ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အက်စတွန်ဗီလာ ယူရိုပါလိဂ်ဖလား ချန်ပီယံဖြစ်ပြီ၊ နည်းပြ ယူနိုင်းအမ်မရီ စံချိန်သစ်တင်

May 21, 2026

အက်စတွန်ဗီလာအသင်းဟာ နည်းပြ ယူနိုင်း အမ်မရီရဲ့ ဦးဆောင်မှုနဲ့အတူ ယူရိုပါလိဂ်ဖလား ဆွတ်ခူးရယူပြီး သမိုင်းမှတ်တမ်းသစ်တစ်ခု ရေးသားသွားခဲ့ပြီဖြစ်ပါတယ်။

အက်စတွန်ဗီလာ ဟာ ၁၉၈၂ ခုနှစ်တုန်းက ဥရောပဖလား (ယခု ချန်ပီယံလိဂ်ဖလား) ဆွတ်ခူးရယူနိုင်ခဲ့ပြီးတဲ့နောက်ပိုင်း ဥရောပပြိုင်ပွဲတစ်ရပ်မှာ တစ်ကျော့ပြန် ပြန်လည်အောင်ပွဲခံနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အက်စတွန်ဗီလာ ဟာ ပထမပိုင်း ပွဲကစားချိန် ၄၅ မိနစ်မှာတင် ဗိုလ်လုပွဲပြိုင်ဘက် ဖရိုင်းဘတ် ကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားခဲ့ပြီး ဒုတိယပိုင်းမှာ နောက်တစ်ဂိုး ထပ်သွင်းခဲ့ပါတယ်။

အက်စတွန်ဗီလာ ဟာ ဖရိုင်းဘတ် ကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံဖြစ်သွားခဲ့ကာ ဒီပွဲမှာ အက်စတွန်ဗီလာရဲ့ ဂိုးပေါက်ကန်သွင်းမှုက ၁၆ ကြိမ်၊ ဂိုးပေါက်တည့်ကန်သွင်းမှုက ၈ ကြိမ်ထိ ရှိခဲ့ပါတယ်။

အက်စတွန်ဗီလာ ဟာ ယူရိုပါလိဂ်ချန်ပီယံဖြစ်သွားခဲ့တဲ့အတွက် လာမယ့်ဘောလုံးရာသီရောက်ရင် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ကစားခွင့်ရသွားခဲ့ပြီလည်းဖြစ်ပါတယ်။

အက်စတွန်ဗီလာနည်းပြ ယူနိုင်း အမ်မရီ ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်နည်းပြဘဝဖြတ်သန်းမှုတစ်လျှောက် ဥရောပအဆင့်ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲအဆင့်ကို ၆ ကြိမ်မြောက် တက်လှမ်းရောက်ရှိခဲ့တာဖြစ်ပြီး အဲ့ဒီ ၆ ကြိမ်မှာ သူ ဦးဆောင်တဲ့အသင်းတွေက ၅ ကြိမ်ထိ ချန်ပီယံဖြစ်ခဲ့ပါတယ်။

ဥရောပပြိုင်ပွဲတွေမှာ သူတို့ဦးဆောင်တဲ့အသင်းတွေနဲ့အတူ ချန်ပီယံဆုဖလားကို ဆွတ်ခူးရယူနိုင်တဲ့နည်းပြဆိုလို့၄ ယောက်တည်းသာရှိပြီး ဒီနည်းပြတွေကတော့ ထရာပတ်တိုနီ၊ အန်ဆယ်လော့တီ၊ မော်ရင်ညို နဲ့ ယူနိုင်း အမ်မရီ တို့ပဲ ဖြစ်ကြပါတယ်။

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အက်စတွန်ဗီလာအတွက် အဖိုးတန်အနိုင်ဂိုးတွေကို တိုင်လီမန်းစ်၊ ဘူအင်ဒီယား၊ မော်ဂန် ရိုဂျားစ် တို့က သွင်းယူပေးခဲ့ကြပါတယ်။