း အမြင့်ဆုံးဖြစ်လာသည်။ ကူးစက်ခံရသူများမှာ အသက် […]

တနင်္သာရီတိုင်း ကျွန်းပတ်လေယာဉ်ခရီးစဉ်ပြေးဆွဲရန် စီစဉ်

Dawei Watch

April 23, 2026

တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်မြို့ကြီးများကို ပြေးဆွဲမည့် ကျွန်းပတ်လေယာဉ်ခရီးစဉ်ကို ဧပြီလ ၂၄ ရက်တွင် စတင်ပြေးဆွဲရန် အသွင်ပြောင်းစစ်အစိုးရက စီစဉ်နေသည်။ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) က မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းနှင့် ထားဝယ်မြို့ကို တစ်ပတ်လျှင် ၆ ရက်နှုန်းဖြင့် ပြေးဆွဲရန် စီစဉ်နေကြောင်း စစ်အစိုးရလက်အောက်ခံ ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အပတ်စဉ် တနင်္လာနေ့မှ တနင်္ဂနွေနေ့အထိ (စနေနေ့မပါ) ပြေးဆွဲမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ လေယာဉ်လက်မှတ်အရောင်းဌာနများနှင့် နီးစပ်သူတစ်ဦးကမူ ဧပြီလ ၂၆ ရက်တွင် အခမ်းအနားလုပ်ရန် စီစဉ်နေသည်ဟု သိရကြောင်း ပြောဆိုသည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ထားဝယ်မြို့တော်ခန်းမဖွင့်ပွဲသို့ လာရောက်ချိန်က တနင်္သာရီတိုင်းအတွင်း ကျွန်းပတ်ခရီးစဉ်များကို လေယာဉ်ပြေးဆွဲပေးရန် ပြောဆိုခဲ့ဖူးကြောင်း ၎င်းက ဆိုသည်။ ထို့ကြောင့် အသွင်ပြောင်းစစ်အစိုးရတက်လာချိန်တွင် ပြည်သူများသွားလာရေး အဆင်ပြေစေရေး လုပ်ဆောင်ပေးသည့်ပုံစံဖြင့် ပြေးဆွဲခြင်းဖြစ်နိုင်ကြောင်း […]

KNLA ဖမ်းထားသည့် သရက်ချောင်းက ဇနီးမောင်နှံကို ပြန်လွှတ်ပေးမည်ဆိုပြီး အမျိုးသားတစ်ဦး ကျပ်သိန်းနှစ်ရာငွေညှစ်

Dawei Watch

April 23, 2026

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ လက်အောက်ခံတပ်ဖွဲ့တစ်ခုက ဖမ်းဆီးခဲ့သည့် သရက်ချောင်းမြို့နယ်၊ ဂုံညှင်းဆိပ်ရွာက ဇနီးမောင်နှံကို ပြန်လွှတ်ပေးမည်ဟုဆိုကာ အမျိုးသားတစ်ဦးက မိသားစုထံ ဆက်သွယ်ပြီး ကျပ်သိန်းနှစ်ရာ ငွေညှစ်ကြောင်း မိသားစုနှင့်နီးစပ်သူအချို့က ပြောသည်။ အသက် ၄၀ ကျော်အရွယ် ဦးပိုက်ပိုက်နှင့် ဒေါ်မိချိုထိုက်တို့ ဇနီးမောင်နှံကို KNU တပ်မဟာ ၄ လက်အောက်ခံ KNLA တပ်ရင်း ၁၂ ၏ ရေကြောင်းတပ်ဖွဲ့က ဖမ်းဆီးသွားပြီးနောက် ငါးလနီးပါးကြာပြီဖြစ်သော်လည်း သတင်းအစအနမရဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်။ အဆိုပါသတင်းကို Dawei Watch တွင် ဧပြီလ ၁၃ ရက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ https://web.facebook.com/share/p/1CdPadC3pK ဧပြီလ ၁၄ ရက်တွင်မူ အမျိုးသားတစ်ဦးသည် မိသားစုဝင်တစ်ဦးထံ ဖုန်းဆက်လာပြီး အထက်ပါဇနီးမောင်နှံကို ပြန်လွှတ်ပေးမည်ဟုဆိုကာ ကျပ်သိန်းနှစ်ရာ တောင်းကြောင်း […]

မြိတ်တွင် ကိုရင်ငယ်အား ရိုက်နှက်သည့် ရဟန်းကို လူဝတ်လဲ၍ အမှုဖွင့်

Dawei Watch

April 23, 2026

မြိတ်မြို့တွင် ကိုရင်ငယ်တစ်ပါးအား အပြင်းအထန်ရိုက်နှက်ခဲ့သည့် ပဋိပတ္တတောရကျောင်းဆရာတော် ဦးတေဇကို ခံဝန်ထိုးခိုင်းပြီးနောက် လူဝတ်လဲ၍ အမှုဖွင့်ကြောင်း မြိတ်မြို့ သာသနာရေးအသိုင်းအဝိုင်းထံမှ သိရသည်။ ဧပြီလ ၂၂ ရက် မွန်းလွဲပိုင်းတွင် မူလဒွါရဂိုဏ်းအုပ် မြို့နယ်သံဃနာယက ဥက္ကဋ္ဌကျောင်းက ခေါ်ယူဆုံးမပြီး ခံဝန်ထိုးခိုင်း ပြီးနောက် ညနေပိုင်း၌ လူဝတ်လဲကာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့်ထားကြောင်း မြိတ်မြို့နယ်၊ သာသနာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါပုဒ်မသည် ထောင်ဒဏ် ၂ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သည့် ပုဒ်မဖြစ်သည်။ ကိုရင်ငယ်အား ရိုက်နှက်နေသည့် ရုပ်သံမှတ်တမ်းမှာ ဧပြီလ ၂၁ ရက်က လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီး ဝေဖန်မှုများစွာ ထွက်ပေါ်လာပြီးနောက် ယင်းသို့ အရေးယူမှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။ […]