စပိန် – ဘယ်လ်ဂျီယံ
စပိန်ဟာ ယူရိုချန်ပီယံအဖြစ်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဆီကို ရောက်ရှိလာခဲ့တာပါ။ အကောင်းဆုံး အစုအဖွဲ့ကို ပိုင်ဆိုင်ထားတယ်၊ မျိုးဆက်သစ်တွေရဲ့ မြင့်မားလှတဲ့စွမ်းဆောင်ရည် ရှိနေတယ်၊ ပွဲအလှည့်အပြောင်းကို ဖန်တီးပေးနိုင်စွမ်းရှိတဲ့ အရန်အင်အားစုက အားရစရာကောင်းတယ်။
ဒီအချက်တွေနဲ့တင် စပိန်ကို အကြိုက်တွေ့ဖို့ တန်နေပါပြီ။ ဘယ်လ်ဂျီယံကတော့ ရွှေရောင်မျိုးဆက်တွေရဲ့နေဝင်ချိန်ပါပဲ။ သူတို့ဟာ အကောင်းဆုံး အားထုတ်ကြိုးစားနေပေမယ့် ဒီတစ်ကြိမ် မိုးကောင်းကင်ခရီးမှာတော့ လေဟုန်ကိုဆန်ပြီး အဝေးဆုံးကို ပျံနိုင်ဖို့ ခက်သွားပါပြီ။
စပိန်ကို သူတင်ကိုယ်တင် ယှဉ်ကစားဖို့ ကြိုးစားရင် ဘယ်လ်ဂျီယံ မှားသွားပါလိမ့်မယ်။ ဘယ်လ်ဂျီယံရဲ့တိုက်စစ်အင်အားက အတိတ်ကာလတုန်းဆီကလို အင်ပြည့်အားပြည့် ရှိမနေတော့ပါဘူး။ စပိန် နိုင်မယ်၊ ကပ်နိုင်တာမျိုး ဖြစ်လာပါလိမ့်မယ်။







