ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၊ ပစ်ခတ်သူ ထွက်ပြေးနေ

Dawei Watch

April 21, 2026

ဒေသခံများကြားတွင်မူ သာမန်အရပ်သားတစ်ဦးဖြစ်သူ ဦးစိုးပိုင်၏ လက်ထဲသို့ သေနတ်ရောက်ရှိနေသည့်အပေါ် အမျိုးမျိုး ဝေဖန်ပြောဆိုနေကြပြီး ပြဿနာကို သေနတ်ဖြင့် ဖြေရှင်းခဲ့သည့်အပေါ်၌လည်း စိုးရိမ်နေကြသည်။

ကံပေါက်တွင် ဆယ်ကျော်သက် မိန်းကလေး သူငယ်ချင်း အချင်းချင်းဓားထိုးမှုဖြစ်

Dawei Watch

April 21, 2026

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာတွင် အသက် ၁၆နှစ်ဝန်းကျင် မိန်းကလေးသူငယ်ချင်း အချင်းချင်း ဓားထိုးမှုဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ကံပေါက်ကျေးရွာ၌ ရွာပတ်လမ်း (ရတနာလမ်း) တွင် ဧပြီလ ၁၈ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ရွာပတ်လမ်းသည် လူအသွားအလာနည်းပြီး ဥယျာဉ်ခြံများ ရှိသည့်နေရာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဓားဖြင့် အထိုးခံခဲ့ရသည့် မိန်းကလေးတွင် ဦးခေါင်း၊ လည်ပင်းနှင့် လက်တို့တွင် ဓားဒဏ်ရာ ဆယ်ချက်ထက်မနည်း ရရှိခဲ့ကြောင်း လူနာကို မျက်မြင်တွေ့ခဲ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။ အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ Dawei Watch မြင်တွေ့ရသည့် ရုပ်သံတစ်ခုတွင် ဓားဒဏ်ရာများဖြင့် သွေးထွက်၍ ကားလမ်းနံဘေးလဲကျနေသည့် အမျိုးသမီးငယ်တစ်ဦးက သတိမေ့မျောလုဆဲ အခြေအနေဖြစ်နေသည်ကို တွေ့ရသည်။ ယင်းသို့ လဲကျနေသည့် […]

ရေးအခြေစိုက် စစ်အာဏာရှင်တပ် စကခ ၁၉ လက်နက်တိုက်မီးလောင်ပေါက်ကွဲ

Dawei Watch

April 20, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် လက်နက်တိုက် မီးလောက်ပေါက်ကွဲကြောင်း မြို့ခံများက ပြောသည်။ စကခ ၁၉ ဌာနချုပ်အတွင်း ဧပြီ ၁၉ ရက် ညနေ ၃ နာရီခန့်တွင် မီးလောင်ပြီး ပေါက်ကွဲမှု စတင်ကြားရကြောင်း ၎င်းတို့က ဆိုသည်။ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားပြီး နာရီနှင့်ချီ ကြာမြင့်ခဲ့ကြောင်း ရေးမြို့ခံတစ်ဦးက ပြောဆိုသည်။ “စကခ ၁၉ ကနေ ပေါက်ကွဲသံတွေ အကြိမ်ရေ မနည်းဘူး၊ ဆက်တိုက်ကြားရတယ်။ ဝါယာရှော့ဖြစ်ပြီး လက်နက်တိုက် မီးလောင်ရာကနေ ပေါက်ကွဲမှု ဖြစ်တယ်လို့တော့ သိရတယ်” ဟု ၎င်းက ပြောသည်။ မီးလောင်မှုကြောင့် လက်နက်ဂိုထောင်တစ်ခုလုံး မီးလောင်ပျက်စီးသွားပြီး အဆိုပါမီးလောင်မှုကို မီးသတ်တပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့တို့က မီးငြိမ်းသတ်ခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။ လက်နက်တိုက်မီးလောင်မှုတွင် […]

ဂျပန်ကမ်းလွန် အင်အားပြင်းငလျင်ကြောင့် ဆူနာမီသတိပေးချက်ထုတ်

Dawei Watch

April 20, 2026

ဂျပန်နိုင်ငံ အရှေ့မြောက်ဘက် ကမ်းလွန်ပင်လယ်ပြင်၌ ယနေ့ ဧပြီလ ၂၀ ရက်တွင် မဂ္ဂနီကျု ၇ဒသမ၅ အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားရာ အာဏာပိုင်များက ဆူနာမီသတိပေးချက် ထုတ်ပြန်လိုက်သည်။ အမြင့် ၃ မီတာ အထိရှိသော ဆူနာမီလှိုင်းများ ရိုက်ခတ်နိုင်သဖြင့် ကမ်းခြေဒေသများမှ ဝေးရာသို့ ရှောင်ရှားကြရန် အာဏာပိုင်များက ဒေသခံပြည်သူများကို သတိပေးထားသည်။ အဆိုပါ ငလျင်သည် ပစိဖိတ်သမုဒ္ဒရာအတွင်း အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။ အိုင်ဝါတေး၊ အာအိုမိုရီနှင့် ဟော့ကိုင်းဒိုး ခရိုင်များတွင် အမြင့်ဆုံးလှိုင်းတံပိုးများ ရိုက်ခတ်နိုင်ခြေရှိကြောင်း အာဏာပိုင်များက ဆိုသည်။ ဝန်ကြီးချုပ် ဆာနအဲ တာကအိချိက အစိုးရအနေဖြင့် အရေးပေါ် လုပ်ငန်းအဖွဲ့ တစ်ရပ် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားသည်။ […]

ရေဖြူ နဘုလယ်ဒေသတွင် မင်္ဂလာဆောင်ကို စစ်အာဏာရှင်တပ် ဝင်စီးပြီး ဒေသခံ ၂၀ခန့်ကို ဖမ်းထား

Dawei Watch

April 20, 2026

စစ်အာဏာရှင်တပ်သည် ထားဝယ်ရေနက်ဆိပ်ကမ်းယာယီတပ်စခန်းမှ ဧပြီလ ၁၉ ရက် နံနက် အစောပိုင်းမှစ၍ ထွက်လာပြီး နဘုလယ်ဒေသတစ်ခွင် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ဟော်မုဇ်ရေလေက်ကြား ပြန်ပိတ်သည့် သတင်းကြောင့် ရေနံဈေးပြန်တက်

Dawei Watch

April 20, 2026

ဟော်မုဇ်ရေလက်ကြား ပြန်ပိတ်သွားသည့် သတင်းကြောင့် ယနေ့ ဧပြီလ ၂၀ ရက်နေ့တွင် ရေနံဈေးနှုန်း ပြန်မြင့်တက်လာကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ သောကြာနေ့က ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည့် ရေနံဈေးနှုန်းမှာ ယနေ့ တနင်္လာနေ့တွင် ၆ ရာခိုင်နှုန်းကျော် ပြန်မြင့်တက်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် စနေနှင့် တနင်္ဂနွေအားလပ်ရက်များအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုချိုးဖောက်ကြောင်း အမေရိကန်နှင့် အီရန်နှစ်ဘက်စလုံးက အပြန်အလှန်စွပ်စွဲပြောဆိုခဲ့ကြသည်။ ယင်းနောက် ဟော်မုဇ်ရေလက်ကြား ပြန်ပိတ်သွားကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။ ဂရင်းနစ်စံတော်ချိန် ၂၃:၂၇ နာရီတွင် ဘရန့် (Brent) ရေနံစိမ်း ကြိုပွိုင့်ဈေးနှုန်းမှာ ၆.၁၁ ဒေါ်လာ (သို့မဟုတ် ၆.၇၆ ရာခိုင်နှုန်း) ခုန်တက်သွားပြီး တစ်စည်လျှင် ၉၆.၄၉ ဒေါ်လာ ဖြစ်လာခဲ့သလို အမေရိကန် အနောက်တက္ကဆက် (WTI) ရေနံစိမ်းဈေးနှုန်းမှာလည်း […]

ထားဝယ်မြို့က ဝသန်ဦး ပန်းချီပြပွဲ

Dawei Watch

April 20, 2026

ထားဝယ်မြို့ လှိုင်းခတ်သံဂယ်လာရီတွင် “ဝဿန်ဦး” အမည်ဖြင့် ပန်းချီ၊ ပန်းပု ပြပွဲ ဧပြီလ ၁၈ ရက်မှ ၂၆ ရက်အထိ ပြုလုပ်နေသည်။ ထားဝယ်ခရိုင် ပန်းချီ ပန်းပု အစည်းအရုံးဝင် ပန်းချီ၊ ပန်းပု ဖန်တီးသူ ၂၅ ဦး ၏ ပန်းချီ၊ ပန်းပုလက်ရာများကို ပြသထားခြင်းဖြစ်သည်။ အဆိုပါပြပွဲတွင် ဆီဆေး၊ ရေဆေး၊ အခရိုင်လစ်၊ ခဲစသဖြင့် အမျိုးအစားစုံ ပန်းချီကား ရှစ်ဆယ်ခန့်နှင့် ပန်းပုလက်ရာအချို့ကို ပြသထားပြီး စျေးနှုန်း အနည်းဆုံး ကျပ်တစ်သိန်းခွဲမှစ၍ ဆယ့်ငါးသိန်းကျပ်အထိ လက်ရာမျိုးစုံ ပါဝင်သည်။ ကိုဗစ်ကာလမတိုင်မီက ရန်ကုန်မြို့ရှိ ပြခန်းများတွင် ထားဝယ်ခရိုင် ပန်းချီ၊ ပန်းပုအစည်းအရုံး ဝင် ပန်းချီဆရာ၊ ပန်းပု ဆရာများက “လှိုင်းခတ်သံ” အမည်ဖြင့် ပန်းချီပြပွဲကို […]

ရမ်းဖိုရွာ စစ်ရှောင်များကို ရွာပြန်နေရန် ဂေါပကများနှင့် စစ်အာဏာရှင်တပ် ဖိအားပေး

Dawei Watch

April 20, 2026

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာ ဥယျာဉ်ခြံများတွင် စစ်ရှောင်နေသူများကို ဂေါပကများနှင့် စစ်အာဏာရှင်တပ်သားများက ရွာတွင် ပြန်လည်နေထိုင်ရန် ဖိအားပေးနေကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၁၈ ရက်နေ့ နံနက်တွင် ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖိုရွာ ဘုန်းကြီးကျောင်းတောင်ခြေတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်သားများနှင့် ဂေါပကများက စစ်ရှောင်နေသည့် ရွာသားများကို ဘုန်းကြီးကျောင်း သန့်ရှင်းရေးလုပ်ရန် ခေါ်ယူပြီး ရွာတွင် ပြန်လည်နေထိုင်ကြရန် ဖိအားပေးနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ရွာမှာ ဘုန်းကြီးရောပြန်လာနေမယ်။ ရွာသားတွေပါ လာနေကြလို့ပြောတယ်။ လာမနေဘူးဆို ဘာလုပ်မယ်လို့တော့ မပြောသေးဘူး။ဘုန်းကြီးကျောင်းကို သန့်ရှင်းရေးလုပ်ဖို့ခေါ်ပြီး ပြောလိုက်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။ ရမ်းဖိုရွာတွင် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာသားများ စစ်ရှောင်နေသည်မှာ ၃ နှစ်ကျော်ပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ရမ်းဖိုရွာ […]