မြိတ်မြို့၊ ကန်ဖျားရပ်ကွက်တွင် မေလ ၁၄ ရက်ညက လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချ၍ – ေ-သ -ဆုံးနေကြောင်း မြို့ခံများထံမှ သိရသည်။
ေ-သ- ဆုံးသူသည် အထက (၁) မြိတ်တွင် Grade 11 အောင်မြင်ထားပြီး ယခုနှစ်တွင် Grade 12 တက်ရောက်မည့် အသက် ၁၉ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
နေအိမ်၌ပင် ည ၁၂ နာရီဝန်းကျင်၌ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း – ေ- သ ဆုံးသူ၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ရင်ခွဲရုံရဲ့ စစ်ဆေးချက်အရ ည ၁၂ နာရီနောက်ပိုင်းမှ ဖြစ်တယ်လို့ သိရတယ်။ ကြိုးဆွဲချတာကို လူတွေတွေ့တာက တစ်နာရီလောက် ခြားတာပေါ့။ အဲဒီလိုမလုပ်ခင် ထမင်းစားသွားသေးတယ်လို့ ဆေးစစ်ချက်မှာ ပေါ်တယ်” ဟု ၎င်းက ပြောဆိုသည်။
ကြိုးဆွဲချရသည့် အကြောင်းရင်းကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။
ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေလအထိ လေးလကျော်ကာလအတွင်း ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ကြိုးဆွဲချ၍ – ေ-သ-ဆုံးသူ အမျိုးသားနှစ်ဦးစီ (စုစုပေါင်း လေးဦး) ရှိကြောင်း Dawei Watch က ပြုစုထားသည့် အချက်အလက်များအရ သိရသည်။







