ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်သွားသည့်အတွက် စီးရီးအေပွဲစဉ်များရွှေ့ဆိုင်း
Dawei Watch
April 21, 2025ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်သွားခြင်းကြောင့် ယနေ့ယှဉ်ပြိုင်ကစားရမည့် စီးရီးအေပွဲစဉ်များအားလုံးကို ရက်ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း Football Planet က ဖော်ပြထားသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ကွယ်လွန်ချိန်တွင် သက်တော် ၈၈ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ကွယ်လွန်သွားခဲ့ခြင်းအတွက် စိတ်ထိခိုက် ဝမ်းနည်းပူဆွေးရကြောင်းကို ကမ္ဘာတစ်လွှားက ကြေညာချက်များ ထုတ်ပြန်နေပြီလည်းဖြစ်သည်။ ယနေ့တွင် ကက်ဂလီယာရီနှင့် ဖီအိုရင်တီးနား၊ တိုရီနိုနှင့် အူဒီးနီးစ်၊ ဂျီနိုအာနှင့် လာဇီယို တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး မနက်ဖြန်တွင် ယှဉ်ပြိုင်ရမည့် ပါးမားနှင့် ဂျူဗင်တပ် ပွဲစဉ်ကိုလည်း ပုပ်ရဟန်းမင်းကြီး ကွယ်လွန်သွားခြင်းကြောင့် ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ထားပြီဖြစ်သည်။ ယခုကာလသည် အီတလီတစ်နိုင်ငံလုံး အပါအဝင် ကမ္ဘာတစ်လွှားအတွက် စိတ်ထိခိုက် ဝမ်းနည်းဖွယ်ကာလဖြစ်သည့်အတွက် အီတလီစီးရီးအေပွဲစဉ်များကို မကစားစေတော့ဘဲ ရက်ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက အသိပေးထားသည်။ “အီတလီနိုင်ငံက လမ်းမတွေတိုင်းမှာ […]


