ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မဟာချိုင်တွင် စက်ရုံမီးလောင်၍ မြန်မာလုပ်သား၏ ဘတ် ၉ သိန်းခန့်ရှိ ရွှေနှင့် ငွေသားများ မီးထဲပါသွား

Dawei Watch

May 20, 2026

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် စက်ရုံအတွင်း မီးလောင်မှုဖြစ်ပွားရာမှ မြန်မာအလုပ်သမားတစ်ဦး သိမ်းဆည်းထားသော ရွှေဆွဲကြိုးနှင့် ငွေသားများ မီးထဲပါသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စမွတ်စခွန်ခရိုင်၊ ကထူးဘန်ဒေသတွင် ယနေ့ နံနက် ၁၀ နာရီခန့်က အလူမီနီယံထုတ်လုပ်သည့် စက်ရုံအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စက်ရုံအတွင်း မီးလောင်မှုကို မီးသတ်ယာဉ် ၁၀ စီးဖြင့် ငြိမ်းသတ်ခဲ့ရပြီး စက်ရုံခေါင်မိုးနှင့် ပစ္စည်းများ ပြိုကျကာ ထိခိုက်ပျက်စီးသွားခဲ့သည်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သတင်းများအရ သိရသည်။ မီးငြိမ်းသတ်ပြီးနောက် မြန်မာအလုပ်သမား ခေါင်းဆောင်တစ်ဦးက စက်ရုံအတွင်း သိမ်းဆည်းထားသော တန်ဖိုးရှိ ပစ္စည်းများကို ရှာဖွေပေးရန် တောင်းဆိုခဲ့သဖြင့် ကူညီရှာဖွေပေးခဲ့ကြသည်။ ၎င်း၏ အိတ်ထဲတွင် ငွေသား ဘတ် ၂ သိန်းနှင့် (ဘတ် ၇ […]

၃ နှစ်ကြာရပ်ထားသည့် ရေဖြူမြို့နယ်လုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှု စာမေးပွဲ ပြန်ကျင်းပ

Dawei Watch

May 20, 2026

ရေဖြူမြို့နယ်လုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုစာမေးပွဲကို မေလ တတိယအပတ်တွင် မလွှဲတောင်အနီးရှိ အလယ်စခန်းရွာ၌ ပြုလုပ်ခဲ့ကြောင်း ရေဖြူမြို့နယ်ရှိ မွန်ကျောင်းများထံမှ သိရသည်။ ထားဝယ်ခရိုင်ထဲတွင်ရှိသော ရေဖြူမြို့နယ်မှာ မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် ထိစပ်နေပြီး မွန်ရွာများလည်း တည်ရှိသည်။ ရေဖြူမြို့နယ်လုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုစာမေးပွဲသည် နွေရာသီမွန်ကျောင်းများ၏ မြို့နယ်အဆင့် အတန်းတင်စာမေးပွဲဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ရေဖြူမြို့နယ်၊ ကျွဲသုံးညီမရွာတွင် နောက်ဆုံးကျင်းပခဲ့သည်။ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ရေဖြူမြို့နယ်၊ ကျေးရွာအချို့တွင် စစ်ရေးပြင်းထန်ခဲ့သဖြင့် မွန်ကျောင်းများ အပြည့်အဝမဖွင့်နိုင်ခဲ့ခြင်းကြောင့် မြို့နယ်အဆင့်စာမေးပွဲကို ရပ်နား၍ မိမိရပ်ရွာအလိုက်သာ စာမေးပွဲ ဖြေဆိုကြတော့ကြောင်း စာမေးပွဲစီစဉ်သူများထံမှ သိရသည်။ ယခုနှစ် ပြန်ကျင်းပသော ရေဖြူမြို့နယ်လုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှု စာမေးပွဲကို မေလ ၁၅ ရက်တွင် စာမေးပွဲရက်အဖြစ်လည်းကောင်း၊ မေလ ၁၈ […]

ထရမ့်၏ အီရန်စစ်ပွဲလုပ်ပိုင်ခွင့်ကို ကန့်သတ်မည့်မူကြမ်း ရှေ့ဆက်ရန် ကန်အထက်လွှတ်တော် ဆုံးဖြတ်

Dawei Watch

May 20, 2026

လွှတ်တော်၏ ခွင့်ပြုချက်မရရှိပါက အီရန်စစ်ပွဲကို အဆုံးသတ်ရန် သမ္မတဒေါ်နယ်ထရမ့်ကို ဖိအားပေးမည့် စစ်ပွဲဆိုင်ရာလုပ်ပိုင်ခွင့် ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ရှေ့ဆက်တွန်းအားပေးရန် အမေရိကန် အထက်လွှတ်တော်က အင်္ဂါနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ ယင်းမှာ အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များက အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် ရက်ပေါင်း ၈၀ အကြာတွင် ရီပတ်ဘလင်ကန်ခေါင်းဆောင် သမ္မတထရမ့်အပေါ် ယင်းပါတီတွင်းမှ ထူးထူးခြားခြား ကန့်ကွက်ရှုတ်ချလိုက်ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို ရှေ့ဆက်ဆောင်ရွက်ရန် လုပ်ထုံးလုပ်နည်းဆိုင်ရာ မဲခွဲဆုံးဖြတ်မှုတွင် ထောက်ခံမဲ ၅၀၊ ကန့်ကွက်မဲ ၄၇ မဲဖြင့် ဆီးနိတ်လွှတ်တော်က အတည်ပြုနိုင်ခဲ့သည်။ အဖွဲ့ဝင်အမတ်ဦးရေ ၁၀၀ ပါဝင်သည့် အထက်လွှတ်တော်တွင် ရီပတ်ဘလင်ကန်အမတ် လေးဦးက ဒီမိုကရက်အမတ်များနှင့် ပူးပေါင်းကာ ထောက်ခံမဲပေးခဲ့သည်။ ရီပတ်ဘလင်ကန်အမတ် သုံးဦးမှာ မဲပေးရန် ပျက်ကွက်ခဲ့ပြီး ကန့်ကွက်မဲပေးခဲ့သည့် […]

ဘန်ကောက် ရထားတိုက်မှုကြောင့် သေဆုံးသူများထဲတွင် မြန်မာတစ်ဦး ပါဝင်

Dawei Watch

May 20, 2026

ဘန်ကောက်မြို့ မက်ကစန်ရထားလမ်းမှတ်တိုင်အနီးတွင် ဖြစ်ခဲ့သော ရထားတိုက်မှုတွင် သေဆုံးသူ ၈ ဦးအနက် မြန်မာနိုင်ငံသား တစ်ဦးပါဝင်ကြောင်း ထိုင်းသတင်းဌာနများအရ သိရသည်။ မေလ ၁၆ ရက်နေ့က ဖြစ်ခဲ့သော ရထားတိုက်မှုတွင် သေဆုံးသူ ၈ ဦးအနက် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဦး တို့ကို မှုခင်းရဲတပ်ဖွဲ့က အချက်အလက် အတည်ပြုနိုင်ခဲ့သည်။ အတည်ပြုနိုင်ခဲ့သော သေဆုံးသူ ၆ ဦးထဲတွင် အသက် ၃၆ နှစ်အရွယ် မအေးအေးမြင့်အမည်ရှိ မြန်မာနိုင်ငံသားတစ်ဦး ပါဝင်ကြောင်းလည်း အတည်ပြုနိုင်ခဲ့သည်။ မအေးအေးမြင့်သည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကျုံဖဲကျေးရွာ ဇာတိဖြစ်ပြီး မိသားစုဝင်များက အလောင်းလာရောက် ထုတ်ယူနေပြီဖြစ်ကြောင်း ဘီဘီစီတွင် ဖော်ပြထားချက်အရ သိရသည်။ ကျန်အတည်ပြုထားသူ ၅ ဦးမှာ ထိုင်းနိုင်ငံသားများဖြစ်ကြပြီး […]

သံဖြူဇရပ်တွင် သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည့် အမျိုးသားနှစ်ဦး အလောင်းထပ်တွေ့

Dawei Watch

May 20, 2026

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာအနီးတွင် လက်ပြန်ကြိုးတုပ်ပြီး သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းနှစ်လောင်း ယနေ့ နံနက်ပိုင်းတွင် တွေ့ရှိကြောင်း ဒေသလူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ယနေ့ မေလ ၂၀ရက် နံနက် ၉နာရီဝန်းကျင်တွင် ထင်းရူးကျေးရွာအနီး သံဖြူဇရပ်-ကရုပ္ပိ-ထင်းရူး-အနင်းကားလမ်း ဘေးတွင် မှောက်လျက်အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။ ပေါင်၊ ရင်ဘတ်၊ လည်ပင်းတို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် သေဆုံးနေပြီး အဆိုပါအမျိုးသားနှစ်ဦးမှာ မည်သူမည်ဝါ ဖြစ်သည်ကိုမူ မသိရသေးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ “အလောင်းတွေကို လမ်းသွားလမ်းလာတွေက တွေ့တာ။ သူတို့တွေက ဘယ်သူတွေလည်း ဒေသခံတွေပဲလား၊ ဘာမှ မသိရသေး” ဟု ၎င်းက ပြောဆိုသည်။ ရုပ်အလောင်းတွေ့ရှိသည့် နေရာအနီးတွင် ကျည်ခွံများလည်း တွေ့ရကြောင်း ၎င်းက ဆိုသည်။ အဆိုပါအမျိုးသားနှစ်ဦးကို မည်သူတို့က […]

လောင်းလုံး ထိန်တွင်းရွာတွင် ကျောင်းသားတစ်ဦးရေနစ်သေဆုံး

Dawei Watch

May 20, 2026

လောင်းလုံးမြို့နယ်၊ ထိန်တွင်းကျေးရွာတွင် မေလ ၁၉ ရက် ညနေပိုင်းက ကျောင်းသားတစ်ဦး ရေနစ်သေဆုံးကြောင်း ဒေသခံများထံမှသိရသည်။ ထိန်တွင်းကျေးရွာအနီး လယ်ကွက်တွင် ဘက်ဟိုးဖြင့် မြေသားဘောင်ပြုလုပ်ရာမှ တွင်းအဖြစ်ကျန်ခဲ့သည့် မြေကျင်း အတွင်း ကလေးငယ်လေးဦး မေလ ၁၉ ရက် ညနေ ၄နာရီခွဲခန့်တွင် ရေဆင်းကူးကြကြောင်း ဒေသခံများက ပြောသည်။ ယင်းအနက် ကလေးတစ်ဦး ရေနစ်နေကြောင်း အခြားကလေးတစ်ဦးက လာရောက်အကြောင်းကြားသဖြင့် ရွာသားများ လိုက်လံရှာဖွေရာ ရေအောက်ကြမ်းပြင်တွင် တွေ့ရှိကြောင်း ၎င်းတို့က ဆိုသည်။ ရေနစ်သည့် ကလေးငယ်ကို ထားဝယ်မြို့ရှိ မက်ဒီလမ်းဆေးရုံကြီးသို့ ချက်ချင်းပို့ဆောင်ခဲ့သော်လည်း ကလေးငယ်မှာ သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ရေနစ်သေဆုံးသည့် ကလေးငယ်သည် အသက် ၁၃ နှစ်အရွယ် မောင်ရှိုင်းရှိုင်းဦး ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့ […]

ကော့သောင်းမြို့ခံ အများအပြားထံမှ ကျပ်သိန်း သောင်းချီ လိမ်လည်ပြီး ထွက်ပြေး

Dawei Watch

May 20, 2026

ကော့သောင်းမြို့တွင် အပေါင်ဆိုင်ဖွင့်ထားသည့် အမျိုးသားနှစ်ဦးသည် မြို့ခံများထံမှ ငွေကျပ်သိန်း သောင်းချီ လိမ်လည်ကာ ထွက်ပြေးသွားကြောင်း ငွေကြေးလိမ်လည်ခံရသူအချို့က ပြောသည်။ ရွှေဇင်ယော်ရပ်ကွက် မြရည်ပုလဲလမ်းတွင် အပေါင်ဆိုင်ဖွင့်ထားပြီး အသက် ၄၇ နှစ်အရွယ် ကိုဇေနှင့် အသက် ၃၈ နှစ် အရွယ် ကိုဘုဏ်း ဆိုသူတို့က လိမ်လည်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ငွေကြေးလိမ်လည်ခံရသူအချို့က ဆိုသည်။ အဆိုပါအမျိုးသားနှစ်ဦးသည် အပေါင်ဆိုင်ဖွင့်ထားပြီး လစဉ်စုငွေကိုလည်း ဒိုင်အနေဖြင့် လုပ်ကိုင်ကြသည့်အပြင် မြို့ခံများ ထံမှလည်း ငွေကြေးအမြောက်အများကို အတိုးဖြင့် ချေးယူထားကြောင်း ၎င်းတို့က ပြောဆိုသည်။ “သူတို့ကိုယ် သူတို့ မင်းမျိုးမင်းနွယ်တွေဆိုပြီး လူတွေကို အထင်ကြီးအောင်ပြောထားတယ်။ ပြီးရင် ဘုရားတည်တယ်၊ ကထိန်ခင်းတယ်၊ ရဟန်းခံရှင်ပြုအလှူတွေကိုဆို ပိုက်ဆံတွေ အများကြီးအကုန်ခံပြီး ကြီးကြီးကျယ်လုပ်တယ်။ သူတို့ကိုယ် သူတို့ ပိုက်ဆံချမ်းသားတဲ့သူတွေပုံစံ ဖမ်းထားပြီး လူတွေကို […]

အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား ရပြီ

Dawei Watch

May 20, 2026

ဘုန်းမောက်နဲ့ မန်စီးတီး တို့ တစ်ဖက်တစ်ဂိုးစီ သရေဖြစ်သွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အာဆင်နယ်က အမှတ်ပေးချန်ပီယံအဖြစ် အောင်ပွဲခံသွားနိုင်ခဲ့ပါတယ်။