ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖူးခက်တွင် ဗီဇာသက်တမ်းလွန်နေသော နိုင်ငံခြားသားနှစ်ဦးကို AI ကင်မရာဖြင့် ရှာဖွေဖမ်းဆီး

Dawei Watch

May 11, 2026

ခရီးသွားနယ်မြေများတွင် တရားမဝင် နေထိုင်သူများကို AI ကင်မရာဖြင့် ရှာဖွေဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း ဆိုသည်။

ရေးတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းထိုးနေပြီး စစ်ရေးတင်းမာ

Dawei Watch

May 11, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဒေသတွင်း စစ်ရေးအခြေအနေ လေ့လာစောင့်ကြည့်နေသူများက ပြောသည်။ အင်အား ၃၀၀ ကျော်ပါသည့် အဆိုပါ စစ်ကြောင်းများသည် မေလ ပထမအပတ်ကစပြီး ရေးမြို့နယ်ရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ မေလ ၈ ရက် နံနက်ပိုင်းတွင် နှစ်ကရင်ကျေးရွာနှင့် လိမ္မော်ခြံကျေးရွာကြားတွင် အဆိုပါစစ်ကြောင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ကျေးရွာများဘက်ကို လှည့်ပတ်စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ […]

စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားနေသည့် ဖောင်ဆိပ်ရွာကို လေ‌ကြောင်းဖြင့် တိုက်ခိုက်

Dawei Watch

May 11, 2026

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့မှ တနင်္သာရီမြို့သွားရာ လမ်းပိုင်းရှိ ဖောင်ဆိပ်ရွာတွင် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ‌တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။ မေလ ၁၀ ရက် နံနက် ၁၁ နာရီတွင် ဖောင်ဆိပ်ရွာရှိ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တိုက်ပွဲဖြစ်နေတဲ့ ဧရိယာတွေကို လာကြဲသွားတယ်။ ထိခိုက်မှုတော့ မရှိဘူး။ တစ်စီးပဲ တက်လာတာ” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။ ဖောင်ဆိပ်ရွာ ဝန်းကျင်တွင် ဧပြီလ ၂၁ ရက်နေ့မှ မေလ ၁၁ ရက်နေ့အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်အာဏာရှင်ဘက်က စစ်ကူအင်အား အများအပြားဖြင့် စစ်ကြောင်းထိုးနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ […]

ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားသူ အမျိုးသမီး ထိုင်းတွင် ဖမ်းဆီးခံရ

Dawei Watch

May 11, 2026

တရုတ်နိုင်ငံနှင့် ဟောင်ကောင်အာဏာပိုင်များက ဖမ်းဝရမ်းထုတ်ပြီး အလိုရှိနေသော ဟောင်ကောင်ဒီမိုကရေစီအရေး လှုပ်ရှားသူ Zhang Xinyan ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ Zhang Xinyan သည် UNHCR ကတ်ကို ကိုင်ဆောင်ထားသူဖြစ်သော်လည်း ထိုင်းအစိုးရက ဖမ်းဆီးပြီး ဟောင်ကောင် အစိုးရထံ ပြန်လည်ပို့ဆောင်မည့်အရေး ရင်ဆိုင်နေရသဖြင့် တက်ကြွလှုပ်ရှားသူများကြား စိုးရိမ်မှု မြင့်တက်လျက်ရှိသည်။ ဟောင်ကောင် ဒီမိုကရေစီအရေးလှုပ်ရှားပြီး ပြည်ပတွင် နေထိုင်သော Zhang Xinyan သည် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရကြောင်း Human Rights Watch အဖွဲ့၏ အကြီးတန်းသုတေသနပညာရှင် Sunai Phasuk က လူမှုကွန်ရက်တွင် မေလ ၉ ရက်က ရေးသားသည်။ အသက် ၅၅ နှစ်အရွယ် Zhang Xinyan […]

ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ရှိသည့် မြိတ်မြို့တွင် ဆိုင်ကယ်လုယက်မှု ဆက်တိုက်ဖြစ်

Dawei Watch

May 11, 2026

မြိတ်မြို့တွင် လူအသွားအလာနည်းသည့် နေရာများတွင် အရပ်ဝတ် ဝတ်ဆင်ထားသည့် ပျူစောထီးဆိုသူတို့က ဆိုင်ကယ် စစ်ဆေးမည်ဟုဆိုကာ ဆိုင်ကယ်လုယက်မှု ဆက်တိုက်ဖြစ်ပွားနေကြောင်း မြိတ်မြို့ခံအချို့က ပြောသည်။ ပြည်သူ့စစ် (ပျူစောထီး) ဆိုသူများသည် ဆိုင်ကယ်စီးနှင်းလာသူများကို စစ်ဆေးရန်ဟုဆိုကာ ရပ်ခိုင်းပြီး ဆိုင်ကယ်လုယက်ကြခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။ မေလ ၁ ရက်မှ ၁၀ ရက်အထိ သုံးကြိမ်ထက်မနည်း လုယက်ခံရကြောင်း ၎င်းတို့က ပြောဆိုကြသည်။ မေလ ၁၀ ရက်က မြိတ်မြို့ ငွေပုလဲလမ်းမကြီး၊ ခြောက်တင့်ခင်း လှေဒေါက်လမ်း စစ်ဆေးရေးဂိတ်အနီးတွင် အရပ်ဝတ်အမျိုးသားသုံးဦးက Click I အမျိုးအစားဆိုင်ကယ်တစ်စီးကို လုယက်ပြီးထွက် ပြေးသွားကြောင်း မြို့ခံအချို့က ဆိုသည်။ မေလ ၉ ရက်ကလည်း လူအသွားအလာနည်းသည့် ရွှေတိဂုံဘုရားအနီးတွင် အမျိုးသား သုံးဦးက ပြည်သူ့စစ် (ပျူ‌စောထီး) […]

ရနောင်းတွင် မြန်မာတစ်ဦးပိုင် ဘတ်သန်း ၅၀တန် တရားမဝင်ကုန် သိုလှောင်ရုံကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ဝင်ဖမ်း

Dawei Watch

May 11, 2026

ထိုင်း-မြန်မာနယ်စပ် ရနောင်းခရိုင်တွင် မြန်မာနိုင်ငံသား ပိုင်ဆိုင်သည်ဟုယူဆရသော တရားမဝင်ကုန်စည် ဘတ်သန်း ၅၀ တန်ဖိုးကို ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ ကိုယ်တိုင်ဝင်ရောက်ဖမ်းဆီးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ရနောင်းမြို့ ဘန်ရင်းဒေသတွင် တရားဝင် မှတ်ပုံ မတင်ထားသော သိုလှောင်ရုံထဲကို ဖူးခက်သို့ ရောက်ရှိနေသည့် ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူကိုယ်တိုင် မေလ ၁၀ ရက်တွင် ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သိုလှောင်ရုံထဲတွင် လုပ်ငန်းသုံး မီးစက်၊ လေပူ လေအေးပေးစက်၊ စက်ရုံနှင့် ဟိုတယ်များတွင် အသုံးပြုသော လျှပ်စစ်သွယ်တန်းပစ္စည်းများစွာကို တွေ့ရပြီး ကာလတန်ဖိုး ဘတ် သန်း ၅၀ ခန့် တန်ဖိုးရှိကြောင်း ဖော်ပြသည်။ သိုလှောင်ထားသော လျှပ်စစ်ပစ္စည်းများသည် ရနောင်းအကောက်အခွန်တွင် မှတ်ပုံတင်ထားခြင်း မရှိဘဲ အခြားနိုင်ငံသို့ မှောင်ခို တင်ပို့ရန် ရည်ရွယ်ထားပုံရကြောင်း […]

ငြိမ်းချမ်းရေးအဆိုပြုချက်အပေါ် အီရန်တုံ့ပြန်မှု ထရမ့် ပယ်ချ

Dawei Watch

May 11, 2026

အမေရိကန်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု အဆိုပြုချက်အပေါ် အီရန်၏ တုံ့ပြန်ချက်ကို သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၁၀ ရက်နေ့တွင် ပယ်ချလိုက်သည်။ ယင်းကြောင့် ရက်သတ္တပတ် ၁၀ ပတ်အထိ ကြာမြင့်လာသည့် အီရန်စစ်ပွဲ အဆုံးသတ်ရေး မျှော်လင့်ချက်များ ပျက်ပြယ်ခဲ့ရကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ အီရန်စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် အမေရိကန်က ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာ တနင်္ဂနွေနေ့တွင် အီရန်က တုံ့ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အဆိုပါ တုံ့ပြန်ချက်တွင် လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးတွင် စစ်ပွဲရပ်စဲရေးနှင့် ပိတ်ဆို့ခံထားရသော ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံရေးကို ဦးစားပေးဖော်ပြထားကြောင်း သိရသည်။ အီရန်၏ အဆိုပါ တုံ့ပြန်ချက် ထွက်ပေါ်လာပြီး နာရီပိုင်းအတွင်းမှာပင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လူမှုကွန်ရက်ပေါ်မှတစ်ဆင့် ယင်းတုံ့ပြန်ချက်ကို ပယ်ချပြောဆိုခဲ့သည်။ “အီရန်ရဲ့ […]

ရေခူတစ်ပိဿာ ကျပ်နှစ်သောင်းကျော်အထိ ဈေးမြောက်

Dawei Watch

May 11, 2026

ရေခူဆားနယ်တစ်ပိဿာလျှင် ကျပ်နှစ်သောင်းကျော်အထိ ဈေးမြောက်နေကြောင်း မြိတ်ကျွန်းစု‌နေ ပင်လယ် ရေလုပ်သားများနှင့် ရေထွက်ကုန် ရောင်းဝယ်ရေးလုပ်နေသူအချို့က ပြောသည်။ ယမန်နှစ်က ရေခူဆားနယ်တစ်ပိဿာလျှင် တစ်သောင်းသုံးထောင်ဝန်းကျင်ဈေးရှိရာက လက်ရှိတွင် ပျမ်းမျှ နှစ်သောင်း သုံးထောင်ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း ၎င်းတို့က ဆိုသည်။ ယခုနှစ်တွင် ထိုင်းနိုင်ငံ ရနောင်းမြို့ဘက်က အဝယ်လိုက်နေသည့်အတွက် ယင်းကဲ့သို့ ဈေးကောင်းနေခြင်းဖြစ်ကြောင်း ရေလုပ်သားများနှင့် ရေထွက်ကုန်ရောင်းဝယ်ရေးလုပ်နေသူအချို့က ပြောဆိုသည်။ “ကျွန်းစုဘက်ကလည်း (ထိုင်း) ရနောင်းကမ်းကို တိုက်ရိုက်ပို့တာတွေ များလာတယ်။ ဈေးကောင်းရတာကိုး။ ကျွန်မတို့ ဘိတ် (မြိတ်) က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အဝယ်ဒိုင်တွေကတော့ အထက်မြို့ကြီးတွေကို ပြန်ပို့တာများတယ်” ဟု မြိတ်မြို့ရှိ ရေထွက်ကုန် ရောင်းဝယ်ရေးလုပ်ကိုင်နေသည့်အမျိုးသမီးတစ်ဦးက ပြောသည်။ ရေခူဆားနယ်ကို ကျွန်းစုနှင့် ဘုတ်ပြင်းမြို့နယ်ရှိ ပင်လယ်ကျေးရွာများတွင် အဓိကလုပ်ကိုင်ပြီး ထိုင်းနိုင်ငံအပြင် မြိတ်မြို့ကိုလည်း တင်ပို့ရောင်းချနေသည်။ မြိတ်မြို့ပေါ်ရှိ […]