ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အားကစား

“အမေ အားပေးခွင့်ရတဲ့ပွဲကို မရှုံးအောင် ကစားပြနိုင်ခဲ့တာနဲ့တင် ပျော်ပါတယ်”ဆိုတဲ့ ဗိုဇင်ညာ

Dawei Watch

June 22, 2026

ကိပ်ဗာဒီ လက်ရွေးစင်အသင်း ဂိုးသမား ဗိုဇင်ညာ က သူ့ရဲ့မိခင် လာရောက်အားပေးတဲ့ပွဲစဉ်မှာ သရေရလဒ် ရရှိခဲ့လို့ အရမ်းပဲ ကျေနပ်အားရဖြစ်မိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို သမိုင်းကြောင်းတလျှောက် အခုမှ ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရရှိတဲ့ ကိပ်ဗာဒီအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်နှစ်ပွဲမှာ ထိပ်သီးအသင်းကြီးတွေကို သရေခံကစားပြီး နောက်တစ်ဆင့်တက်ခွင့်ကို မျှော်လင့်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်ကို ဆော်ဒီအာရေဗျနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ အဲ့ဒီပွဲစဉ်ကို အနိုင်ရခဲ့ရင် ကိပ်ဗာဒီက ၃၂ သင်းအဆင့်ဆီ တက်လှမ်းသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဒီနေ့ယှဉ်ပြိုင်ခဲ့ရတဲ့ အုပ်စုဒုတိယပွဲစဉ်မှာ ကိပ်ဗာဒီ က နာမည်ကြီး ဥရုဂွေးကို နှစ်ဂိုးစီ သရေကစားလိုက်တာဖြစ်ပါတယ်။ ဒီပွဲကို အမေရိကန်ပြည်ထောင်စုဆီ ဗီဇာကြေးကင်းလွတ်ခွင့်နဲ့ ပြည်ဝင်ခွင့်ရခဲ့သူ ကိပ်ဗာဒီဂိုးသမား ဗိုဇင်ညာရဲ့မိခင်ဟာ ပွဲကြည့်စင်ထက်ကနေ ကိပ်ဗာဒီနိုင်ငံတော်အလံကို ကိုင်မြှောက်ဝှေ့ယမ်းကာ လာရောက်အားပေးသွားခဲ့ပါတယ်။ ပွဲအပြီးမှာ ဗိုဇင်ညာက သူ့အမေရှိရာ ပွဲကြည့်စင်ဘက်ဆီ […]

“ကျွန်တော်သာ အသင်းကြီးတစ်သင်းကို တာဝန်ယူခွင့်ရနေမယ်ဆိုရင် ဂျပန်ကို နောက်ဆုံးမှပဲ တွေ့ချင်လိမ့်မယ်”ဆိုတဲ့ ဆာအဲလက်စ် ဖာဂူဆန်

Dawei Watch

June 22, 2026

မန်ယူဂန္ထဝင်နည်းပြကြီး ဖာဂူဆန် က သူသာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းကြီးတစ်သင်းကို တာဝန်ယူကိုင်တွယ်နေရမယ်ဆိုရင် ဂျပန်ကို နောက်ဆုံးမှပဲ တွေ့ခွင့်ရချင်ပါတယ်လို့ ထုတ်ဖော်ပြောကြားပြီး ဂျပန်အသင်းကို ချီးကျူးလိုက်ကြောင်း ESPN က ဖော်ပြထားပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဂျပန်က တူနီးရှားကို လေးဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူပြလိုက်ပြီးတဲ့နောက် ဂျပန်အသင်းရဲ့ ပွဲစဉ်တစ်ခုချင်းအလိုက် ပွဲအပေါ်စိုးမိုးနိုင်စွမ်းမြင့်မားလာတာတွေကို ဘောလုံးလောကရဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် က တကယ့်ကိုပဲ လေးလေးနက်နက် ချီးကျူးစကား ပြောသွားခဲ့တာဖြစ်ပါတယ်။ နည်းပြကြီး ဖာဂူဆန်က ဂျပန်အသင်းရဲ့ ထူးခြားလှတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ESPN ကတစ်ဆင့် အခုလိုမျိုး အချက်အလက်ကျကျ သုံးသပ်ပြသွားခဲ့ပါတယ်။ “ကျွန်တော် ဘောလုံးလောကကို အချိန်အတော်ကြာ စောင့်ကြည့်ခဲ့ရသလောက် သင်ခန်းစာတစ်ခု ရခဲ့တာက ကမ္ဘာ့အန္တရာယ်အရှိဆုံး အသင်းတွေဆိုတာဟာ လူတွေအထင်သေးလေ့ရှိတဲ့ အသင်းတွေပဲ […]

ကိပ်ဗာဒီ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးသာ၊ စပိန်နဲ့ ဥရုဂွေး အခက်တွေ့ပြီ

Dawei Watch

June 22, 2026

ကိပ်ဗာဒီအသင်းရဲ့ဂိုးသမား ဗိုဇင်ညာကလည်း သူတို့အနေနဲ့ နောက်တစ်ဆင့်တက်ခွင့်ကို အရယူသွားမယ်လို့ ပွဲအပြီးမှာ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ကမ္ဘာ့ဖလား ပွဲ ၁,၀၀၀ မြောက်ပွဲစဉ် ဂျပန် ကစားခွင့်ရရှိ၊ ဂျပန် တော်ဝင်မင်းသမီး လာအားပေးမယ်

Dawei Watch

June 20, 2026

အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့ကနေ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ဒီနေ့ (ဇွန် ၂၀) ပွဲစဉ်က ဖီဖာရဲ့ ကမ္ဘာ့ဖလား သမိုင်းကြောင်းတလျှောက် ပွဲ ၁,၀၀၀ ပြည့်ပွဲစဉ် ဖြစ်ပါတယ်။ ဒီသမိုင်းဝင်ပွဲစဉ်ဟာ အုပ်စု (F) ရဲ့ အုပ်စုဒုတိယပွဲစဉ်အဖြစ် ဂျပန်အသင်းနဲ့ တူနီးရှားအသင်းတို့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ ကျရောက်သွားခဲ့တာပါ။ ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး ဂျပန်အသင်းရဲ့ နည်းပြဖြစ်သူ ဟာဂျီမဲ မိုရိယာစု က မွန်တာရေးမြို့အနီးမှာရှိတဲ့ အားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ “ဒါဟာ ကမ္ဘာ့ဖလားသမိုင်းရဲ့ ပွဲ ၁,၀၀၀ မြောက် ပွဲစဉ်နဲ့ ထိုက်တန်တဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ရရှိစေမယ့် ပွဲတစ်ပွဲ ဖြစ်စေရစေ့မယ်လို့ ကျွန်တော်နဲ့ ကစားသမားတွေက သေချာပေါက် အာမခံပါတယ်”လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲစဉ်ကို […]

ကိပ်ဗာဒီ ဂိုးသမားကြီး ဗိုဇင်ညာရဲ့ မိခင် ဗီဇာကြေးကင်းလွတ်ခွင့်နဲ့အတူ အမေရိက လာပြီ

Dawei Watch

June 20, 2026

ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်မှာ ကိပ်ဗာဒီအသင်းက အင်အားကြီး စပိန်အသင်းကို ဂိုးမရှိသရေရလဒ် အံ့အားသင့်ဖွယ် ကစားနိုင်ခဲ့ပြီးတဲ့နောက် ကိပ်ဗာဒီဂိုးသမားကြီး ဗိုဇင်ညာ ဟာ ဝမ်းနည်းစွာနဲ့ ငိုကြွေးခဲ့ပါတယ်။ မီဒီယာတွေက ဗိုဇင်ညာ ကို “ဘာကြောင့် ခုလို ငိုကြွေးရတာလဲ”လို့ မေးခွန်းမေးလိုက်ချိန်မှာ သူက ဆင်းရဲလှတဲ့ သူတို့ရဲ့မိသားစုအခြေအနေကြောင့် သူ့ရဲ့အမေဟာ အမေရိကန်ကို လာရောက်ဖို့အတွက် သတ်မှတ်ထားတဲ့ ဗီဇာအာမခံကြေး (Visa Bond) ဒေါ်လာ ၁၅,၀၀၀ ကို မတတ်နိုင်ခဲ့ကြောင်းနဲ့ ဒီနေ့မှာ သူ့အမေကို ရှိစေချင်ခဲ့ကြောင်း ဖွင့်ဟခဲ့လို့ တစ်ကမ္ဘာလုံးက ဗိုဇင်ညာရဲ့ဝမ်းနည်းမှုကို သိရှိသွားခဲ့ပါတယ်။ အခုတော့ အဲ့ဒီ ဗီဇာပြဿနာတွေ အားလုံးကို အမေရိကန်အစိုးရဘက်က ဗီဇာအာမခံကြေး ကင်းလွတ်ခွင့်နဲ့ အဆင်ပြေပြေ စီစဉ်ပေးလိုက်ပြီဖြစ်လို့ ဗိုဇင်ညာရဲ့အမေ ဟာ အမေရိကန်ပြည်ထောင်စုဆီ လေကြောင်းခရီးနဲ့ လာနေပြီလို့ […]

သမိုင်းကြောင်းတိုက်ဆိုင်မှု ၅ ခုနဲ့ ပေါ်တူဂီ

Dawei Watch

June 19, 2026

ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်မှာ ပေါ်တူဂီက ဒီအာရ်ကွန်ဂိုနဲ့ တစ်ဂိုးစီ သရေဖြစ်သွားခဲ့ပါတယ်။ ဒီတော့ စီရော်နယ်ဒိုနဲ့ သူ့ရဲ့ပေါ်တူဂီတော့ အိမ်ပြန်ဖို့ အထုပ်ပြင်ထားလိုက်သင့်ပြီဆိုတဲ့ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတော့တယ်။ တကယ်တော့ ပေါ်တူဂီ သာ အိမ်ပြန်စောသွားခဲ့ရင် နာမည်ကြီး နက္ခတ်ဗေဒပညာရှင်ကြီးလည်း အရှက်ကွဲရမှာပါ။ သူက ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပေါ်တူဂီ ချန်ပီယံဖြစ်လိမ့်မယ်လို့ ဟောကိန်းထုတ်ထားတာ ဖြစ်ပါတယ်။ ဒီတော့ ပေါ်တူဂီသာ တစ်ကွက်မှားရင် “မင်းဝင်ရင် အကုန်ဝင်သွားမှာ”ဆိုတဲ့အကွက်တွေ မီးခိုးကြွက်လျှောက် ဖြစ်လာတော့မှာပါပဲ။ ဒီနေရာမှာ ထူးခြားတဲ့တိုက်ဆိုင်မှုကြီးတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ယူရို ၂၀၁၆ ပြိုင်ပွဲကြီးတုန်းကလည်း ပေါ်တူဂီဟာ အုပ်စုအဖွင့်ပွဲကို အိုက်စလန်နဲ့ တစ်ဂိုးစီ သရေကျပြီး ဝေဖန်ခံခဲ့ရတာပါပဲ။ အဲ့ဒီတုန်းကလည်း ပေါ်တူဂီနဲ့ စီရော်နယ်ဒိုတော့ ပြုတ်စော်နံသွားပြီ ခေါင်းစဉ်မျိုးနဲ့ မီဒီယာတွေက ရေးခဲ့သေးတာပါ။ […]

နာမည်ကြီး အားကစားကွင်းကြီးတွေရဲ့ နာမည်ကို ဖီဖာ က ကမ္ဘာ့ဖလားမှာ အတင်းပြောင်းခိုင်းလို့ လိုဂိုပိုင်ရှင် Levi’s က ပြန်လှောင်

Dawei Watch

June 19, 2026

ဖီဖာ (FIFA) ရဲ့ တင်းကျပ်လွန်းလှတဲ့ “သန့်ရှင်းသော အားကစားကွင်း (Clean Stadium)” မူဝါဒကြောင့် လက်ရှိကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးထဲမှာ မြောက်အမေရိကရဲ့ အထင်ကရ အားကစားကွင်းကြီးတချို့က သူတို့ရဲ့ ကျော်ကြားလှတဲ့ ကွင်းနာမည်တွေကို နာမည်သစ်တွေပြောင်းလဲပေးလိုက်ရလို့ အတော့်ကိုပဲ မကျေမနပ်ဖြစ်လို့နေပါတယ်။ ဒီမူဝါဒကြောင့် Levi’s Stadium ဆိုတဲ့ကွင်းနာမည်ကို “San Francisco Bay Area Stadium”၊ Mercedes-Benz Stadium ဆိုတဲ့ကွင်းနာမည်ကို “Atlanta Stadium”၊ Gillette Stadium ဆိုတဲ့ကွင်းနာမည်ကို “Boston Stadium”လို့ ပြောင်းလဲသတ်မှတ်ပေးလိုက်ရပါတယ်။ ဒါတင်မကသေးပါဘူး။ ပြိုင်ပွဲကျင်းပနေစဉ်အတွင်း Levi’s Stadium ကွင်းတစ်ခုလုံးမှာ တပ်ဆင်ထားတဲ့ အလွန်ကြီးမားလှတဲ့ Levi’s အမှတ်တံဆိပ် (Branding) တွေကိုပါ အဝတ်တွေနဲ့ လိုက်လံဖုံးအုပ်ထားတာမျိုးတွေ လုပ်ခဲ့ပါသေးတယ်။ […]

ဒီအာရ်ကွန်ဂိုအသင်းကို ကျောက်ရုပ်လို အားပေးတဲ့ပရိသတ် အမေရိကန် ဗီဇာရပြီ

Dawei Watch

June 19, 2026

ဒီအာရ်ကွန်ဂိုအသင်းရဲ့ ပွဲစဉ်တိုင်းမှာ ပွဲအစကနေ အဆုံးအထိ တစ်နေရာတည်းမှာ တစ်ပုံစံတည်း ကျောက်ရုပ်လို မတ်တပ်ရပ်ပြီး အားပေးလေ့ရှိတဲ့ ကမ္ဘာကျော် ပရိသတ်တစ်ယောက် ရှိပါတယ်။ သူ့ရဲ့နာမည်က မိုင်ချယ်လ် ကူကာ ဘိုလာဒင်ဂါ ပါ။ အဲ့ဒီနာမည်ကြီး ပရိသတ်ဟာ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် ဗီဇာ အငြင်းခံခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ကွန်ဂိုနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ပွဲစဉ်ကို ကွင်းထဲလာရောက်ပြီး သူ ကြည့်ခွင့် မရလိုက်ပါဘူး။ ဒါဟာ သူ့အတွက် ၆ နှစ်တာကာလအတွင်း ဒီအာရ်ကွန်ဂိုရဲ့ပွဲကို ပထမဆုံးအကြိမ် ပွဲလွဲချော်လိုက်ရတာလည်း ဖြစ်ပါတယ်။ ဒီအာရ်ကွန်ဂိုအသင်းရဲ့ ကစားသမားတွေဟာ ကစားသမားအတော်များများနဲ့ ပူးပေါင်းပြီး အဲ့ဒီပရိသတ် ကွင်းထဲကို ပြန်လည်ဝင်ရောက် အားပေးနိုင်ဖို့အတွက် အမေရိကန်အစိုးရရဲ့ ဗီဇာငြင်းပယ်မှု ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ပေးခဲ့ကြပါတယ်။ ကစားသမားတွေက “သူဟာ ပွဲတိုင်းမှာ […]