တနင်္သာရီတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးသဖြင့်တိုက်ပွဲများဖြစ်၊ ဒေသခံများတိမ်းရှောင်ကြရန်အသိပေး
Dawei Watch
April 23, 2026တနင်္သာရီမြို့နယ်၊ ဗောဓိကမ်း-ညောင်ပင်ကွင်းကျေးရွာလမ်းပိုင်းတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူများ၊ ဒေသခံများက ပြောသည်။ ဧပြီလ ၂၁ရက်တွင် စစ်အာဏာရှင်တပ်သားများသည် တနင်္သာရီမြို့တွင် အင်အားဖြည့်ပြီး ဗောဓိကမ်း-ညောင်ပင်ကွင်း ကျေးရွာလမ်းပိုင်းရှိ ၆မိုင်ရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း ဒေသခံများက ဆိုသည်။ ယင်းနေ့ နံနက် ၉နာရီတွင် ၅မိုင်ရွာရှိ စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ ဧပြီလ ၂၂ရက် နံနက် ၈နာရီတွင် ခြောက်မိုင်ရွာတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “စစ်တပ်က ၆မိုင်ကို အင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာတယ်။ မနက်ကတည်းက (တိုက်ပွဲ) ဖြစ်နေတယ်။ စစ်တပ်က ၆မိုင်ရောက်နေတယ်” ဟု ၎င်းက ဧပြီလ ၂၂ရက်တွင် ပြောသည်။ […]


