ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်ပွဲကာလအတွင်း ဆော်ဒီက အီရန်ကို တိတ်တဆိတ်တိုက်ခိုက်ဟုဆို

May 13, 2026

အီရန်စစ်ပွဲအတွင်း ဆော်ဒီက အီရန်အပေါ် လူသိရှင်ကြား မထုတ်ပြန်သည့် လေကြောင်းတိုက်ခိုက်မှု အများအပြား လုပ်ဆောင်ခဲ့ကြောင်း အနောက်နိုင်ငံအစိုးရအရာရှိနှစ်ဦးနှင့် အီရန်အရာရှိနှစ်ဦးက ပြောကြားသည်။

အီရန်စစ်ပွဲအတွင်း ဆော်ဒီအပေါ် အီရန်၏ တိုက်ခိုက်မှုများအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အဆိုပါ တိုက်ခိုက်မှုများကို ဆော်ဒီက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအရာရှိများက ဆိုသည်။

ယခင်က သတင်းထွက်ပေါ်လာခြင်းမရှိသည့် အဆိုပါ တိုက်ခိုက်မှုများသည် ဆော်ဒီက အီရန်‌ပိုင်နက်အတွင်းသို့ စစ်ရေးအရ ပထမဆုံးအကြိမ် တိုက်ရိုက်ကျူးကျော်တိုက်ခိုက်ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုများကို ဆော်ဒီလေတပ်က မတ်လကုန်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အနောက်နိုင်ငံအရာရှိနှစ်ဦးက သုံးသပ်ထားသည်။

ဆော်ဒီလေတပ်က အီရန်နိုင်ငံအတွင်း မည်သည့်နေရာများကို ဦးတည်တိုက်ခိုက်ခဲ့သည်ဆိုသည့် အသေးစိတ် အချက်အလက်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်း ရှိမရှိဆိုသည်ကို ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက တိတိပပ အတည်ပြုပြောကြားခြင်း မရှိသေးကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တစ်စုံတစ်ရာ မှတ်ချက်ပေးပြောဆိုခြင်း မရှိသေးကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုနှင့် ခိုင်မာသော စစ်ဘက်ဆက်ဆံရေးရှိသည့် ဆော်ဒီသည် အစဉ်အလာအရ အမေရိကန်စစ်တပ်၏ အကာအကွယ်ကိုသာ မှီခိုအားထားခဲ့သည်။

သို့ရာတွင် ရက်သတ္တပတ် ၁၀ ပတ်ကြာ ဖြစ်ပွားနေသည့် အီရန်စစ်ပွဲအတွင်း အမေရိကန်၏ စစ်ရေးအကာအကွယ်ကို ဖောက်ထွင်းဝင်ရောက်လာသည့် အီရန်၏ တိုက်ခိုက်မှုများကြောင့် ဆော်ဒီ၏ လုံခြုံရေးမှာ ထိခိုက်လွယ်သည့် အနေအထားသို့ ရောက်ရှိနေသည်။

Source: CNA