ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အားကစား

၂၀၂၆ ကမ္ဘာ့ဖလား တတိယနေရာလုပွဲ ပွဲကြိုသုံးသပ်ချက်

Dawei Watch

July 18, 2026

ပြင်သစ် – အင်္ဂလန် “မကစားချင်တဲ့ တတိယနေရာလုပွဲကို ကျွန်တော်တို့နှစ်သင်း ကစားရတော့မှာာပါ”လို့ အင်္ဂလန်နည်းပြ တူချယ်လ်က ပြောသွားခဲ့ပါတယ်။ တကယ်တော့ အာဂျင်တီးနားနဲ့ပွဲစဉ်မှာ သူ့ရဲ့ခံစစ်ပိတ်ကစားတဲ့ဗျူဟာပိုင်းဆိုင်ရာ မှားသွားခဲ့လို့ အင်္ဂလန် ရှုံးသွားခဲ့ရတာပါ။ ပြင်သစ်ကတော့ စပိန်နဲ့ပွဲမှာ ရှုံးသင့်ရှုံးထိုက်လို့ကို ရှုံးခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲဟာ နည်းပြ ဒက်စ်ချမ့်ရဲ့ ပြင်သစ်လက်‌ရွေးစင်အသင်းကို တာဝန်ယူကိုင်တွယ်တဲ့ နောက်ဆုံးပွဲစဉ်ဖြစ်လာဖို့ နီးစပ်နေပါတယ်။ အခုကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးသွားခဲ့ရင် ဇီဒန်းက ပြင်သစ်လက်ရွေးစင်အသင်းနည်းပြဖြစ်လာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်ရဲ့ကစားပုံက စပိန်ကို ရှုံးခဲ့တဲ့ပွဲကလွဲရင် တခြားသောပွဲစဉ်တွေမှာ အပြစ်ပြောစရာရယ်ဆိုလို့ ဘာတစ်ခုမှကို မရှိနေခဲ့ပါဘူး။ ပြင်သစ်ဟာ အင်္ဂလန်ကို ကစားကွက်အသာစီးနဲ့ ထိန်းချုပ်သွားပါလိမ့်မယ်။ အင်္ဂလန်ကတော့ တန်ပြန်တိုက်စစ်တွဲလုံးတွေကို အားပြုပြီး ပြင်သစ်ကို ဖိအားပေးဖို့ ကြိုးစားသွားမှာပါ။ အင်္ဂလန်နည်းပြ တူချယ်လ် ထက် ပြင်သစ်နည်းပြ […]

အက်စတွန်ဗီလာ ကွင်းလယ်လူ တိုင်လီမန်းစ် ကို စာချုပ်လျော်ကြေးနဲ့ မန်ယူ ခေါ်မယ်

Dawei Watch

July 14, 2026

မန်ယူနိုက်တက်အသင်းဟာ ကွင်းလယ်ကို အင်အားဖြည့်ဖို့အတွက် အက်စတွန်ဗီလာ ကွင်းလယ်လူ တိုင်လီမန်းစ် ကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့်တင်ကာ စီစဉ်နေပြီလို့ Daily Mail က ဖော်ပြထားပါတယ်။ တိုင်လီမန်းစ်နဲ့ မန်ယူနိုက်တက်တို့အကြားမှာ နှုတ်ကတိ သဘောတူညီမှု ရရှိထားပြီးသားဖြစ်လို့ မန်ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို အက်စတွန်ဗီလာဘက်က လက်ခံလိုက်ရင် အပြောင်းအရွှေ့ အထမြောက်လာတော့မှာပဲဖြစ်ပါတယ်။ မန်ယူနိုက်တက် ဟာ တိုင်လီမန်းစ်အတွက် အက်စတွန်ဗီလာဘက်က သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းခ ယူရို ၄၁ သန်းကို ပေးချေပြီး ဆွေးနွေးနေတာဖြစ်လို့ အပြောင်းအရွှေ့ဖြစ်မြောက်ရေးက အရမ်းပဲ နီးစပ်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က အီဒါဆင် ကို ခေါ်ယူမယ့် အစီအစဉ် အဆင်မပြေဖြစ်သွားခဲ့ရအပြီးမှာ ယူနိုက်တက်က ချက်ချင်းဆိုသလိုပဲ တိုင်လီမန်းစ်ဘက်ကို ဦးလှည့်လိုက်ပြီး လက်ရှိမှာလည်း တိုင်လီမန်းစ်ကိုယ်တိုင်က မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့ကစားချင်နေလို့ အပြောင်းအရွှေ့ဖြစ်မြောက်ရေးက အရမ်းကိုပဲ […]

အပြန်အလှန် ဝေဖန်ပြစ်တင်မှုတွေနဲ့ အင်္ဂလန်-နော်ဝေပွဲ

Dawei Watch

July 12, 2026

အင်္ဂလန်က နော်ဝေကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်သွားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ နှစ်ဖက်အသင်းအကြား အပြန်အလှန် အပြစ်တင်မှုတွေရှိနေပြီပဲဖြစ်ပါတယ်။ အင်္ဂလန်အသင်းက နော်ဝေ ရရှိသွားတဲ့ဂိုးအတွက် ဝေဖန်ထောက်ပြခဲ့ပြီး နော်ဝေ ဂိုးမသွင်းခင်မှာ ဟယ်ရီကိန်း ပြစ်ဒဏ်ကျူးလွန်ခံရမှုက ပြစ်ဒဏ်ဘော သတ်မှတ်ပေးရမှာဖြစ်သလို နော်ဝေရဲ့သွင်းဂိုးက ပယ်ဖျက်ခံရသင့်ကြောင်း အင်္ဂလန်ကစားသမားတွေက ပြောကြားသွားခဲ့ပါတယ်။ နော်ဝေဘက်ကတော့ သူတို့ရဲ့ဒုတိယသွင်းဂိုးကို ပယ်ဖျက်တာအတွက် မကျေမနပ်ဖြစ်နေပြီး နော်ဝေတိုက်စစ်မှူး ဟာလန်း ကနေ အင်္ဂလန်နောက်ခံလူ အန်ဒါဆန် ကို တွန်းထိုးလိုက်မိတဲ့ဖြစ်စဉ်ဟာ ဘာမှ ပြစ်ဒဏ်ကျူးလွန်တာ မဟုတ်တာကို VAR မှာ ထင်ထင်ရှားရှား မြင်နိုင်ပါလျက်နဲ့ ဒီဂိုးကို ဘာကြောင့် ပယ်ဖျက်ခဲ့ရတာလဲလို့ နော်ဝေက မေးခွန်းထုတ်နေပါတယ်။ နော်ဝေဟာ အင်္ဂလန်ရဲ့အဖွင့်ဂိုးကိုလည်း ဂိုးမပေးသင့်တဲ့ဂိုးလို့ ထောက်ပြသွားခဲ့ပြီး Fox […]

အခု ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ အရင်ဆုံးကန်ရတဲ့အသင်း အနိုင်မရသေး

Dawei Watch

July 11, 2026

နှစ်ပေါင်းများစွာ စာရင်းပြုစုထားတဲ့ စစ်တမ်းတွေက ပင်နယ်တီ အဆုံးအဖြတ်မှာ ပထမဆုံး စတင်ကန်သွင်းရတဲ့ အသင်းတွေဟာ အားသာချက် ပိုရှိတယ်လို့ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ အခု ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာတော့ ဒါဟာ အားသာချက် မဟုတ်တော့ဘဲ ‘ကျိန်စာ’တစ်ခုလို ဖြစ်လာခဲ့ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး စတင်ကန်ဖို့ ရွေးချယ်ခဲ့တဲ့ အသင်းတိုင်းဟာ ပြိုင်ပွဲကနေ အလှည့်ကျ နှုတ်ဆက် ထွက်ခွာနေရလို့ပါပဲ။ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ပင်နယ်တီအဆုံးအဖြတ်ခံယူရတဲ့ပွဲစဉ် လေးပွဲ ရှိခဲ့ပြီးပါပြီ။ အဲဒီ လေးပွဲလုံးမှာ အရင်ဆုံး ပင်နယ်တီကန်သွင်းတဲ့အသင်းတွေချည်း ပြိုင်ပွဲကနေ ပြုတ်သွားခဲ့ပါတယ်။ · ဂျာမနီနဲ့ ပါရာဂွေးတို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့တဲ့ပွဲမှာ ဂျာမနီ စတင်ကန်သွင်းပြီး ပါရာဂွေးကို ၃ ဂိုး ၄ ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ · ပါရာဂွေးနဲ့ နယ်သာလန်တို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့တဲ့ပွဲမှာ […]

၂၀၂၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Dawei Watch

July 10, 2026

စပိန် – ဘယ်လ်ဂျီယံ စပိန်ဟာ ယူရိုချန်ပီယံအဖြစ်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဆီကို ရောက်ရှိလာခဲ့တာပါ။ အကောင်းဆုံး အစုအဖွဲ့ကို ပိုင်ဆိုင်ထားတယ်၊ မျိုးဆက်သစ်တွေရဲ့ မြင့်မားလှတဲ့စွမ်းဆောင်ရည် ရှိနေတယ်၊ ပွဲအလှည့်အပြောင်းကို ဖန်တီးပေးနိုင်စွမ်းရှိတဲ့ အရန်အင်အားစုက အားရစရာကောင်းတယ်။ ဒီအချက်တွေနဲ့တင် စပိန်ကို အကြိုက်တွေ့ဖို့ တန်နေပါပြီ။ ဘယ်လ်ဂျီယံကတော့ ရွှေရောင်မျိုးဆက်တွေရဲ့နေဝင်ချိန်ပါပဲ။ သူတို့ဟာ အကောင်းဆုံး အားထုတ်ကြိုးစားနေပေမယ့် ဒီတစ်ကြိမ် မိုးကောင်းကင်ခရီးမှာတော့ လေဟုန်ကိုဆန်ပြီး အဝေးဆုံးကို ပျံနိုင်ဖို့ ခက်သွားပါပြီ။ စပိန်ကို သူတင်ကိုယ်တင် ယှဉ်ကစားဖို့ ကြိုးစားရင် ဘယ်လ်ဂျီယံ မှားသွားပါလိမ့်မယ်။ ဘယ်လ်ဂျီယံရဲ့တိုက်စစ်အင်အားက အတိတ်ကာလတုန်းဆီကလို အင်ပြည့်အားပြည့် ရှိမနေတော့ပါဘူး။ စပိန် နိုင်မယ်၊ ကပ်နိုင်တာမျိုး ဖြစ်လာပါလိမ့်မယ်။

၂၀၂၆ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Dawei Watch

July 7, 2026

အီဂျစ်နဲ့ ဆာလားဟ်တို့ နားလိုက်တော့…မက်ဆီနဲ့ အာဂျင်တီးနားတို့ လာပြီလို့ ပြောရမလိုပါပဲ။ အာဂျင်တီးနား နိုင်ပါလိမ့်မယ်၊ ဂိုးမပြတ်ဘဲ ကပ်နိုင်တာမျိုးဖြစ်ဖို့ ရာခိုင်နှုန်းများနေပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Dawei Watch

July 6, 2026

ပေါ်တူဂီ – စပိန် ပေါ်တူဂီအတွက်က ခယောင်းလမ်းတွေချည်းပါပဲ။ ပြီးခဲ့တဲ့ ၃၂ သင်းအဆင့်မှာလည်း ကံကြမ္မာရဲ့ဖေးမမှုနဲ့အတူ ခရိုအေးရှားကို ပေါ်တူဂီ အနိုင်ရခဲ့တာပါ။ အဲ့ဒီပွဲမှာ ခရိုအေးရှားရဲ့ကစားပုံက ပေါ်တူဂီထက် ပိုပြီး အားရစရာကောင်းခဲ့ပါတယ်။ လက်ရှိအချိန်မှာ စပိန်က မျိုးဆက်ပိုင်းဆိုင်ရာ အကောင်းဆုံးအစုအဖွဲ့တစ်ခုကို ပိုင်ဆိုင်နေတာပါ။ တစ်နေရာချင်းအလိုက်မှာ စပိန်က ပေါ်တူဂီထက် အပြတ်သာလွန်နေပါတယ်။ စီရော်နယ်ဒို ဦးဆောင်လာမယ့် ပေါ်တူဂီဟာ စပိန်ရဲ့တိုက်စစ်တွဲလုံးတွေကို သတိကြီးကြီးထားပြီး ဟန့်တားရပါလိမ့်မယ်။ စပိန်ကတော့ တစ်ပွဲထက်တစ်ပွဲ ပိုပြီး အားရစရာကောင်းလာတာကြောင့် မနိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ပေါ်တူဂီဟာ ကံကြမ္မာရဲ့အထောက်အပံ့ကိုပဲ မျှော်ကိုးရမှာပါ။ လမ်းကြောင်းမှန်အတိုင်းဆိုရင်တော့ စပိန်ပဲ အောင်ပွဲခံသွားပါလိမ့်မယ်။ အမေရိကန် – ဘယ်လ်ဂျီယံ အိမ်ရှင် အမေရိကန်ဟာ ဘယ်လ်ဂျီယံကို ဘယ်လိုကစားသွားလေမလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။ ဘယ်လ်ဂျီယံဟာ […]