ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်မှုထမ်းစုဆောင်းခံရသည့် တပ်သား ၆ ဦး မြိတ်ခရိုင်တပ်ရင်း ၃ ထံ ခိုလှုံ

Dawei Watch

May 25, 2026

တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာအခြေစိုက် စစ်အာဏာရှင်တပ်တွင် မွမ်းမံသင်တန်းတက်နေသည့် တပ်သား ၆ ဦး မြိတ်ခရိုင်တပ်ရင်း ၃ ထံ ခိုလှုံဝင်ရောက်လာကြောင်း သိရသည်။ ကမ္မလိုင်းရွာအခြေစိုက် စစ်အာဏာရှင်တပ် အမှတ် ၅၅၈ ခြေမြန်တပ်ရင်းတွင် မွမ်းမံသင်တန်းတက်ရောက်နေသည့် တပ်သား ၆ ဦးသည် မေလ ၂၃ ရက် နံနက် ၁၀ နာရီတွင် မြိတ်ခရိုင်တပ်ရင်း ၃ ထံ ခိုလှုံဝင်ရောက်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်း ၆ ဦးသည် အခြေခံစစ်သင်တန်း အပတ်စဉ် ၂၂ မှ တပ်သားများဖြစ်ပြီး မေလ ၂၁ ရက်နေ့တွင် သင်တန်းမှ ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့ ၆ ဦးသည် ပျဉ်းမနားမြို့နယ်မှဖြစ်ပြီး အသက် ၁၉ နှစ် ၃ […]

မလေးရှားကို ဂျိုရှူအာဗန် ရောက်ပြီ၊ ပရိသတ် အများအပြား လာရောက်ကြိုဆို

Dawei Watch

May 25, 2026

UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင် ချင်းဖိုက်တာလေး ဂျိုရှူအာဗန် ဟာ မလေးရှားနိုင်ငံဆီကို ဒီညနေမှာပဲ ရောက်ရှိလို့ လာခဲ့ပါပြီ။ မလေးရှားနိုင်ငံမှာရှိတဲ့ Chin Refugee Committee (CRC) အသင်းရဲ့အလှမယ်တွေနဲ့အတူ ပရိသတ်ပေါင်းများစွာက ဂျိုရှူအာဗန် ကို သောင်းသောင်းဖျဖျ လာရောက်ကြိုဆိုခဲ့ပါတယ်။ UFC ချန်ပီယံ ချင်းဖိုက်တာလေး ဂျိုရှုအာဗန် ဟာ မလေးရှားနိုင်ငံက Chin Refugee Committee (CRC) အသင်းရဲ့ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကို တက်ရောက်ဖို့အတွက် ရောက်လာခဲ့တာဖြစ်ပြီး တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းလည်း ဒီအခမ်းအနားမှာ ပါဝင် သီဆိုဖျော်ဖြေပေးဖို့ မလေးရှားနိုင်ငံဆီ ရောက်နေပြီပဲဖြစ်ပါတယ်။ မလေးရှားနိုင်ငံက Chin Refugee Committee (CRC) အသင်းရဲ့ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကို လာမယ့် မေလ […]

သရက်ချောင်းနှင့် ပုလောတွင် စစ်ဘေးရှောင်များ မိုးကာလ နေရေးအခက်ကြုံ

Dawei Watch

May 25, 2026

စစ်ဘေးရှောင်အချို့မှာ ငွေကြေးမတတ်နိုင်သဖြင့် တဲဆောက်ရန် အခက်အခဲကြုံနေရပြီး အကူအညီ အထောက်အပံ့ ရရှိမှုလည်း နည်းပါးကြောင်း ဆိုသည်။

တနင်္သာရီ ဖားကွင်းရွာကို စစ်အာဏာရှင်တပ် တိုက်လေယာဉ်ဖြင့်ဗုံံးကြဲသဖြင့် စာသင်ကျောင်းပျက်စီး

Dawei Watch

May 25, 2026

ဖားကွင်းရွာအနီး ကျောက်လုံးကြီးရွာရှိ စစ်အာဏာရှင်တပ်စခန်းဘက်တွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း ဆိုသည်။

ကမ္ဘာ့ဖလားမှာ ဆင်ဆာစနစ်နဲ့ အားသွင်းစနစ်တွေပါတဲ့ Smart ဘောလုံး အသုံးပြုမယ်

Dawei Watch

May 25, 2026

၂၀၂၆ ကမ္ဘာ့ဖလားကန်မယ့် ဘောလုံးတွေမှာ ကွင်းထဲမချခင် ဖုန်းတွေ၊ လက်ပ်တော့တွေလိုမျိုး Plug ထိုးပြီး ဘက်ထရီ အားသွင်းရမယ့်စနစ် ပါဝင်လာခဲ့ပါပြီ။ ကမ္ဘာ့ဖလားသမိုင်းမှာ အလှည့်အပြောင်းတစ်ခုဖြစ်လာတဲ့ ဒီ Smart ဘောလုံးရဲ့ နည်းပညာ အချက်အလက်တွေကို အချက်အလက်တွေနဲ့ တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။ ၁။ ပွဲမစခင် အားသွင်းရမယ်: ဘောလုံးထဲမှာ High-tech အာရုံခံဆင်ဆာ တပ်ဆင်ထားတဲ့အတွက် ကွင်းထဲယူမသွားခင် ဘောလုံးကို အရင်ဆုံး အားသွင်းပလပ်ပေါက် (Plug) မှာ ထိုးပြီး ဘက်ထရီ အားအပြည့် သွင်းရပါလိမ့်မယ်။ ၂။ ထိသမျှ စောင့်ကြည့်မယ့် ဆင်ဆာ: ဘောလုံးထဲမှာ ကစားသမားတစ်ဦးချင်းစီ ဘောလုံးကို ထိလိုက်၊ ကန်လိုက်တိုင်းမှာ ဘောလုံးရဲ့ တည်နေရာ အတိအကျကို စက္ကန့်အလိုက် ခြေရာခံမယ့်ဆင်ဆာတစ်ခု ပါရှိပါသေးတယ်။ ၃။ ပိုမိုကောင်းမွန်လာတဲ့ ပုံစံသစ်: […]

ချင်းမိုင်မြို့လယ်က မြန်မာဘားကို ရဲတပ်ဖွဲ့ဝင်ဖမ်း၊ မြန်မာ ၁၀ ဦးကျော် ဖမ်းဆီးခံရ

Dawei Watch

May 25, 2026

ထိုင်းအမည်ခံ စီးပွားရေးလုပ်ငန်းများကို ဆက်တိုက်စစ်ဆေးဖမ်းဆီးနေသလို လုပ်ငန်းခွင်အတွင်း တရားမဝင် လုပ်ကိုင်နေသော အလုပ်သမားများကိုလည်း စီမံချက်ဖြင့် ဖမ်းဆီးနေသည်။

တနင်္သာရီတိုင်း စစ်အစိုးရဝန်ကြီးချုပ်ရုံးခန်းကို ဒရုန်းရန်ကာကွယ်ရေး ပိုက်ကွန်အုပ်

Dawei Watch

May 25, 2026

ထားဝယ်မြို့ ရှိ တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံးရှိ စစ်အစိုးရဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၏ ရုံးခန်းကို ဒရုန်းရန်ကာကွယ်ရန်အတွက် ပိုက်ကွန်များဖြင့် ဖုံးအုပ်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် မြို့ခံများက ပြောသည်။ အစိုးရအဆက်ဆက် ရုံးစိုက်ခဲ့သည့် ရုံးကြီးဟု လူသိများသော အဆောက်အအုံရှိ ရုံးခန်းတစ်ခုတည်းကို သံချောင်း (Hollow) ၊ သံဇကာနှင့် နေကာပိုက်ကွက်တို့ကို ခြင်ထောင်ပုံစံလုပ်ပြီး ဒရုန်းကာကွယ်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ ရုံးကြီးလမ်းဆုံမီးပွိုင့်နှင့် ကပ်နေပြီး အဆောက်အအုံထောင့်စွန်းတွင်ရှိသည့် အဆိုပါရုံးခန်းမှာ လက်ရှိတိုင်းစစ်အစိုးရ ဝန်ကြီးချုပ်၏ ရုံးခန်းဖြစ်ကြောင်း စစ်အစိုးရနှင့် နီးစပ်သူများက ပြောဆိုသည်။ ယင်းအပြင် ရုံးကြီးပတ်ဝန်းကျင်တွင် ဂျမ်မာ (ဆက်သွယ်ရေးလှိုင်းဖြတ်ကိရိယာ) ဟု ယူဆရသည့် မိုက်ခရို ဖုန်းအငယ်စား ပုံစံကဲ့သို့ ကိရိယာအချို့လည်း ထောင်ထားသည်ကိုတွေ့ရသည်ကြောင်း မြို့ခံအချို့က ဆိုသည်။ အဆိုပါ ဒရုန်းကာကွယ်ရေးအစီအမံကို တိုင်းစစ်အစိုးရ ရုံးစတက်ရသည့် ဧပြီလကတည်းက […]

အီရန်နှင့် အလျင်စလို ညှိနှိုင်းမှု မလုပ်ရန်ညွှန်ကြားထားဟု ထရမ့် ဆို

Dawei Watch

May 25, 2026

အီရန်နှင့် မည်သည့်သဘောတူညီချက်ကိုမဆို အလျင်စလို မလုပ်ဆောင်ရန် မိမိ၏ ကိုယ်စားလှယ်များကို ညွှန်ကြားထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၄ ရက်နေ့တွင် ပြောကြားလိုက်သည်။ အီရန်နှင့် သဘောတူညီချက်တစ်ရပ် အတည်ပြုလက်မှတ်ရေးထိုးနိုင်ခြင်း မရှိခင်အချိန်အထိ ဟော်မုဇ်ရေလက်ကြားအတွင်း အီရန်သင်္ဘောများအပေါ် အမေရိကန်၏ ပိတ်ဆို့မှု ဆက်ရှိနေမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။ သဘောတူညီချက်ရရှိရန် အမေရိကန်နှင့် အီရန်နှစ်ဖက်စလုံးအနေဖြင့် အချိန်ယူပြီး စေ့စပ်သေချာစွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သမ္မတထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။ ယင်းနှင့် ပတ်သက်၍ အီရန်အစိုးရထံမှ ချက်ချင်းတုံ့ပြန်မှု တစ်စုံတစ်ရာ ထွက်ပေါ်မလာသေးပေ။ သို့ရာတွင် အီရန်၏ ပိတ်ဆို့ခံထားရသည့် ရန်ပုံငွေများ ပြန်လည်ထုတ်ပေးရန် တောင်းဆိုချက်အပါအဝင် အလားအလာရှိ သဘောတူညီချက်ပါ အချက်အချို့ကို အမေရိကန်က ဆက်လက်နှောင့်ယှက် ပိတ်ဆို့နေဆဲဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့နှင့် […]