မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ရာသီပြီးဆုံးချိန်ရောက်ရင် အသင်းက ထွက်ခွာတော့မှာဖြစ်ပြီး လက်ရှိအချိန်မှာ မန်စီတီးအသင်းက ဂွါဒီယိုလာရဲ့နည်းပြနေရာအတွက် ဆက်ခံသူကို ရွေးချယ်ထားပြီးပြီဖြစ်တယ်လို့ သတင်းအတည်ပြုချက်တွေ ထွက်ပေါ်လာပါတယ်။
ဂွါဒီယိုလာ ဟာ သူ့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာကို စနစ်တကျ နားလည်တဲ့အပြင် အသင်းကို ပုံစံမပျက် ဦးဆောင်သွားနိုင်မယ့်သူအဖြစ် မာရက်စ်ကာ ကို မှတ်ချက်ပေးခဲ့ပြီး မာရက်စ်ကာ နဲ့ မန်စီးတီးအသင်းတို့အကြားမှာ နည်းပြရာထူးအတွက် အရာအားလုံးကို သဘောတူညီမှုရထားပြီးပြီလို့ ဆိုပါတယ်။
ဂွါဒီယိုလာနဲ့ မန်စီးတီးအသင်းတာဝန်ရှိသူတွေဟာ အစောပိုင်းက ကွမ်ပနီ ကို အသင်းနည်းပြသစ်အဖြစ် ခေါ်ယူခန့်အပ်နိုင်ဖို့ ကြိုးစားခဲ့ကြပြီး ဘိုင်ယန်မြူးနစ်နည်းပြအဖြစ် တာဝန်ယူထားတဲ့ ကွမ်ပနီ ကို ခေါ်ယူနိုင်ဖို့ အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ဂွါဒီယိုလာ က မာရက်စ်ကာ ကို ခေါ်ယူဖို့ ထောက်ခံချက်ပေးလိုက်တာဖြစ်ပါတယ်။
မာရက်စ်ကာ ဟာ ဂွါဒီယိုလာရဲ့လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပြီး အခုမတိုင်ခင် လက်စတာ၊ ချယ်လ်ဆီး အစရှိတဲ့အသင်းတွေကို မာရက်စ်ကာ က တာဝန်ယူခဲ့ဖူးပါတယ်။
မာရက်စ်ကာ ဟာ အတိတ်ကာလတုန်းက ဂွါဒီယိုလာရဲ့လက်အောက်မှာ မန်စီးတီးအသင်းကို လက်ထောက်နည်းပြအဖြစ် တာဝန်ယူပေးခဲ့ဖူးပြီး အသင်းပိုင်ရှင်တွေနဲ့လည်း ဆက်ဆံရေးကောင်းမွန်သူဖြစ်ပါတယ်







