ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ် ရှင်မုတ္ထီးမှာ ကျောင်းအပ်ရာသီ မိတ္တူကူးခ သုံးဆကျော်မြင့်တက်

Dawei Watch

May 27, 2026

ကျောင်းအပ်ရက်မတိုင်မီက တစ်စောင် ၃၀၀ ကျပ်ရှိခဲ့ပေမဲ့ အခုအခါ ၁၀၀၀ ကျပ်ဖြစ်လာတယ်လို့ ဆိုပါတယ်။

ထားဝယ်မြို့တွင် နေအိမ်မှပျောက်သွားသည့် ကလေးငယ်ကို မိဘထံပြန်အပ်

Dawei Watch

May 27, 2026

ထားဝယ်မြို့ပေါ်တွင် တစ်ဦးတည်း မျက်စိလည်လမ်းမှားပြီးသွားလာနေသည့် အသက် ၃နှစ်အရွယ် မိန်းကလေးငယ်ကို မိဘထံ ပြန်လည်အပ်နှံလိုက်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ အဆိုပါကလေးငယ်သည် ပုံကျွန်းရပ်ကွက်တွင် နေထိုင်ပြီး နေအိမ်နှင့် ကပ်လျက်ရှိ ဆွေမျိုးအိမ်တွင် ယနေ့ မေလ ၂၇ ရက် နေ့လယ်ပိုင်းတွင် သွားကစားရာမှ ပျောက်သွားခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ကလေးငယ်ကို ၎င်း၏ နေအိမ်နှင့် မီတာ လေးရာကျော်အကွာရှိ တိုင်းပညာရေးမှူးရုံးထဲသို့ ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် ဝင်ရောက်လာရာ ဝန်ထမ်းများကတွေ့ရှိသဖြင့် ခေါ်ယူထားခဲ့ကြောင်း တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။ တိုင်းပညာရေးမှူးရုံးက ဆက်သွယ်အကူအညီတောင်းသဖြင့် တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ကလေး၏ မိဘကို လိုက်လံရှာဖွေခဲ့ကြောင်း ၎င်းက ဆိုသည်။ ကလေးငယ်က အိမ်ကို သိသည်ဆိုသဖြင့် မြောက်ရွာရပ်ကွက်တွင် […]

မုဒုံ၊ ကမာဝက်မြို့ ပြည်သူ့စစ်ခေါင်းဆောင်ဟုဆိုသူ ပစ်ခတ်ခံရပြီးသေဆုံး

Dawei Watch

May 27, 2026

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ ပြည်သူ့စစ်ခေါင်းဆောင်ဟုဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း မြို့ခံတို့ထံမှ သိရသည်။ ဂုံညှင်းတန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၅၆ နှစ်အရွယ် ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မင်း ကို မေလ ၂၅ ရက် ည ၈ နာရီဝန်းကျင်တွင် သေနတ်သမားနှစ်ဦးက နေအိမ်သို့ ဆိုင်ကယ်ဖြင့်လာရောက်ပြီး ပစ်ခတ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။ နေအိမ်တွင် တစ်ဦးတည်းရှိနေချိန် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ရင်ဘတ်တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် ကမာဝက် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသစဉ် သေဆုံးကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ ဦးကျော်မင်းသည် ကမာဝက်မြို့တစ်ဝိုက်တွင် သေနတ်ကိုင်ဆောင် သွားလာလေ့ရှိကာ လမ်းတွင်လည်း ကား၊ ဆိုင်ကယ် တို့ကို ရပ်တန့်စစ်ဆေးကာ ခြိမ်းခြောက် ငွေကြေးတောင်းခံလေ့ ရှိသူဖြစ်ကြောင်း မြို့ခံများက ပြောဆိုသည်။ ၎င်းကို […]

အယုဒ္ဓယတွင် မြန်မာအချင်းချင်းဓားဖြင့်ထိုးသဖြင့် တစ်ဦးသေဆုံးပြီး ဖျန်ဖြေသူတစ်ဦး ဒဏ်ရာရ

Dawei Watch

May 27, 2026

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်တွင် မြန်မာနိုင်ငံသားအချင်းချင်း ရန်ဖြစ်ပြီး ဓားဖြင့်ထိုးသဖြင့် လူငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မေလ ၂၅ ရက် ည ၁၀ နာရီခန့်က အယုဒ္ဓယမြို့ ဘန်းမိုင်ဒေသ ကျောက်ဖရားမြစ် တူးဖော်ရေး စီမံကိန်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တန်းလျားတွင် မြန်မာနိုင်ငံသားအချင်းချင်း စကားများရန်ဖြစ်ကြောင်း ဆိုသည်။ အသက် ၂၁ နှစ်အရွယ် ကိုထက်မြက်အောင်သည် ရင်ဘတ်၊ ဝမ်းဗိုက်၊ နောက်ကျောနှင့် ခြေထောက်တို့တွင် ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဖော်ပြသည်။ ဝင်ရောက်ဖျန်ဖြေပေးခဲ့သော နောက်ထပ် မြန်မာအလုပ်သမားတစ်ဦးလည်း လက်မောင်းတွင် ဓားဒဏ်ရာရရှိခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ အခင်းမဖြစ်မီ မြန်မာနိုင်ငံသားများ အရက်သောက်နေကြပြီး နောက်ပိုင်းတွင် စကားများ ရန်ဖြစ်နေသော အသံကို […]

ဘန်ကောက်တွင် ကလေးငယ်ကို တောင်းရမ်းခိုင်းသည့် မြန်မာ ၃ ဦး ဖမ်းဆီးခံရ

Dawei Watch

May 27, 2026

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ညအချိန် အသက် ၆ နှစ်အရွယ် ကလေးငယ်ကို ပန်းရောင်းခိုင်းပြီး တောင်းရမ်းရန်စေခိုင်းခဲ့သော မြန်မာနိုင်ငံသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ မေလ ၂၇ ရက်နေ့ နံနက်က ဘန်ကောက်မြို့၊ စွမ်လွန်းနယ်မြေရှိ တိုက်ခန်းတစ်ခုကို ရဲတပ်ဖွဲ့က ဝရမ်းအရ ဝင်ရောက်ရှာဖွေစဉ် မစိုးစိုး၊ မနီနီဝင်းနှင့် ဦးဇော်တို့အမည်ရှိ မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ မြန်မာနိုင်ငံသား ၃ ဦးသည် အသက် ၆ နှစ်အရွယ် ကလေးငယ်ကို ညဘက်တွင် ပန်းနှင့် မုန့်များ လှည့်လည်ရောင်းချခိုင်းနေသည်ဟူသော စွပ်စွဲချက်ဖြင့် ဖတ်ခနုံတရားရုံးက မေလ ၂၆ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့သည် ကလေးငယ်ကို ညနေ […]

ထားဝယ်တွင် ရှင်မုတ္ထီးရွာတွင် ကျောင်းအပ်ရာသီ မိတ္တူကူးခသုံးဆကျော်မြင့်တက်

Dawei Watch

May 27, 2026

ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာတွင် မိတ္တူကူးခ သုံးဆကျော် မြင့်တက်လာကြောင်း ဒေသခံအချို့က ပြောသည်။ ၂၀၂၆ -၂၀၂၇ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မေလ ၂၅ ရက်မှစတင်ကာ ကျောင်းအပ်နေကြပြီဖြစ်သည်။ ယင်းသို့ ကျောင်းအပ်နှံရာတွင် ကျောင်းသားမိဘ၊ အုပ်ထိန်းသူ၏ မှတ်ပုံတင် မိတ္တူနှင့် အိမ်ထောင်စုစာရင်း မိတ္တူ တစ်စောင်စီ မဖြစ်မနေ ပေးရန်လိုအပ်ကြောင်း ကျောင်းသားမိဘများနှင့် ပညာရေးဝန်ထမ်းအသိုင်းဝိုင်းထံမှ သိရသည်။ အခြေခံပညာအလယ်တန်းကျောင်းရှိသည့် ရှင်မုတ္ထီးကျေးရွာ၌ ယခုကျောင်းအပ်ရာသီတွင် ကျောင်းအနီးရှိ မိတ္တူဆိုင်တွင် မိတ္တူကူးခ စျေးနှုန်းမြင့်တက်လာကြောင်း ဒေသခံကျောင်းသားမိဘအချို့က ဆိုသည်။ ကျောင်းအပ်လက်ခံသည့် ရက်မတိုင်မီက မိတ္တူတစ်စောင်လျှင် အများဆုံး သုံးရာကျပ်သာရှိရာမှ ကျောင်းစတင် လက်ခံ သည့် မေလ ၂၅ရက်တွင် တစ်စောင် ကျပ် ၅၀၀နှင့် ဒုတိယနေ့ဖြစ်သော […]

မွန်တွင် ရေးဘီလူးအဖွဲ့ တပ်စခန်း ဗုံးကြဲခံရပြီး ထိခိုက်မှုများ

Dawei Watch

May 27, 2026

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးတပ်ဖွဲ့၏ စခန်းကို စစ်အာဏာရှင်တပ်က ညအချိန် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း မွန်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ယနေ့ မေလ ၂၇ ရက် နံနက် ၁နာရီဝန်းကျင်တွင် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူ ၁၂ဦးနှင့် ဒဏ်ရာရသူ ၂၀ ကျော်ရှိကြောင်း မွန်ဒေသတွင်း စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ညအိပ်ချိန်တွင် တိုက်ခိုက်ခံရသဖြင့် ထိခိုက်သေဆုံးမှုများကြောင်း ၎င်းက ဆိုသည်။ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ဖြစ်သူမှာ ခရီးလွန်နေသဖြင့် ထိခိုက်မှု မရှိခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။ အထက်ပါကိစ္စနှင့် ပတ်သက်၍ ရေးဘီလူးတပ်ဖွဲ့ဘက်က ယနေ့ နေ့လယ်ပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

မလွှဲတောင်အနီး အလယ်စခန်းရွာကို စစ်အာဏာရှင်တပ် ဒရုန်းဖြင့်ဗုံးချ

Dawei Watch

May 27, 2026

ရေဖြူမြို့နယ်၊ လော့သိုင်းကျေးရွာအုပ်စု၊ အလယ်စခန်းရွာကို မေလ ၂၆ ရက် နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်တပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ဗုံးသည် အလယ်စခန်းရွာ အပြင်ဘက်ရှိ ကားလမ်းမအနီး ဥယျာဉ်ခြံတစ်ခုတွင် ကျရောက်ပေါက်ကွဲကာ လူထိခိုက်မှုမရှိကြောင်း ၎င်းတို့က ပြောသည်။ အလယ်စခန်းရွာသည် မွန်-တနင်္သာရီနယ်စပ် မလွှဲတောင်အနီးတွင် တည်ရှိသည်။ ဗုံးချတိုက်ခိုက်ခံရစဥ် အလယ်စခန်းရွာဝန်းကျင်၌ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခြင်းမရှိကြောင်း မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးမဟာမိတ်မှ တပ်ဖွဲ့တစ်ခု၏ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။ “ဗုံးကြဲတာက ဒရုန်းနဲ့ ကြဲတာ။ အုန်းပင်ကွင်း (မောရဝတီရေတပ်စခန်းဌာနချုပ်တည်ရှိရာ) ကနေ (ဒရုန်း) တက်တယ်လို့ သိရတယ်။ တိုက်ပွဲ မရှိဘူး” ဟု ၎င်းက ပြောဆိုသည်။ စစ်အာဏာရှင်တပ်သည် ပြီးခဲ့သည့် လကစ၍ ကလိန်အောင်မြို့နယ် […]