သထုံ ယာဉ်တိုက်မှုဖြစ်စဉ်အတွင်း သေဆုံးသူ ၁၃ ဦးအထိ ရှိလာ
Dawei Watch
April 20, 2026ရန်ကုန် – မော်လမြိုင်ကားလမ်းတွင်ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုအတွင်း ရဟန်း ၈ ပါး၊ ကိုရင်တစ်ပါး အပါအဝင် သေဆုံးသူ ၁၃ ဦးအထိ ရှိလာသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ အကောင်းကြိုက်ဆိုင်အနီးတွင် သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ မောင်းနှင်လာသည့် မန္တလာ ခရီးသည်တင်မှန်လုံယာဉ်နှင့် Hiject ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့သည်။ ယာဉ်တိုက်မှုကြောင့် Hiject ယာဉ်ပေါ် လိုက်ပါစီးနင်းလာသည့် ရဟန်း ၅ ပါး၊ ကိုရင် ၁ ပါးနှင့် အမျိုးသား ၃ ဦး အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးခဲ့သည်။ ထိခိုက်ဒဏ်ရာရသူများ ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် နောက်ထပ် […]


