ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့က ဝသန်ဦး ပန်းချီပြပွဲ

April 20, 2026

ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့ လှိုင်းခတ်သံဂယ်လာရီတွင် “ဝဿန်ဦး” အမည်ဖြင့် ပန်းချီ၊ ပန်းပု ပြပွဲ ဧပြီလ ၁၈ ရက်မှ ၂၆ ရက်အထိ ပြုလုပ်နေသည်။

ထားဝယ်ခရိုင် ပန်းချီ ပန်းပု အစည်းအရုံးဝင် ပန်းချီ၊ ပန်းပု ဖန်တီးသူ ၂၅ ဦး ၏ ပန်းချီ၊ ပန်းပုလက်ရာများကို ပြသထားခြင်းဖြစ်သည်။

အဆိုပါပြပွဲတွင် ဆီဆေး၊ ရေဆေး၊ အခရိုင်လစ်၊ ခဲစသဖြင့် အမျိုးအစားစုံ ပန်းချီကား ရှစ်ဆယ်ခန့်နှင့် ပန်းပုလက်ရာအချို့ကို ပြသထားပြီး စျေးနှုန်း အနည်းဆုံး ကျပ်တစ်သိန်းခွဲမှစ၍ ဆယ့်ငါးသိန်းကျပ်အထိ လက်ရာမျိုးစုံ ပါဝင်သည်။

ကိုဗစ်ကာလမတိုင်မီက ရန်ကုန်မြို့ရှိ ပြခန်းများတွင် ထားဝယ်ခရိုင် ပန်းချီ၊ ပန်းပုအစည်းအရုံး ဝင် ပန်းချီဆရာ၊ ပန်းပု ဆရာများက “လှိုင်းခတ်သံ” အမည်ဖြင့် ပန်းချီပြပွဲကို နှစ်စဥ်သွားရောက်ပြုလုပ်လေ့ရှိခဲ့သည်။

ကိုဗစ်နောက်ပိုင်း ထားဝယ်မြို့တွင် ၂၀၂၃ ခုနှစ်၌ လှိုင်းခတ်သံဂယ်လာရီကို စတင်လည်ပတ်ခဲ့ပြီး ပန်းချီ ပြပွဲများကို ထားဝယ်မြို့တွင်သာ ပြုလုပ်နေခြင်းဖြစ်သည်။

လှိုင်းခတ်သံ ဂယ်လာရီသည် ဆန်းချီရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းရှိ ထားဝယ်ယဥ်ကျေးမှုပြတိုက်၏ ကျောဘက်တွင် တည်ရှိသည်။