ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဆီကို ဒီမနက်မှာ ထွက်ခွာလာနေပြီဖြစ်တဲ့ ဂျိုရှူအာဗန်

May 29, 2026

ချင်းဖိုက်တာလေး ဂျိုရှူအာဗန် ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဆီ သွားရောက်ဖို့အတွက် ဒီမနက်မှာပဲ ခရီးထွက်လာခဲ့ပြီဖြစ်ပါတယ်။

မလေးရှားနိုင်ငံက ချင်းဒုက္ခသည်စောင့်ရှောက်ရေးကော်မတီ (CRC) ရဲ့ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကို တက်ရောက်ချီးမြှင့်ပြီးတဲ့နောက် ဂျိုရှူအာဗန်က မီဇိုရမ်ပြည်နယ်ဆီကို ခရီးဆက်ခဲ့တာပါ။

ဒီနေ့ မေလ ၂၉ ရက်နေ့၊ မနက် ၃ နာရီအချိန်မှာ အိန္ဒိယနိုင်ငံ၊ ဒေလီလေဆိပ်ဆီကို ဂျိုရှူအာဗန် ရောက်ရှိလာခဲ့ပြီး အခုတော့ မီဇိုရမ်ပြည်နယ်ဆီကို ခရီးဆက်လက်ထွက်ခွာနေပြီပဲ ဖြစ်ပါတယ်။

လိုအပ်တဲ့ ဗီဇာ အခက်အခဲတချို့ကိုလည်း ဒေသခံအစိုးရက ဝင်ရောက်ဆောင်ရွက်ပေးလို့ အဆင်ပြေပြေဖြစ်သွားကြောင်း သိရှိရပါတယ်။

ဂျိုရှူအာဗန် ဟာ မီဇိုရမ်ပြည်နယ်အခြေစိုက် Mizoram State Mixed Martial Arts Association က မနက်ဖြန် မေလ ၃၀ ရက်နေ့မှာ ကျင်းပမယ့် ပြိုင်ပွဲကို အထူးဧည့်သည်တော်အဖြစ်နဲ့ တက်ရောက် အားပေးချီးမြှင့်မှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို ဒေသခံ အားကစားဝန်ကြီးလည်း တက်ရောက်ဖို့ ရှိနေပါတယ်။ ဂျိုရှာအာဗန် ဟာ ထိုင်းကိုလည်း လာရောက်ဖို့ ရှိတယ်လို့ အသိပေးထားပေမယ့် ထိုင်းဘက်က သူ့ကို ဘယ်လိုပုံစံမျိုးနဲ့ ဖိတ်ကြားခေါ်ယူထားသလဲဆိုတာကိုတော့ အခုအချိန်ထိတိုင် မသိရှိရသေးပါဘူး။