လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာတွင် ယနေ့(ဧပြီ ၃၀)ကျင်းပနေသည့် ညောင်ရေသွန်းပွဲတော်၌ ပွဲဇံလှည့်ပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။
ယနေ့ ပွဲဇံလှည့်ပွဲတွင် ဗုဒ္ဓဝင်ပြကွက်များနှင့်အတူ ခေတ်ကိုထင်ဟပ်သည့် သရုပ်ဖော်ပြကွက် အများအပြား ထည့်သွင်းခဲ့သည်။
ထားဝယ်မြို့နယ် ရှင်မုတ္တီးကျေးရွာ ညောင်ရေသွန်းပွဲတော်တွင် ကျွဲခတ်ပွဲကို စိတ်ဝင်စားကြသကဲ့သို့ ညင်းမော်ကျေးရွာ ညောင်ရေသွန်းပွဲတွင်မူ ပွဲဇံကို လူစိတ်ဝင်စားမှုများပြားပြီး အနီးနားရွာများမှ တကူးတက လာရောက်ကြည့်ရူ့ကြလေ့ရှိသည်။






























