ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နည်းပြ အာတီတာကို အာဆင်နယ် စာချုပ်သစ် ချုပ်တော့မယ်

May 21, 2026

ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ အာဆင်နယ်အသင်းဟာ နည်းပြ အာတီတာကို စာချုပ်သစ် လက်မှတ်ရေးထိုး ချုပ်ဆိုတော့မယ်လို့ သိရှိရပါတယ်။

အာတီတာ နဲ့ အသင်းအကြားမှာ လာမယ့်နွေရာသီကာလအတွင်း စာချုပ်သစ်ကိစ္စကို ဆွေးနွေးတော့မှာဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြား အကြိုသဘောတူညီမှုတချို့ ရထားပြီးပြီလို့လည်း ကလပ်အသင်းတာဝန်ရှိသူတစ်ယောက်က ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ နည်းပြ အာတီတာကို လုပ်ခလစာ အကျိုးခံစားခွင့်နဲ့ လုပ်ပိုင်ခွင့်ပိုင်းဆိုင်ရာတွေ တိုးမြှင့်အပ်နှင်းတော့မှာဖြစ်ပြီး တကယ်ကတော့ အာတီတာ ကို စာချုပ်သစ်ကမ်းလှမ်းထားခဲ့တာက လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကတည်းက ဖြစ်တယ်လို့ အာဆင်နယ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အာတီတာဘက်က ရာသီပြီးဆုံးချိန်အထိ အသင်းလုပ်ငန်းစဉ်အပေါ် အာရုံစူးစိုက်မှုအပြည့်ထားရှိချင်တယ်လို့ တောင်းဆိုထားတာကြောင့်သာ စာချုပ်သစ် လက်မှတ်ရေးထိုးရေးကို နွေရာသီကာလဆီ အချိန်ရွှေ့ဆိုင်းလိုက်တာဖြစ်ပြီး အာတီတာအနေနဲ့ အသင်းကို အမှတ်ပေးချန်ပီယံ တစ်ကျော့ပြန်ဖြစ်အောင် ဦးဆောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိကြောင်းလည်း အသင်းဘက်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အာတီတာဟာ အာဆင်နယ်နည်းပြအဖြစ် ရက်ပေါင်း ၅,၃၇၆ ရက်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက် အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံအဖြစ် အောင်ပွဲခံနိုင်စေခဲ့တာဖြစ်ပါတယ်။