ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ခြောက်မိုင်ရွာတွင် ရွာသားတစ်ဦး မိုင်းနင်းမိပြီး ခြေပြတ်

Dawei Watch

May 14, 2026

တနင်္သာရီမြို့နယ်၊ ခြောက်မိုင်ရွာတွင် ရွာသားတစ်ဦး သရက်သီးသွားခူးစဉ် မိုင်းနင်းမိပြီး ခြေပြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၁၂ ရက် နေ့လယ် ၂ နာရီခန့်တွင် ခြောက်မိုင်ရွာသားတစ်ဦး ခြံထဲ၌ သရက်သီးသွားခူးစဉ် မိုင်းနင်းမိပြီး ခြေပြတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ စစ်အာဏာရှင်တပ်သားများ ရွာထဲတွင် မရှိသည့်အချိန် ရွာသားများ ရွာထဲပြန်ဝင်ပြီး အသီးအနှံများ ခူးစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “သရက်သီးသွားကောက်နေတာက လူတစ်ဆယ်လောက်ရှိပြီ။ သူကျမှ ထိသွားတယ်။ အိမ်နောက်ဖက်က သရက်ပင်မှာတင် ထိသွားတာ” ဟု အထက်ပါ ဒေသခံက ပြောသည်။ မိုင်းထိသွားသူသည် ခြောက်မိုင်ရွာသား အသက် ၃၂ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ခြေပြတ်သွားသဖြင့် တနင်္သာရီမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။ “စစ်သားတွေက […]

မဲဆောက်တွင် တရားမဝင် ဝင်လာသော မြန်မာအမျိုးသမီး ၇ ဦး ဖမ်းဆီးခံရ

Dawei Watch

May 14, 2026

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာအမျိုးသမီး ၇ ဦးကို အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နယ်စပ်တစ်လျှောက် လူမှောင်ခိုပို့ဆောင်မှုနှင့် မူးယစ်ဆေးဝါးသယ်ယူမှုများကို နှိမ်နင်းဖမ်းဆီးနိုင်ရန်အတွက် နယ်ခြားစောင့်တပ်များက ကင်းလှည့်နေစဉ် မေလ ၁၃ ရက်နေ့ ညနေပိုင်းက ထာ့ဆိုင်လို့ဒေသ ကျကိုဝါစက်ရုံအနောက်ဘက်တွင် မြန်မာနိုင်ငံသားများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အမျိုးသမီး ၇ ဦးသည် အသက် ၁၈ နှစ်မှ ၃၆ နှစ်အရွယ်များ ဖြစ်ပြီး နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရဟုဆိုသည်။ ထို့ကြောင့် အားလုံးကို မဲဆောက်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် အမှုဖွင့်ထားသည်။ လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို အဆင့်သုံးဆင့်ဖြင့် အမြစ်ပြတ် နှိမ်နင်းသွားမည်ဟု […]

ရေး စကခ ၁၉ က တပ်သား ၄ ဦး ရေးဘီလူးအဖွဲ့ထံ ထွက်ပြေးလာ

Dawei Watch

May 14, 2026

မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉ မှ တပ်သား ၄ ဦး ရေးဘီလူးအဖွဲ့ထံ ထွက်ပြေးဝင်ရောက်လာကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။ စကခ ၁၉ တွင် တာဝန်ထမ်းဆောင်နေသည့် စစ်မှုထမ်း တပ်သား ၄ ဦးသည် ရေးဘီလူးအဖွဲ့နှင့် ဆက်သွယ်ပြီး မေလ ၁၃ ရက်နေ့က ရေးဘီလူးအဖွဲ့ထံ ထွက်ပြေးရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ရေးဘီလူးအဖွဲ့ထံ ထွက်ပြေး ရောက်လာသည့် စစ်မှုထမ်း တပ်သား ၄ ဦးသည် မောင်ပြည့်ဖြိုးမောင်ကိုယ်ပိုင်အမှတ် – (ပစ)၂၀၄၃၅၀၊ မောင်မင်းထက်၊ ကိုယ်ပိုင်အမှတ် – (ပစ)၂၀၄၄၀၄၊မောင်အေးမင်းလှိုင် ကိုယ်ပိုင်အမှတ် – (ပစ)၂၀၄၄၀၁၊ မောင်အားဂျင် ကိုယ်ပိုင်အမှတ် – (ပစ)၂၀၄၃၄၄တို့ဖြစ်သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းစစ်မှုထမ်းတပ်သား ၄ ဦးသည် သံဖြူဇရပ်မြို့၊ […]

အမေရိကန် ပိတ်ဆို့မှုကြောင့် ကျူးဘားတွင် ဒီဇယ်နှင့် ရေနံ လုံးဝပြတ်လပ်

Dawei Watch

May 14, 2026

အမေရိကန်၏ ပိတ်ဆို့မှုခံထားရသည့် ကျူးဘားနိုင်ငံတွင် ဒီဇယ်နှင့် ရေနံလုံးဝပြတ်တောက်သွားပြီဖြစ်ကြောင်း ကျူးဘားစွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးက မေလ ၁၃ ရက်နေ့က ပြောကြားလိုက်သည်။ အမေရိကန်၏ ပိတ်ဆို့ဖြတ်တောက်မှုကြောင့် နိုင်ငံအတွင်း လောင်စာဆီရရှိရန် အခက်အခဲဖြစ်နေပြီး မြို့တော်ဟာဗားနားတွင် ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး လျှပ်စစ်မီးပြတ်တောက်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။ “ကျွန်တော်တို့မှာ ရေနံရော ဒီဇယ်ရော လုံးဝမရှိတော့ပါဘူး” ဟု ကျူးဘားစွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီး ဗင်းဆင့်ဒီလာအိုက နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။ နိုင်ငံပိုင်လျှပ်စစ်ဓာတ်အားစနစ်မှာလည်း စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်းနှင့် အရန်လောင်စာဆီများလည်း မရှိတော့ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။ မကြာသေးမီရက်ပိုင်းအတွင်း မြို့တော်ဟာဗားနားနေရာအနှံ့တွင် လျှပ်စစ်မီးပြတ်တောက်မှုများ သိသိသာသာ မြင့်တက်လာခဲ့သည်။ ရပ်ကွက်အများစုတွင် တစ်နေ့လျှင် နာရီ ၂၀ မှ ၂၂ နာရီအထိ လျှပ်စစ်မီးမရရှိကြောင်း အဆိုပါ ဝန်ကြီးက ပြောသည်။ ယင်းအခြေအနေက […]

ဂျိုရှူအာဗန်တက်မယ့် မလေးရှားက CRC အသင်းငွေရတုအခမ်းအနား ဖြူဖြူကျော်သိန်း သီဆိုဖျော်ဖြေမယ်

Dawei Watch

May 14, 2026

မလေးရှားနိုင်ငံမှာရှိတဲ့ Chin Refugee Committee (CRC) အသင်းရဲ့ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားမှာ တေးသံရှင် ဖြူဖြူကျော်သိန်း သီဆိုဖျော်ဖြေပေးသွားမှာဖြစ်ပြီး၊ UFC ချန်ပီယံ ချင်းဖိုက်တာလေး ဂျိုရှုအာဗန်လည်း ဒီအခမ်းအနားကို တက်ရောက်မယ်လို့ သိရပါတယ်။ ဒီအခမ်းအနားကို လာမယ့် မေလ ၂၇ ရက်နေ့ရောက်ရင် မလေးရှားနိုင်ငံ၊ ကွာလမ်လမ်ပူမြို့ဆီက Jalan Loke Yew မှာရှိတဲ့ SIK (C) Chung kwo ကျောင်းခန်းမမှာ မနက် ၉ နာရီကနေ ည ၁၁ နာရီအထိ ကျင်းပသွားမှာဖြစ်ပါတယ်။ ဂျိူရှူအာဗန် ဟာ ဒီအခမ်းအနားဆီကို ဖိတ်ကြားခံ အထူးဧည့်သည်တော်အနေနဲ့ တက်ရောက်သွားမှာဖြစ်တယ်လို့ သတင်းကြားသိရပါတယ်။ မေလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ဟာ အများပြည်သူအားလပ်ရက်ဖြစ်လို့ မလေးရှားရောက် […]

ဒုတပ်ရင်းမှူး ပစ်သတ်ခံရပြီးနောက် လမိုင်းမြို့တွင် စစ်ဆေးမှု တင်းကြပ်

Dawei Watch

May 14, 2026

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် ခလရ ၁၀၆ ဒုတပ်ရင်းမှူး ပစ်သတ်ခံရပြီးနောက် မြို့ပေါ်တွင် စစ်ဆေးမှု တင်းကြပ်နေသည်ဟု မြိုခံများထံမှ သိရသည်။ မော့ကနင်အခြေစိုက် ခလရ ၁၀၆ တပ်ရင်းက ဒုတင်ရင်းမှူး ထွန်းရာကျော်ကို ရေးဘီလူးအဖွဲ့က ပြီးခဲ့သည့် မေ ၁၁ ရက်နေ့က လမိုင်းမြို့မရဲစခန်းအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ဒုတပ်ရင်းမှူး ပစ်သတ်ခံရပြီး နောက်နေ့ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းကစပြီး မြို့ပေါ်နှင့် မြို့အဝင်အထွက်နေရာများ မြို့နှင့် ဆက်စပ်သည့် ကျေးရွာများ၊ ရွာချင်းဆက်လမ်းများတွင် စစ်ကော်မရှင်တပ်က လုံခြုံရေးချထားပြီး စစ်ဆေးမှုများ တင်းကြပ်ထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။ “အဲဒီ ဒုတပ်ရင်းမှူး ပစ်ခတ်ခံရပြီး နောက်နေ့ မနက်ကစပြီးတော့ စစ်သားတွေ နေရာတိုင်းမှာ စောင့်နေပြီးတော့ ဖြတ်သွား ဖြတ်လာသမျှ […]

ပုလော ဆင်ထိုးကြီးရွာတွင် အမျိုးသားတစ်ဦး အိမ်ခြံဝင်းအတွင်း မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရ

Dawei Watch

May 13, 2026

ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာတွင် အမျိုးသားတစ်ဦး နေအိမ်ခြံဝင်းအတွင်း မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တွင် ဒဏ်ရာအပြင်းအထန် ရရှိကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၆၁ နှစ်အရွယ် ဦးခင်ဇော်သည် မေလ ၁၃ ရက် နံနက် ၁၁ နာရီခန့်တွင် မိုင်းနင်းမိခြင်းဖြစ်ပြီး ဘယ်ဘက် ခြေသလုံးကနေ ကြွေမွဒဏ်ရာရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “မိုးကျတော့မယ်ဆိုတော့ အိမ်ကို ဖက် (အမိုး) ဝင်မိုးတယ်လို့ပြောတယ်။ အိမ်က မမိုးဘဲ ပစ်ထားရင်လည်း ဆွေးကုန် ပျက်စီးကုန်မှာလေ။ အဲဒီတော့ KNLA တပ်ဖွဲ့တွေထံမှာ ခွင့်တောင်းပြီးဝင်တယ်။ ခြံဝန်းထဲ လျှောက်သွားရင်း မိုင်းနင်းမိ တာလို့ ပြောတယ်။ ခြေထောက်တော့ ဖြတ်ရမယ်လို့ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။ ဆင်ထိုးကြီးရွာတွင် နေအိမ်များ၊ စာသင်ကျောင်း၊ ကျေးရွာအတွင်းရှိ လမ်းများ၊ […]

ထိုင်းတော်ဝင်လယ်ထွန်မင်္ဂလာ အခမ်းအနား

Dawei Watch

May 13, 2026

ထိုင်းနိုင်ငံတွင် ဆန်စပါး စိုက်ပျိုးရေးရာသီသစ် စတင်ခြင်း အထိမ်းအမှတ်ဖြစ်သော တော်ဝင်လယ်ထွန်မင်္ဂလာနေ့ အခမ်းအနားကို ယနေ့ မေလ ၁၃ ရက်တွင် ဘန်ကောက်မြို့ အခမ်းအနားကွင်းပြင်၌ ကျင်းပသည်။ နိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားများအတွက် မိုးလေဝသ မှန်ကန်ရန်နှင့် ကောက်ပဲသီးနှံများ အထွက်တိုးစေရန် ရည်ရွယ်ကျင်းပသော အခမ်းအနားကို ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားကြီးက တက်ရောက်ချီးမြှင့်ခဲ့သည်။ အခမ်းအနားကို နံနက် ၈ နာရီခန့်တွင် စိုက်ပျိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဦးဆောင်ကျင်းပပြီး တော်ဝင်နွားလားဥသဘ အဖြူနှစ်ကောင်ဖြင့် ထွန်ယက်ခြင်းနှင့် မျိုးစပါးကြဲခြင်းများကို လုပ်ဆောင်ကြသည်။ ယခုနှစ် အခမ်းအနားတွင် ရွေးချယ်ခဲ့သော အဝတ်အစားအရ မိုးရွာသွန်းမှု နည်းမည်ဟု ခန့်မှန်းထားကြသည်။ အခမ်းအနားတွင် တော်ဝင်နွားလားဥသဘများက ပဲကို စားသုံးခဲ့သဖြင့် အစားအစာနှင့် ကောက်ပဲသီးနှံများ ပေါကြွယ်ဝ မည်ဖြစ်ပြီး ရေနှင့် မြက်ကို စားသုံးခဲ့သဖြင့် […]