ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

“ကျွန်တော့်လက်ထက်မှာ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ကမ္ဘာ့ဖလား ဖြစ်လာတော့မယ်”လို့ဆိုတဲ့ ဒေါ်နယ်ထရမ့်

June 12, 2026

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က သူ့လက်ထက်မှာ ကျင်းပခွင့်ရရှိတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဟာ သမိုင်းတလျှောက် အအောင်မြင်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ဖြစ်လာတော့မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လက်ရှိ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား (2026 FIFA World Cup) ပြိုင်ပွဲကြီးနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က လက်ရှိ လက်မှတ်ရောင်းချရမှု အခြေအနေတွေအပေါ် အားရကျေနပ်စွာနဲ့ အခုလိုပဲ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

သူ့လက်ထက်မှာ ကျင်းပတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုရောက်မှ တကယ့်ကို ကြီးကျယ်ခမ်းနားလှတဲ့ လက်မှတ်ရောင်းချရမှုကို ဖီဖာက ပိုင်ဆိုင်ခွင့်ရနေတာဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က အသိပေးလိုက်ပါသေးတယ်။

“ဖီဖာဟာ အခုလိုမျိုး ကြီးကျယ်ခမ်းနားလှတဲ့ လက်မှတ်ရောင်းချရမှုကို တစ်ခါမှ မကြုံဖူးသေးပါဘူး။ ဒီလောက်အထိ များပြားလှတဲ့ လက်မှတ်အရေအတွက်ကို ဒီလောက် မြန်မြန်ဆန်ဆန် ရောင်းချလိုက်ရတာမျိုးလည်း သမိုင်းမှာ မရှိခဲ့ဖူးသေးပါဘူး။ ဒါဟာ ဖီဖာသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ဖြစ်လာတော့မှာပါ”လို့ ဒေါ်နယ်ထရမ့် က ပြောသွားခဲ့ပါတယ်။

ထရမ့်က အမေရိကန်ပြည်ထောင်စုထဲက အားကစားရေစီးကြောင်းနဲ့ ပတ်သက်ပြီး အခုလို ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

“တကယ်တော့ ဒါဟာ အံ့ဩစရာကောင်းတဲ့ ကိစ္စတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ ကျွန်တော်တို့ဟာ အမေရိကန်ပြည်ထောင်စုထဲမှာဆိုရင် Soccer လို့ ခေါ်တဲ့ ဘောလုံးအားကစားနည်းဟာ သိပ်ပြီး မအောင်မြင်နိုင်ဘူးလို့ ထင်ထားကြတယ်လေ။ ဒါပေမဲ့ အခုတော့ ဒီ ‘Soccer’ အားကစားနည်းကပဲ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ဖြစ်နေခဲ့ပါပြီ”လို့ ဒေါ်နယ်ထရမ့်က အသိပေးသွားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိ ဖီဖာဥက္ကဋ္ဌဖြစ်သူ ဂျီယာနီ အင်ဖန်တီနို နဲ့ ဒီကနေ့မနက်ပိုင်းကပဲ တိုက်ရိုက် ဆက်သွယ်စကားပြောခဲ့ကြောင်းကိုလည်း ထရမ့်က အခုလို အတည်ပြုခဲ့ပါတယ်။

“ဒီကနေ့မနက်ပိုင်းမှာပဲ ကျွန်တော် ဂျီယာနီနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ သူက တကယ့်ကို အံ့သြစရာကောင်းတဲ့ လူတစ်ယောက်ပါ။ ဖီဖာရဲ့ ဥက္ကဋ္ဌကြီးလည်း ဖြစ်ပါတယ်။ သူ ကိုယ်တိုင်လည်း ကျွန်တော့်ကို ပြောပါတယ်။ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေမျိုး (လက်မှတ်ရောင်းချရမှု စံချိန်တင်အောင်မြင်မှုမျိုး) နဲ့ နီးစပ်တဲ့အခြေအနေမျိုးတောင် သမိုင်းမှာ တစ်ခါမှ မရှိခဲ့ဖူးဘူးလို့ သူက ဆိုပါတယ်။ ကျွန်တော် အရမ်းပဲ ဂုဏ်ယူရပါတယ်”လို့ ထရမ့်က ပြောသွားခဲ့ပါတယ်။