ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂျိူရှူအာဗန် နိုင်ခြေနည်းတယ်လို့ ကမ္ဘာတစ်ဝန်းဆီက UFC ပရိသတ်တွေ ခန့်မှန်း

May 8, 2026

ကမ္ဘာတစ်ဝန်းဆီက UFC ပရိသတ်တွေကတော့ ဂျိုရှူအာဗန် ဟာ ချန်ပီယံခါးပတ်ကာကွယ်ပွဲကို အနိုင်ရဖို့အတွက် နိုင်ခြေအားဖြင့် ၃၉ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

တက်ဆူရို တိုင်ရာ နဲ့ ဂျိုရှူအာဗန် တို့ဟာ ဒီပွဲကို မနက်ဖြန် မေလ ၉ ရက် (မြန်မာစံတော်ချိန် မေလ ၁၀ ရက် မနက်ပိုင်း) မှာ ယှဉ်ပြိုင်ကစားကြမှာပါ။

UFC 328 ပြိုင်ပွဲကြီးရဲ့ ဒု-ခေါင်ပွဲစဉ်အဖြစ် ဒီပွဲကို စီစဉ်ပေးထားပါတယ်။ အစောပိုင်းက ဒီပွဲကို ဧပြီလ ၁၁ ရက်မှာ ကျင်းပမယ့် UFC 327 ပြိုင်ပွဲကြီးရဲ့ ဒုခေါင်ပွဲ တွဲဆိုင်း အဖြစ် စီစဉ်ထားခဲ့တာပါ။

ဒါပေမဲ့ ပွဲချိန် နီးကပ်တော့မှ ဂျိုရှူအာဗန် အသေးစားဒဏ်ရာရရှိသွားခဲ့လို့ UFC က ပွဲကို နောက်ဆုတ်လိုက်ပြီး UFC 328 ပြိုင်ပွဲကြီးရဲ့ ခေါင်းစဉ်အောက်ဆီ ပြောင်းလဲထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။

ဂျိုရှူအာဗန် ဟာ ဒီပွဲကို ချန်ပီယံခါးပတ် ကာကွယ်ပွဲအဖြစ် ထိုးရမှာဖြစ်ပြီး တက်ဆူရို တိုင်ရာကတော့ ချန်ပီယံခါးပတ်လုပွဲအဖြစ် ကစားရဖို့ ရှိနေပါတယ်။

ဒီပွဲအတွက် ပရိသတ်တွေ မဲပေးနိုင်တဲ့ စစ်တမ်းကောက်ယူရေးဝက်ဘ်ဆိုက်ကနေ ဘယ်သူအနိုင်ရလေမလဲဆိုပြီး မဲကောက်ယူခဲ့ရာမှာတော့ ပရိသတ် ၆၁ ရာခိုင်နှုန်းက တက်ဆူရို တိုင်ရာ နိုင်မယ်လို့ မဲပေးခဲ့ကြပါတယ်။

ဂျိုရှူအာဗန် ကတော့ သူဟာ ဒီပွဲအတွက် စနစ်တကျ လေ့ကျင့်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားသလို အဋ္ဌဂံဝိုင်းထဲရောက်တဲ့အချိန်ကျရင် ဘယ်သူက ချန်ပီယံအစစ်လဲဆိုတာ သိစေရမယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။