ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရီးရဲလ်မက်ဒရစ်အသင်းက ဒိုင်အိုမန်ဒီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးညှိနှိုင်းမှုတွေ အဆင်ပြေပြီ

July 27, 2026

ရီးရဲလ်မက်ဒရစ်အသင်းဟာ လိုက်ပ်ဇစ်ဂျ် တိုက်စစ်တောင်ပံကစားသမား ဒိုင်အိုမန်ဒီကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးညှိနှိုင်းမှုတွေ အဆင်ပြေသွားပြီလို့ သိရှိရပါတယ်။

ဒိုင်အိုမန်ဒီကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်နဲ့အပြိုင် ပီအက်စ်ဂျီကလည်း ကြိုးစားခဲ့ပြီး ကစားသမားဖြစ်သူဘက်က ပီအက်စ်ဂျီကို ငြင်းပယ်ကာ ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်သွားခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ဒိုင်အိုမန်ဒီ အတွက် လိုက်ပ်ဇစ်ဂျ်ဆီကို ပြောင်းရွှေ့ကြေးပမာဏ ၁၀၂ ဒသမ ၅ သန်းအထိ တိုးမြှင့်ပေးအပ်ကာ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေးညှိနှိုင်းမှုအဆင်မပြေခဲ့တာကြောင့် အဆင်မပြေဖြစ်သွားခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒိုင်အိုမန်ဒီအတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၀၀ ကျော် ပေးရမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဘက်က ကမ်းလှမ်းလိုက်တဲ့ စာချုပ်အမျိုးအစားကို ဒိုင်အိုမန်ဒီက သဘောကျတဲ့အတွက် ပုဂ္ဂိုလ်ရေးဆွေးနွေးညှိနှိုင်းမှုတွေ အထမြောက်သွားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဒိုင်အိုမန်ဒီ ကို စွမ်းဆောင်ရည်အပေါ်မူတည်ပြီး တစ်နှစ်ချင်းအလိုက် အကျိုးခံစားခွင့် တိုးမြှင့်ပေးယ့် စာချုပ်အမျိုးအစား ပေးအပ်လိုက်တာဖြစ်ပြီး လက်ရှိမှာ အခုလို စာချုပ်အမျိုးအစားကို ပိုင်ဆိုင်ခွင့်ရရှိထားတဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားက ဘယ်လင်ဂမ် ဖြစ်ပါတယ်။

ဒိုင်အိုမန်ဒီ ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နွေဈေးကွက်ဖွင့်ချိန်မှာ လာလီဂါကလပ် လီဂါနက်စ်ကနေ လိုက်ပ်ဇစ်ဂျ်ဆီကို ငါးနှစ်သက်တမ်းစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး တစ်ရာသီအပြီးမှာတင် ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို အခုလို ရရှိခဲ့တာဖြစ်ပါတယ်။

ဒိုင်အိုမန်ဒီ နဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်ဆွေးနွေးမှုတွေ အောင်မြင်သွားပြီဖြစ်လို့ နောက်ဆုံးအဆင့်လုပ်ငန်းစဉ်တွေကိုဆောင်ရွက်ပြီးစီးသွားတာနဲ့တပြိုင်နက် ဒိုင်အိုမန်ဒီက ရီးရဲလ်မက်ဒရစ်ကစားသမား ဖြစ်လာပါတော့မယ်။