လောင်းလုံး၊ ညင်းမော်ရွာကို စစ်ကြောင်းထိုးနေ၍ ဒေသခံများထွက်ပြေး
Dawei Watch
April 22, 2026“ဘာသတင်းမှ မကြားရဘဲနဲ့ ရုတ်တရက်ရွာထဲရောက်လာတော့ ဘာပစ္စည်းမှ မယူနိုင်ဘဲ ဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့
ကူညီပေးပါ“ဘာသတင်းမှ မကြားရဘဲနဲ့ ရုတ်တရက်ရွာထဲရောက်လာတော့ ဘာပစ္စည်းမှ မယူနိုင်ဘဲ ဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
မြိတ်မြို့နယ်၊ တုံးဗျောကြီး တုံးဗျောငယ်ကျေးရွာတို့ကို စစ်အာဏာရှင်တပ် စစ်ကြောင်းဝင်လာပြီးနောက် စစ်ဘေးရှောင်နေသည့် ဒေသခံများကို ဥယျာဉ်ခြံထဲသို့ ဝင်ရောက်နေထိုင်ခွင့် ပိတ်ပင်နေကြောင်း ဒေသခံများက ပြောသည်။ မြိတ်မြို့က ကားလေးစီးဖြင့် လာသည့် စစ်အာဏာရှင်တပ်သည် ဧပြီလ ၁၉ရက် နံနက်ပိုင်းတွင် တုံးဗျောကြီး၊ တုံးဗျောငယ် ကျေးရွာများသို့ ရောက်ရှိလာပြီးနောက် နောက်တစ်ရက် ဧပြီလ ၂၀ရက်တွင် တုံးဗျောကြီးရွာဟောင်းကျေးရွာဘက်သို့ စစ်ကြောင်း စထိုးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယင်းနောက် ဥယျာဉ်ခြံထဲတွင် တိမ်းရှောင်နေသည့် စစ်ဘေးရှောင်များကို နယ်မြေရှင်းလင်းရန်ဟုဆိုကာ ဝင်ရောက်နေထိုင်ခွင့် ပိတ်ပင်ထားကြောင်း ၎င်းက ပြောဆိုသည်။ “ခြံထဲမှာ စစ်ရှောင်နေတဲ့ သူတွေကို ဝင်ခွင့်မပြုဘူး။ နယ်မြေရှင်းဖို့ ပြောနေတယ်။ ဥယျာဥ်လုပ်နေသူတွေလည်း ပေးမဝင်ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ ဧပြီလ ၂၁ရက်တွင် ဥယျာဥ်ခြံများတွင် […]
တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာသို့ စစ်ကူတက်လာသည့် စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။ တနင်္သာရီမြို့မှ သိန်ခွန်းရွာသို့ ခြေလျင်စစ်ကူတက်လာသည့် စစ်အာဏာရှင်တပ်သား ၅၀ ခန့်ကို ယနေ့ (ဧပြီ ၂၁) နံနက် ၁၁ နာရီခန့်တွင် ချောင်းနှစ်ပေါက်ရွာအနီး၌ တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “မိုင်းခွဲတိုက်ခိုက်တာ (စစ်အာဏာရှင်တပ်)ထိခိုက်မှု ရှိထားတယ်။ ပစ်ခတ်မှုလည်း ဖြစ်တယ်” ဟု အထက်ပါ နီးစပ်သူက ပြောသည်။ အဆိုပါ တိုက်ခိုက်မှုတွင် စစ်အာဏာရှင်တပ်သားများက ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ရန်သူဘက်က ခုနှစ်ယောက်ထိထားတယ်။ တပ်ဘက်က (တော်လှန်ရေး)အထိအခိုက်မရှိ ပြန်ဆုတ်နိုင်တယ်။ ကားတွေလည်း ထပ်တက်လာနေတယ်လို့ ကြားရတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က […]
မြန်မာနိုင်ငံဘက်သို့ မှောင်ခိုပို့ဆောင်မည်ဟု ယူဆရသည့် လောင်စာဆီများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် အနီးတဝိုက်တွင် ဆက်တိုက်ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဧပြီလ ၂၁ ရက်တွင် တာခ့်ခရိုင် မဲဆောက်မြို့အနီး ထာ့ဆောင်ယမ်ဒေသ နယ်စပ်တစ်လျှောက်တွင် နယ်ခြားစောင့်တပ်များ ကင်းလှည့်နေစဉ် ပစ္စည့်ပို့ကားတစ်စီးကို တွေ့ရှိကြောင်း ဖော်ပြသည်။ အာဏာပိုင်များကို တွေ့သည်နှင့် ကားသမားသည် ကားကို စွန့်ပစ်၍ ထွက်ပြေးသွားခဲ့ကြောင်း ဆိုသည်။ ကားထဲတွင် ၂၀၀ လီတာဆန့် စည်ပုံးသုံးလုံးကို တွေ့ရပြီး အထဲတွင် 91 ဓါတ်ဆီ ၆၀၀ လီတာကို တွေ့ရှိရကြောင်း ဖော်ပြသည်။ နောက်ထပ် အနီးအနားက နယ်စပ်တစ်လျှောက်ကို ကင်းလှည့်စစ်ဆေးခဲ့ရာ ၃၀ လီတာဆန့် ဒီဇယ်ပုံး ရှစ်လုံးကို ပိုင်ရှင်မတွေ့ရဘဲ ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ သိမ်းဆည်းရမိသော […]
ထိုင်းနိုင်ငံ၊ မဟာစာရာခမ်းခရိုင်တွင် ဆိုလာပြားတပ်ဆင်ရန်သွားနေသော ပစ်ကပ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ခဲ့ပြီး ကားပေါ်ပါ မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဧပြီလ ၂၀ ရက်နေ့က မဟာစာရာခမ်းမြို့ ကန်းလိမ်းကျန်းဒေသ အဝေးပြေးလမ်းမကြီးပေါ်တွင် ပစ်ကပ်ကားသည် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းလယ်မြောင်းထဲ ထိုးဆင်းခဲ့ပြီး ဓါတ်မီးတိုင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ကားအရှေ့ပိုင်းမှာ လုံးဝ ပျက်စီးနေကြောင်း တွေ့ရပြီး ကားတိုက်မှုကြောင့် အသက် ၃၃ နှစ်အရွယ် မြန်မာအလုပ်သမားမှာ နေရာတွင်ပင် သေဆုံးနေကြောင်း သတင်းတွင် ဖော်ပြသည်။ နောက်ထပ် ထိုင်းနိုင်ငံသား ၃ ဦးနှင့် မြန်မာအလုပ်သမား ၁ ဦးတို့သည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သဖြင့် ရှေးဦး ကုသပေးခဲ့ပြီး နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ပစ်ကပ်ကားသည် ရာဂျာဘတ်တက္ကသိုလ်ထဲတွင် ဆိုလာပြား တပ်ဆင်ရန် ဘန်ကောက်မှ […]
လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စု၊ ဝံတွင်းရွာတွင် သေနတ်ဖြင့် ပစ်သတ်ကာ ထွက်ပြေးသွားသည့် အမျိုးသား ဆက်သွယ်လာပြီး အဖမ်းခံခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။ ဧပြီလ ၂၀ ရက် ညနေ ၅ နာရီခန့်တွင် ဝံတွင်းကျေးရွာနေ အသက် ၆၀ ဝန်းကျင်အရွယ် ဦးနိုင်ဝင်း ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။ သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးသွားသူမှာ ဦးစိုးပိုင် ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားပြီး နာရီပိုင်းအကြာတွင်ပင် မိသားစုဝင်များထံ ဆက်သွယ်လာကာ အဖမ်းခံမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု မိသားစုဝင်တစ်ဦးက Dawei Watch သို့ ပြောသည်။ “အစကတည်းသူက အဖမ်းခံမယ်လို့ပြောတယ်။ သေသွားတဲ့သူ မီးသင်္ဂြိုဟ်ပြီးမှ အဖမ်းခံမယ်ပေါ့။ မိသားစုဝင်တွေကတော့ အချိန်မဆွဲနဲ့ပေါ့နော်။ အချိန်ဆွဲနေရင် ထွက်ပြေးနေသလိုဖြစ်နေတယ်။ အမြန်ဆုံးအဖမ်းခံလိုက်ပါဆိုပြီး သူ့ကိုပြောပြတော့ သူ့အနေနဲ့ ကြည်ကြည်ဖြူဖြူ […]
ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိ ထိန်ကြီးကျေးရွာ မင်္ဂလာဆောင်တွင် စစ်အာဏာရှင်တပ် ဖမ်းဆီးသွားသည့် ဒေသခံ ၂၀ ကျော် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ စစ်အာဏာရှင်တပ်သည် ဧပြီလ ၂၀ ရက် နံနက်စောစောတွင် နဘုလယ်ဒေသ ထိန်ကြီးကျေးရွာရှိ မင်္ဂလာဆောင်တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဒေသခံ အမျိုးသား၊ အမျိုးသမီး ၂၀ ကျော်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖမ်းဆီးပြီးနောက် စစ်အာဏာရှင်တပ်က ဒေသခံများကို ၁၂ နာရီကျော်ကြာ ထိန်ကြီးအနောက် ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ညနေ ၅ နာရီခွဲအချိန်ခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဘာမှတော့ မလုပ်ဘူး အားလုံးပြန်လွတ်လိုက်တယ်၊ သူတို့ရွာထဲမှာ ပစ်တာခတ်တာလည်းမရှိ ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။ စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့သည့် […]
ပြည်ပသို့ လက်နက်တင်ပို့ရောင်းချမှုအပေါ် ကန့်သတ်ချက်များကို ယနေ့ ဧပြီ ၂၁ ရက်နေ့တွင် ပယ်ဖျက်လိုက်ပြီဖြစ်ရာ ဂျပန်အစိုးရက စစ်သင်္ဘောများ ၊ ဒုံးကျည်များနှင့် အခြားလက်နက်များကို ပြည်ပသို့ တင်ပို့ရောင်းချတော့မည် ဖြစ်သည်။ ဆယ်စုနှစ်များစွာအတွင်း ဂျပန်အစိုးရ၏ အကြီးမားဆုံး ကာကွယ်ရေးပစ္စည်း တင်ပို့ရောင်းချမှုဆိုင်ရာ မူဝါဒပြင်ဆင်ပြောင်းလဲမှုဖြစ်ပြီး ယခုခြေလှမ်းသည် ဂျပန်၏ ကာကွယ်ရေးစက်မှုကဏ္ဍ အခြေခံအုတ်မြစ်ကို ခိုင်မာစေရန် ရည်ရွယ်ကြောင်း သိရသည်။ ယင်းမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကျင့်သုံးလာခဲ့သည့် ဂျပန်အစိုးရ၏ ငြိမ်းချမ်းရေးဝါဒဆိုင်ရာ တားမြစ်ချက်များနှင့် လုံခြုံရေးမူဝါဒများမှ လမ်းခွဲလိုက်ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ ယခင်က ဂျပန်အစိုးရ၏ ပြည်ပလက်နက်တင်ပို့မှုကို ကယ်ဆယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ သတိပေးစနစ်၊ ထောက်လှမ်းရေးနှင့် မိုင်းရှင်းလင်းရေး ဟူသည့် ကဏ္ဍငါးခုအတွင်းသာ ကန့်သတ်ထားမှုကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။ “လက်ရှိအချိန်မှာ ဘယ်နိုင်ငံမှ မိမိနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ […]