ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီ လယ်သစ်ရွာကို စစ်အာဏာရှင်တပ် လေယာဉ်ဖြင့် ဗုံးကြဲ

May 23, 2026

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာကို စစ်အာဏာရှင်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲ တစ်စုံတစ်ရာ မရှိဘဲ မေလ ၂၂ရက် နံနက် ၈နာရီ ၂၀မိနစ်ခန့်တွင် လယ်သစ်ကျေးရွာ (အ‌ ရှေ့ကမ်း) ကို ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“လေကြောင်းနဲ့ ဗုံးနှစ်လုံးကြဲတယ်။ ပွိုင့်ဖိုက် (စက်သေနတ်) နဲ့လည်း ပစ်သွားတယ်”ဟု ၎င်းက ပြောသည်။

လယ်သစ်ရွာရှိ ဘုရားတောင်အနောက်ဘက်ကို ဗုံးကြဲထားခဲ့ခြင်း ဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း ဒေသခံ အခြားတစ်ဦးက ပြောဆိုသည်။

“လူတွေတော့ ထိခိုက်မှု မရှိဘူး။ ရွာနားမှာ‌ရော ဟိုဘက်ကမ်းမှာရော (အနောက်ကမ်း) တိုက်ပွဲမဖြစ်တာကြာပြီ။ လာကြဲတဲ့နေကလည်း (တိုက်ပွဲ) မဖြစ်ဘူး” ဟု၎င်းက ပြောသည်။

လယ်သစ်ကျေးရွာတွင် အရှေ့ကမ်းနှင့် အနောက်ကမ်းရှိသည်။ အ‌ ရှေ့ကမ်းတွင် ဒေသခံများနေထိုင်ကြသော်လည်း အနောက်ကမ်းတွင် စစ်အာဏာရှင်တပ်များ မကြာခဏတပ်စွဲနေထိုင်လေ့ရှိသောကြောင့် ဒေသခံများ မနေထိုင်သည်မှာ လေးနှစ်ကျော်ပြီ ဖြစ်သည်။