ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတော်ဝင်လယ်ထွန်မင်္ဂလာ အခမ်းအနား

May 13, 2026

ဓာတ်ပုံ - Ministry of agriculture and cooperatives

ထိုင်းနိုင်ငံတွင် ဆန်စပါး စိုက်ပျိုးရေးရာသီသစ် စတင်ခြင်း အထိမ်းအမှတ်ဖြစ်သော တော်ဝင်လယ်ထွန်မင်္ဂလာနေ့ အခမ်းအနားကို ယနေ့ မေလ ၁၃ ရက်တွင် ဘန်ကောက်မြို့ အခမ်းအနားကွင်းပြင်၌ ကျင်းပသည်။

နိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားများအတွက် မိုးလေဝသ မှန်ကန်ရန်နှင့် ကောက်ပဲသီးနှံများ အထွက်တိုးစေရန် ရည်ရွယ်ကျင်းပသော အခမ်းအနားကို ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားကြီးက တက်ရောက်ချီးမြှင့်ခဲ့သည်။

အခမ်းအနားကို နံနက် ၈ နာရီခန့်တွင် စိုက်ပျိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဦးဆောင်ကျင်းပပြီး တော်ဝင်နွားလားဥသဘ အဖြူနှစ်ကောင်ဖြင့် ထွန်ယက်ခြင်းနှင့် မျိုးစပါးကြဲခြင်းများကို လုပ်ဆောင်ကြသည်။

ယခုနှစ် အခမ်းအနားတွင် ရွေးချယ်ခဲ့သော အဝတ်အစားအရ မိုးရွာသွန်းမှု နည်းမည်ဟု ခန့်မှန်းထားကြသည်။

အခမ်းအနားတွင် တော်ဝင်နွားလားဥသဘများက ပဲကို စားသုံးခဲ့သဖြင့် အစားအစာနှင့် ကောက်ပဲသီးနှံများ ပေါကြွယ်ဝ မည်ဖြစ်ပြီး ရေနှင့် မြက်ကို စားသုံးခဲ့သဖြင့် ရေအလုံအလောက် ရရှိကာ သစ်သီးနှင့် အသားများလည်း ပေါကြွယ်ဝမည်ဟု ခန့်မှန်ထားကြသည်။

စိုက်ပျိုးရေးနှင့် ကောက်ပဲသီးနှံ အထွက်တိုးစေရန် တော်ဝင်မျိုးစပါးနှင့် ကောက်ညှင်းဆန်များကို အခမ်းအနားတွင် အသုံးပြုခဲ့ပြီး လယ်သမားများထံသို့ ပြန်လည်ဖြန့်ချိပေးမည်ဖြစ်ကြောင်း ဆိုသည်။

တော်ဝင်လယ်ထွန်မင်္ဂလာအခမ်းအနားကို ဆန်စပါးစိုက်ပျိုးရာသီအစဖြစ်သော နှစ်တစ်နှစ်၏ ခြောက်လမြောက် သို့မဟုတ် မေလတွင် နှစ်စဉ် ရိုးရာမပျက် ကျင်းပလေ့ရှိသည်။

Ref: The Nation Thailand