ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အားကစား

၂၀၂၆ ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Dawei Watch

July 4, 2026

ပြင်သစ် – ပါရာဂွေး ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို သတိရစရာပါပဲ။ ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ပြင်သစ် ချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၉၈ ကမ္ဘာ့ဖလားတုန်းက အခုလို ၁၆ သင်းအဆင့်မှာ ပြင်သစ်နဲ့ ပါရာဂွေး ထိပ်တိုက်ဆုံခဲ့တာပါပဲ။ အဲ့ဒီတုန်းက ၃၂ သင်းအဆင့် မရှိသေးပါဘူး။ ၁၉၉၈ ကမ္ဘာ့ဖလားတုန်းက ပြင်သစ်နဲ့ ပါရာဂွေးတို့ အကြိတ်အနယ် အားပြိုင်ခဲ့ရသလို ပါရာဂွေးဂိုးသမားကြီး ချီလာဗတ် လည်း အရမ်းပဲ လက်စွမ်းပြခဲ့ပါတယ်။ ချီလာဗတ် က ဒင်္ဂါးပြားလေး နမ်းပြီး ပါရာဂွေးအသင်းရဲ့ဂိုးပေါက်ကို စောင့်ရှောက်ခဲ့ပုံတွေက လွမ်းစရာပါပဲ။ ဒီတစ်ကြိမ်မှာလည်း ပါရာဂွေးက ဂျာမနီကို ကျော်ဖြတ်ပြီး ဒီအဆင့်ဆီကို တက်လှမ်းလာတာပါ။ ဒါကြောင့် ပါရာဂွေးကို ပြင်သစ် လျှော့တွက်လို့ မရပါဘူး။ ပါရာဂွေးဟာ ခံစစ်ကို ပိတ်ဆို့ပြီး […]

၂၀၂၆ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Dawei Watch

July 1, 2026

အင်္ဂလန် – ဒီအာရ်ကွန်ဂို အင်္ဂလန်ရဲ့ဘင်သံတွေ ဆူနေပါလိမ့်ဦးမယ်။ ကစားပုံ ကစားကွက် တည်ငြိမ်ကောင်းမွန်တဲ့ အင်္ဂလန်ကို ဒီအာရ်ကွန်ဂို မယှဉ်နိုင်လောက်ပါဘူး။ တစ်နေရာချင်းအလိုက်မှာ ဒီအာရ်ကွန်ဂိုက လိုအပ်ချက်တွေ များလွန်းလှပါတယ်။ ဒီအာရ်ကွန်ဂိုဟာ သူ့ရဲ့ပုံစံအတိုင်း ခံစစ်ကိုပိတ်ပြီး တန်ပြန်တိုက်စစ်တွေကနေ ဂိုးပေါက် ရှာဖွေပါလိမ့်မယ်။ အမှားများလွန်းလှတဲ့ ဒီအာရ်ကွန်ဂိုဟာ အင်္ဂလန်ကို အနိုင်ယူကျော်ဖြတ်ဖို့ မဖြစ်နိုင်လောက်ပါဘူး။ အင်္ဂလန်ရဲ့အနိုင်ရလဒ်ဟာ အနည်းဆုံးအဖြစ် နှစ်ဂိုးပြတ်ပါလိမ့်မယ်။ ဘယ်လ်ဂျီယံ – ဆီနီဂေါ ဘယ်လ်ဂျီယံရဲ့ရွှေရောင်မျိုးဆက်ဆိုတာ နာမည်ပဲ ကျန်ပါတော့တယ်။ ဆီနီဂေါက ကစားပုံ မာကျောသလို ကစားသမားအင်အားကလည်း ဘယ်လ်ဂျီယံကို ယှဉ်နိုင်စွမ်း ရှိပါတယ်။ ဘယ်လ်ဂျီယံဟာ အီဂျစ်နဲ့ အီရန်တို့လို အသင်းတွေကို သရေပဲ ကစားနိုင်ခဲ့တယ်ဆိုတာ မမေ့သင့်ပါဘူး။ ကစားအားကောင်းတဲ့အသင်းတွေနဲ့ဆုံရင် ဂိုးတစ်ဂိုးရဖို့အတွက် ဘယ်လ်ဂျီယံ ရုန်းကန်ရလေ့ရှိပါတယ်။ ဆီနီဂေါဟာ သူတင်ကိုယ်တင် […]

မက်ဆီရဲ့ ၃၉ နှစ်ပြည့်မွေးနေ့မှာ မွေးတဲ့ကလေးကို Messia လို့အမည်ပေး

Dawei Watch

June 29, 2026

သူက ဆေးရုံကုတင်ပေါ်မှာရှိနေတဲ့ ဇနီးဖြစ်သူ ဘရီဆာ ကို သမီးလေးအတွက်”အိုင်ဟိုအာ မက်ဆီယာ အဂီလာ (Ainhoa Messia Aguilar)” လို့ နာမည်သစ်ရွေးထားတဲ့အကြောင်းကို ပြောပြပြီး တိုင်ပင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဆေးရုံအခန်းထဲ ရောက်ရှိနေတဲ့ တခြား မိခင်တွေကလည်း ဒီနာမည်ဟာ ဒီသမီးလေးအတွက် အကောင်းဆုံးနဲ့ အလိုက်ဖက်ဆုံးဖြစ်တယ်လို့ ဝိုင်းဝန်း ထောက်ခံခဲ့ကြပါတယ်။

ဥဇဘက်ကစ္စတန်ဘက်ကို ဂိုးတွေသွင်းပြီး စံချိန်သစ်နဲ့အတူ စီရော်နယ်ဒို ပြန်လာပြီ

Dawei Watch

June 24, 2026

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်ဒို ဟာ ပေါ်တူဂီက ဥဇဘက်ကစ္စတန်ကို ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ အသင်းအတွက် နှစ်ဂိုးသွင်းယူပြီး စံချိန်သစ်တွေ ရေးထိုးသွားခဲ့ပါတယ်။ စီရော်နယ်ဒို ဟာ လက်ရှိမှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ခြောက်ခုဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ရပ်တည်လိုက်နိုင်ပြီဖြစ်သလို ဒါဟာ သူ့အတွက် အရမ်းကိုပဲ ကျေနပ်စရာကောင်းလှတယ်လို့ စီရော်နယ်ဒိုက ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ငါးကြိမ် ဂိုးသွင်းခဲ့ဖူးပေးမယ့် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးမရခဲ့လို့ ဒီစံချိန်မှာတော့ စီရော်နယ်ဒိုက မက်ဆီကို ကျော်တက်သွားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ပေါ်တူဂီဂန္ထဝင်ကစားသမားကြီး အူဆီဘီယိုရဲ့ကမ္ဘာ့ဖလားသွင်းဂိုးစံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပြီး ပေါ်တူဂီသမိုင်းမှာ ကမ္ဘာ့ဖလားသွင်းဂိုး အများဆုံးရယူနိုင်သူ ကစားသမားအဖြစ်လည်း စံချိန်တင်သွားနိုင်ခဲ့ပါတယ်။ ဂန္ထဝင်ကစားသမားကြီး အူဆီဘီယိုဟာ ကမ္ဘာ့ဖလားသွင်းဂိုး ကိုးဂိုး ရယူနိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာ စီရော်နယ်ဒိုကတော့ ကမ္ဘာ့ဖလားသွင်းဂိုး ၁၀ […]

ကလိုဆေးရဲ့စံချိန်ကို လိုက်မီသွားတဲ့ အမ်ဘတ်ပေ၊ မက်ဆီနဲ့ ဂိုးသွင်းပြိုင်နေတာလား

Dawei Watch

June 23, 2026

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံး စံချိန်ရှင်ဟောင်းအဖြစ် ရပ်တည်ခဲ့တဲ့ ဂျာမနီတိုက်စစ်မှူး ကလိုဆေးရဲ့စံချိန်ကို နောက်ထပ်အမီလိုက်နိုင်သူတစ်ယောက် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး အခုတစ်ယောက်ကတော့ ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပေပဲ ဖြစ်ပါတယ်။ ပြင်သစ်က အီရတ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုဒုတိယပွဲစဉ်မှာ အမ်ဘတ်ပေက အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့ပြီး သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှုတစ်လျှောက် ကမ္ဘာ့ဖလားသွင်းဂိုး ၁၆ ဂိုး ပြည့်သွားခဲ့ပါတယ်။ လက်ရှိမှာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်ထားပြီဖြစ်ပြီး အမ်ဘတ်ပေဟာ မက်ဆီရဲ့ကမ္ဘာ့ဖလားသွင်းဂိုး အရေအတွက်ကို လိုက်မီဖို့ နှစ်ဂိုးသာ လိုအပ်ပါတော့တယ်။ ဒါကြောင့် ရှေ့လာမယ့်ပွဲစဉ်တွေမှာ မက်ဆီနဲ့ အမ်ဘတ်ပေတို့ ဘယ်သူက ဂိုးပိုသွင်းနိုင်လေမလဲဆိုတာဟာ စိတ်ဝင်စားစရာ ကောင်းလာခဲ့ပြီပဲ ဖြစ်ပါတယ်။ အမ်ဘတ်ပေဟာ သူ့ရဲ့ကစားသမားဘဝဖြတ်သန်းမှုမှာ […]

မက္ကဆီကိုဂျာစီဝတ် ဘဲကလေးကို မက္ကဆီကိုသမ္မတ ဖိတ်ကြားတွေ့ဆုံ

Dawei Watch

June 23, 2026

မက္ကဆီကိုအသင်းရဲ့ ဂျာစီအသေးလေးကို ဝတ်ဆင်ထားပြီး လမ်းတကာ လျှောက်သွားနေလို့ အင်တာနက်ပေါ်မှာ ရေပန်းစားနေတဲ့ ဘဲကလေး မာလင်ကို မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘန်းက အမျိုးသားနန်းတော်မှာ ခေါ်ယူတွေ့ဆုံပြီး ဝန်ကြီးတွေထိုင်တဲ့နေရာမှာတောင် ပေးထိုင်လိုက်ပါတယ်။ မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘန်းဟာ ဘဲကလေး မာလင်ကို ကမ္ဘာ့ဖလားရဲ့ တရားဝင်မဟုတ်တဲ့ လာဘ်ကောင်အဖြစ်ပါ သတ်မှတ်ပေးလိုက်ပါတယ်။ လူချစ်လူခင် အရမ်းများနေတဲ့ အိမ်မွေးဘဲကလေး မာလင်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်၊ တနင်္လာနေ့က မက္ကဆီကိုစီးတီးမှာရှိတဲ့ အမျိုးသားနန်းတော်ဆီ မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘန်းက ခေါ်ယူတွေ့ဆုံလိုက်တာ ဖြစ်တယ်လို့ Reuters က ရေးသားထားပါတယ်။ အသက် နှစ်နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘဲကလေး မာလင်ဟာ သမ္မတရဲ့ ပုံမှန်နံနက်ခင်း သတင်းစာရှင်းလင်းပွဲဆီကို ပိုင်ရှင်ဖြစ်သူ ကာလာ ဂိုးမက်ဇ်၊ ဂိုးမက်ဇ်ရဲ့ […]